Main menu
HOT NEWS
adv
လူသားနှင့် ဗြဟ္မစိုရ်

လူသားနှင့် ဗြဟ္မစိုရ်

ကမ္ဘာပေါ်ရှိ လူအပေါင်းတို့သည် ''ရောဂါ မနုဿဒုဗ္ဘိက္ခသမ္ဘူတံတိ ဝိဓံဘယံ'' ဟူသည်နှင့်အညီ အနာရောဂါဘေး၊ လူမဆန်သောသူ အမျိုးမျိုးတို့၏ဘေး၊ ငတ် မွတ်ခေါင်းပါးခြင်းဘေး တည်းဟူသော ဘေး သုံးမျိုးတို့ကြောင့် ကိုယ်၏ ဆင်းရဲခြင်း၊ စိတ် ၏ ဆင်းရဲခြင်းတို့ကို အမြဲတစေ ခံစားနေကြ ရပါသည်။ ငြိမ်းချမ်းမှုကို မရနိုင်ဘဲ ရှိနေကြ ပါသည်။ ထိုဘေးသုံးမျိုးတို့အနက် လူမဆန် သောသူ အချို့တို့၏ဘေးသည် ပို၍ပဓာန ကျပါသည်။

မြတ်စွာဘုရား ပွင့်တော်မမူမီကဆိုလျှင် လူတို့သည် ပုထုဇဉ်တို့၏ ဓမ္မတာအတိုင်း'ကာမ'နှင့်ပတ်သက်လာလျှင် 'မိမိ'ကိုသာ ပထမထား၏။ 'ဓမ္မ'နှင့်ပတ်သက်လာလျှင် လည်း 'မိမိ'ကိုသာ ပထမထား၏။ 'မောက္ခ' နှင့် ပတ်သက်လာလျှင်လည်း 'မိမိ'ကိုသာ ပထမထား၏။ ထို့ကြောင့် ထိုခေတ်ကျင့်စဉ် များကို 'ငါ'ကောင်းစားရေးသာ ပထမဖြစ်သော ကြောင့်'အတ္တပဓာန' ကျင့်စဉ်များဟူ၍ ဆို ရ၏။ မြတ်စွာဘုရား ပွင့်တော်မူသောအ ခါမှသာ'လောကကောင်းစားရေးသာ ပထမ' ဟူသော'အနတ္တပဓာန' ကျင့်စဉ်ကို ဟောကြား တော်မူ၏။ ဟောကြားရုံသာမက ကိုယ်တိုင် လည်း ကျင့်ပြတော်မူခဲ့၏။

လူတို့သည် သူတို့၏ မိသားစုများကို ချစ် ကြ၏။ သို့ရာတွင် မိသားစုအချစ်ကို လွန် လွန်ကဲကဲ မဖြစ်ရအောင် နိုင်ငံနှင့်လူမျိုးကို ချစ်သောစိတ်ဖြင့် ထိန်းနိုင်၏။ နိုင်ငံနှင့်လူ မျိုးအပေါ် ချစ်သောစိတ်ကိုလည်း လွန်လွန် ကဲကဲမဖြစ်ရအောင် လူသားအချင်းချင်းအ ပေါ် ချစ်သောစိတ်ဖြင့် ထိန်းရ၏။ ထိုသို့အ ဆင့်ဆင့် တိုးတက်ကျင့်ကြံရ၏။ မိသားစုအ ပေါ် လွန်လွန်ကဲကဲ ချစ်ရုံသာချစ်တတ်သော ပုဂ္ဂိုလ်တို့ များပြားနေသော နိုင်ငံတစ်နိုင်ငံ မှာ တိုင်းတစ်ပါးတို့၏ စော်ကားခြင်းတို့လည်း ခံရနိုင်၏။ ပျက်စီးကိန်းလည်း ရှိပေ၏။

မေတ္တာသုံးမျိုးတွင် 'ချစ်သူချစ်မေတ္တာ' သည် အစွန်းရောက်မေတ္တာ ဖြစ်၏။ ယင်း၌ မိမိချစ်သူအသာစံရေး ပါဝင်သဖြင့် လောဘ စွန်းသို့ ရောက်၏။ အခြားသူများအပေါ် အဟန့်အတားပြုသဖြင့် ဒေါသစွန်းသို့ ရောက် ၏။ 'မိသားစု ချစ်ခြင်းမေတ္တာ'၌လည်း ထို နည်းတူပင် မိမိ၏မိသားစုအတွက်သာ ဖြစ် လျှင် လောဘစွန်းရောက်၏။ အခြားမိသား စုများအပေါ် ငဲ့ညှာထောက်ထားခြင်း မရှိလျှင် ဒေါသစွန်းသို့ ရောက်၏။ အစွန်းရောက်အ ချစ် ဟူသမျှသည် လောကအတွက် အန္တရာယ် ပင် ဖြစ်၏။ ထို့ကြောင့် လောကကို အန္တရာယ် ပြုခြင်းမှ ကာကွယ်ရန်အတွက် အစွန်းရောက် အချစ်များအပေါ် 'လောကချစ်'ဖြင့် ထိန်းကာ  ကျောင်းရ၏။ လောကချစ်ဟူသည်မှာ ယင်း ၌ 'ငါ'ပါးသည်ထက် ပါး၍လာသောအချစ် ဖြစ်၏။ ထို့အတွက် လောကတွင် မေတ္တာ၊ က ရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ် တရားတို့ ထွန်းကားရန်လို၏။

မုဒိတာဟူသည်မှာ ဗြဟ္မစိုရ်တရားလေး ပါးတွင် တစ်ပါးအပါအဝင်ဖြစ်၏။ လူအချင်း ချင်း ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်တတ်ရန် လို၏။ သို့မဟုတ်ပါက လူကိုလူဟုမမြင်ပဲ ချမ်းသာ သူဟု လည်းကောင်း၊ ဆင်းရဲသူဟု လည်း ကောင်း၊ ကုလားကြီးဟု လည်းကောင်း၊ တရုတ် ကြီးဟုလည်းကောင်း မြင်တတ်၏။ ထိုမြင် မှု၏နောက်တွင် လောဘနှင့်ဒေါသတို့ လိုက် ပါလာပါက ထိုသို့မြင်ခြင်းသည် ပပဉ္စ မျက်စိ ကြောင့် မြင်ခြင်းဖြစ်၏။ ပပဉ္စမျက်စိ ဟူသည် မှာ အတ္တမျက်စိပင် ဖြစ်၏။ လူအချင်းချင်း အတ္တမျက်စိဖြင့် ကြည့်မြင်ပါက ပျော်မွေ့ဖွယ် ကောင်းသော၊ ချမ်းမြေ့ဖွယ် ကောင်းသော၊ ငြိမ်းချမ်းသော အခြေအနေကို ထူထောင်၍ မရနိုင်ခြင်းမှာ မိမိ၏ လက်တွေ့ပင်ဖြစ်၏။ အချုပ်မှာ မိမိ၏ အတ္တပင်ဖြစ်၏။ မိမိ၏ အတ္တ အထူအပါးအပေါ်တွင် မူတည်၍သာ ပြဋ္ဌာန်း သွားကြမြဲ ဖြစ်၏။

ထိုကဲ့သို့ ဗြဟ္မစိုရ်မျက်စိဖြင့် မြင်တတ် ရန်ဆိုသည်မှာ ထိုလောက်မျှသာမက ထိုလူ တစ်ယောက်အတွက် ထို့ထက် ပိုမိုမြင့်မြတ် သော အကျိုးကျေးဇူးများလည်း ရှိသေး၏။ ဗြဟ္မစိုရ်မျက်စိဖြင့် ကြည့်တတ်ခြင်းမှ တစ် ဆင့်တက်၍ သမာဓိÓဏ်မျက်စိဖြင့် ကြည့် နိုင်ပါက လူကို ပုဂ္ဂိုလ်သတ္တဝါအဖြစ် မမြင် တော့ဘဲ ရုပ်နှင့်နာမ်ကိုသာ မြင်ရတော့၏။ ထိုမှတစ်ဆင့်တက်၍ မဂ်Óဏ်မျက်စိဖြင့် ကြည့်နိုင်ပါက ဖြစ်ပျက်တို့ကုန်ဆုံးရာ နိဗ္ဗာန် ကိုသာ မြင်ရတော့၏။ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အထိပ်ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်၏။ ထို နိဗ္ဗာန်ကို မြင်နိုင်ရန်၊ ရောက်နိုင်ရန်အတွက် မိမိ၏ အတ္တသာလျှင် စတင်ပြဋ္ဌာန်းကြောင်း ကို ပြက်ပြက်ထင်ထင် မြင်ရမည်ဖြစ်၏။ အတ္တ ထူသော လူများချည်းသာ ဖြစ်ပါက လောက သည် ပျက်စီးဖို့သာ ရှိပါတော့၏။ ထို့အတွက် လူတိုင်းလူတိုင်း မိမိ၏အတ္တကို ပါးလျသည် ထက်ပါးလျအောင် ဆောင်ရွက်ရန် လိုအပ် ခြင်းဖြစ်၏။

ဗြဟ္မစိုရ် အမြင်သည် မဇ္ဈိမပဋိပဒါကို အခြေခံသဖြင့် ဘဝမှ လွတ်မြောက်ရာချမ်း သာသို့ ဦးတည်၏။ (မြတ်စွာဘုရား မပွင့်မီက ဗြဟ္မစိုရ်သည် မိမိဘဝချမ်းသာရေးသို့ ဦး တည်သော မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ အတ္တ သင်္ဂဟသဘောရှိ၏။) မဇ္ဈိမပဋိပဒါဟူသည် မဂ္ဂင်ရှစ်ပါးဖြစ်ရာ မဂ္ဂင်ဟူသော ဗောဓိပက္ခိယ ဖြစ်သဖြင့် လောကကို ချီးမြှောက်ခြင်း''လောက သင်္ဂဟ'သဘောရှိသဖြင့် လူကိုကြည့်သော အခါ သူဌေး၊ ဆင်းရဲသား၊ တရုတ်၊ ကုလား အစရှိ သဖြင့် ဝိသေသလက္ခဏာအရ မြင် ပြီးနောက် သာမညလက္ခဏာအရ လူကိုလူ အဖြစ်သာ မြင်လေ၏။ လူကိုလူအဖြစ် မြင် ခြင်းသည် ဥပေက္ခာ ဗြဟ္မစိုရ်အတွက် ကြီးစွာ သော အထောက်အပံ့ဖြစ်၏။ ဥပေက္ခာ ဗြဟ္မ စိုရ်အတွက် အထောက်အပံ့ဖြစ်ပါမှ လောက ကိုချီးမြှောက်ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ တို့သည် ရှေ့တော်ပြေးအနေနှင့် ပေါ်လာနိုင် မည် ဖြစ်ပါ၏။

ဗြဟ္မစိုရ်မျက်စိဖြင့် လောကကိုကြည့် ရာတွင် ကာလဓမ္မအရ အချိန်အခါနှင့် အခြေ အနေအရလည်း ကြည့်ရ၏။ ဒေသဓမ္မအရ နိုင်ငံရေးအနေဖြင့်လည်း ကြည့်ရ၏။ ကုလာ စာရဓမ္မအရ လူမျိုးနှင့်လူမျိုး၏ ရိုးရာယဉ် ကျေးမှုအနေဖြင့်လည်း ကြည့်ရ၏။ သီလဓမ္မ အရ စိတ်ဓာတ်စင်ကြယ်မှု အနေဖြင့်လည်း ကြည့်ရ၏။ သမထဓမ္မအရ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု အနေဖြင့်လည်း ကြည့်ရ၏။ ဝိပ ဿနာဓမ္မအရ လောက၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော အနေဖြင့်လည်း ကြည့်ရ၏။ ဤသို့ကြည့်ခြင်းမှာ ဘက်လိုက် သောသဘောမျိုးသို့ သက်ရောက်ခြင်းမရှိ၊ ကျေးဇူးနှင့်ဂုဏ်ကို သိတတ်ခြင်း 'ကတညု တ'သဘောမျိုးသာဖြစ်၏။ ဘက်လိုက်ခြင်း ဟူသည်မှာ ကိလေသာ၏သဘောနှင့် သတ္တိ ဖြစ်၏။ ဘက်လိုက်သောသဘောနှင့် သူ့ကျေး ဇူးဂုဏ်ကို သိခြင်းသဘောသည် အသွင်အား ဖြင့် တူသယောင်ရှိသော်လည်း အနှစ်သာရ အားဖြင့်မူ များစွာခြားနား၏။ ဘက်လိုက်ခြင်း သည် အတ္တအပေါ်၌ အခြေခံ၏။ သူ့ကျေးဇူး နှင့်ဂုဏ်ကို သိခြင်းသည် အနတ္တအပေါ်၌အ ခြေခံ၏။

ပပဉ္စမျက်စိဖြင့် ကြည့်ခြင်းနှင့်(ဗြဟ္မစိုရ် မျက်စိဖြင့် ကြည့်ခြင်းထဲမှ) ဝိသေသလက္ခ ဏာအရ မြင်ခြင်းတို့သည် တူသယောင်နှင့် များစွာ ကွဲပြားလေသည်။ ပပဉ္စမျက်စိဖြင့် ကြည့်သည်ဟူရာ၌ အတ္တဖြင့်ကြည့်ခြင်း ဖြစ် သည်။ သူဋ္ဌေးကြီးပဲ၊ ဆင်းရဲသားပဲ၊ ကုလား ကြီးပဲ၊ တရုတ်ကြီးပဲဟု မြင်ရာ၌ မြင်ပြီးနောက် တွင် မိမိ၏အတ္တအရ လောဘ၊ ဒေါသ၊ မော ဟတို့သည် ကပ်လျက်ဖြစ်ပေါ်လာတတ်၏။ ဝိသေသလက္ခဏာအရ မြင်သည်ဟုဆိုရာ တွင် သြော်သူဋ္ဌေးပဲ၊ ဆင်းရဲသားပဲဟူသည့် အသိအမှတ် ပြုခြင်းလောက်မျှသာ ပါရှိ၏။ အနတ္တကိုအခြေခံ၍ ကြည့်သောအကြည့် ဖြစ်သဖြင့် နောက်ဆက်တွဲလောဘ၊ ဒေါသ တို့ မပါ၊ လောကသင်္ဂဟ သဘောဆောင်သော အမြင်ဖြစ်သဖြင့် သူဋ္ဌေးဖြစ်စေ၊ ဆင်းရဲသား ဖြစ်စေ တန်းတူညီမျှစွာ အကျုံးဝင်သွား၏။ မိမိ၏အတ္တကို ပါးလွှာသည်ထက် ပါးလွှာ အောင် အကြိမ်ကြိမ် လေ့ကျင့်အားထုတ်ထား သော သူများမှသာ ဖြစ်နိုင်ကောင်းပါသည်။

တစ်မျိုးမှတ်ရန် ရှိသည်မှာ လူဖြစ်စေ၊ အရာဝတ­္ထုဖြစ်စ၊ ကာလ၊ ဒေသ၊ ပယောဂ၊ ဥပဓိတို့၏ အချိုးအဆအပေါ်တွင် အခြေပြု ၍ အမျိုးမျိုး ကွဲပြားကြရ၏။ ထို့အတွက် မြေ ဓာတ်ချင်းတူသော်လည်း အချို့ကပတ္တမြား ဖြစ်ပြီး အချို့ကကျောက်ခဲ ဖြစ်ကြရ၏။ ကာ လ၊ ဒေသ၊ ပယောဂ၊ ဥပဓိတို့၏အချိုးအဆ အလိုက် ထင်သာမြင်သာရှိသော ဝိသေသ လက္ခဏာတို့သည် ကွဲပြားသွား၏။ ထင်သာ မြင်သာမရှိသော အချိုးအဆသက်သက်ဖြစ် သည့် သာမညလက္ခဏာသည်လည်း ရှိနေပါ ၏။ ပယောဂဆိုသည်မှာ လှုပ်ရှားမှုဖြစ်၏။ ယင်းလှုပ်ရှားမှု၌ ဆန့်ကျင်ခြင်းနှင့်လိုက် လျောခြင်းဟူ၍ နှစ်မျိုးပါရှိ၏။ ထို့အတွက် စွမ်းအင်ဟူ၍ ခေါ်ရ၏။ လူတို့တွင်လည်း ကာလ၊ ဒေသအပြင် ပယောဂတည်းဟူသော စွမ်းအင်ရှိ၏။ ထိုစွမ်းအင်ဆိုသည်မှာ သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးပါးပင်ဖြစ် ၏။

ဗုဒ္ဓဒေသနာတော်အရ လူ့ဘဝ၏အဓိ ကတာဝန်မှာ သိက္ခာကို စောင့်ထိန်းခြင်းဖြစ် ၏။ သိက္ခာကို စောင့်ထိန်းခြင်းဟူသည်မှာ လောကတွင် အဓမ္မများက ဓမ္မများကိုမလွှမ်း မိုးနိုင်အောင် အားထုတ်ခြင်းဖြစ်၏။ ထိုသို့ အားထုတ်ရန် လူတိုင်း၌ တာဝန်ရှိ၏။ ထိုတာ ဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လူ့လော က၌ လူလာဖြစ်ခြင်းဖြစ်၏။ လူဖြစ်လာလျှင် လူ့တာဝန်ကို ဆောင်ရွက်ရာတွင် မလုပ်သင့် သည်ကို မလုပ်ပဲနေရခြင်းနှင့် လုပ်သင့်သည် ကို လုပ်ရဲခြင်းမှ အစပြုရ၏။ မည်သည့် လုပ် ငန်းများသည် လုပ်သင့်သော လုပ်ငန်းများ ဖြစ်သည်။ မည်သည့် လုပ်ငန်းများသည် မလုပ် သင့်သော လုပ်ငန်းများ ဖြစ်သည်ကို ဆုံးဖြတ် ရာ၌ အတ္တပါးမှုနှင့် အတ္တကြီးထွားမှုတို့ အ ပေါ်တွင် အခြေတည်၍သာ ဆုံးဖြတ်ကြခြင်း ဖြစ်၏။ အတ္တပါးသောအခါတွင် မိမိအတွက် ပစ္စည်းဥစ္စာရရှိမှု 'လောဘ'ကိုလည်း မငဲ့ ကွက်၊ မိမိအတွက် အများ၏အသိအမှတ်ပြု ခံရခြင်း 'သက္တာရ'ကိုလည်း မငဲ့ကွက်၊ မိမိအ တွက် ထင်ပေါ်ကျော်ကြားမှု 'သိလောက' ကို လည်း မငဲ့ကွက်တော့ချေ။

လာဘ၊ သက္တာရ၊ သိလောကတို့ကို မိမိ အတွက် ဦးစားပေး၍ စဉ်းစားခြင်းသည် မိမိ ကိုယ်ကို ချီးမြှောက်ခြင်း အတ္တသင်္ဂဟမည် ၏။ အတ္တသင်္ဂဟဟူသည် လောဘကြီးထွား မှုအပေါ် အခြေခံမှာ ဖြစ်၏။ ထိုသို့မဟုတ်ပဲ လောကကို ချီးမြှောက်ခြင်း 'လောကသင်္ဂဟ' အတွက် အနစ်နာခံပြီး မိမိကိုယ်ကျိုးကိုစွန့် လွှတ်ပါက လူတစ်ယောက်အနေဖြင့် လူ့တာ ဝန်ကို ကျေပွန်စွာထမ်းဆောင်သည် မည်၏။ လူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း သည် လောဘခေါင်းပါးမှုအပေါ် အခြေခံမှ သာ ဖြစ်နိုင်ခြေရှိ၏။ လောဘနည်းပါးလျှင် နည်းနည်း ထမ်းဆောင်နိုင်မည်ဖြစ်၏။ ထို သို့မဟုတ်ဘဲ လူ့တာဝန်ကို နည်းနည်းမျှမ ကျေပွန်ဟု ဆိုပါလျှင် လူမဆန်သောလူ ဟူ၍ သာဆိုထိုက်လှ၏။ လူတိုင်းလူတိုင်းသည် လောကအကျိုးထက် မိမိ၏အကျိုး၊ မိသား စု၏ အကျိုးကိုသာ ဆောင်ရွက်နေမည် ဆိုပါ က ဤလူ့ဘုံသည် ငရဲနှင့်မခြား အမြဲတစေ  ပူ လောင်ဆူပွက်နေပေလိမ့်မည်။

''သိကားသိ၏၊ မကျင့်'' ဟူသကဲ့သို့ မိမိသည်လည်း လူမဆန်သောလူ မဖြစ်စေ ရန် ကြိမ်ဖန်များစွာ လေ့ကျင်ရပေဦးမည်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191