Main menu
HOT NEWS
adv
မိုဘိုင်းလ်ဖုန်းတွေ သုံးရင်း ကောင်းကျိုး ၊ ဆိုးကျိုး ခွဲခြားတတ်ဖို့လိုပြီ

မိုဘိုင်းလ်ဖုန်းတွေ သုံးရင်း ကောင်းကျိုး ၊ ဆိုးကျိုး ခွဲခြားတတ်ဖို့လိုပြီ

ယနေ့ခေတ် လမ်းမထက်တွင် လူအများ မိမိလက်သို့ကြည့်ကာ (သို့မဟုတ်) မိမိနားသို့ လက်ကိုကပ်ကာ သွားလာလှုပ်ရှားနေကြသည်ကိုသင် သတိထားမိပါသလား။

ထိုကဲ့သို့ အပြုအမူများကို သင်ကိုယ်တိုင် နေ့စဉ် ပြုမူလျက်ရှိသည်ကို လည်း သတိထားမိမည်မဟုတ်ပေ။ ယင်းမှာ မိုဘိုင်းဖုန်း အသုံးပြုခြင်းပင်။ ကားများပေါ်တွင်၊ ကားမှတ်တိုင်တွင်၊ လမ်းလျှောက် နေရင်း၊ အိပ်နေရင်း၊ ထမင်းစားနေရင်း ဖုန်း ပြောကြ၊ အင်တာနက်သုံးနေကြသည်။ ဖုန်းကို မျက်လုံးနှင့်မခွာ၊ လိုသည်ထက်ပို၍ အသုံး ပြုနေကြသည်။

ထိုကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် သိသာစွာ တိုးတက်လာခြင်းနှင့်အတူ ပြည်တွင်း အင်တာနက်သုံးစွဲမှုပမာဏမှာလည်း လွန်စွာတိုးတက်လာလျက်ရှိသည်။ တိုင်းပြည်၏ လူဦးရေ ထက်ဝက်ကျော်ခန့်မှာ အင်တာနက် အသုံးပြုနေကြခြင်းဖြစ်ကြောင်း GSMA အဖွဲ့(The GSM Association)၏ လေ့လာ ချက်များအရ သိရသည်။

၂ဝ၁၇ နှစ်ကုန်ပိုင်းတွင် အင်တာနက် အသုံးပြုသူ ၃၉သန်းကျော် (လူဦးရေ၏ ရာခိုင်နှုန်း ၈ဝနီးပါး)အထိရှိလာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် အသက် ၁၅နှစ်မှ ၆၅ နှစ်အကြား လူဦးရေ၏ ရာခိုင်နှုန်း ၄ဝ မှာ မိုဘိုင်းဖုန်း သုံးစွဲသူများ ဖြစ်သည်။ ယင်းတို့အ နက် ၄၇ ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး ၃၃ ရာခိုင်နှုန်းမှာ အမျိုးသမီးသုံးစွဲသူများဖြစ် သည်ဟု GSMA စစ်တမ်းက ဖော်ပြထား သည်။

စမတ်ဖုန်းများကြောင့် ဆက်သွယ်မှုပိုမို လွယ်ကူလာသည်။ လက်ဖဝါးအရွယ်ပင်ရှိသည့် စမတ်ဖုန်းများမှတစ်ဆင့် စကားပြောဆိုခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း၊ ဈေးဝယ်ခြင်း၊ စာဖတ်ခြင်း၊ မိတ်ဆွေရှာခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း အစရှိသည့် ကောင်းမွန်သည့် လုပ် ဆောင်ချက်များ ပြုလုပ်နိုင်သည်။  သို့သော် ယနေ့ခေတ်ပြည်သူများသည် လူမှုကွန်ရက်များဖြစ်ကြသည့် Facebook, Viber, Beetalk, WeChat အစရှိသည်များ နှင့်သာ အချိန်ကုန်၊ ငွေကုန်လျက်ရှိကြသည်။

''အခုနောက်ပိုင်း အများစုက ဖုန်းသုံးရင် ဖုန်းပြောတာထက်၊ အင်တာနက်အသုံး ပြုတာက ပိုများတယ်။ အဓိကကတော့ စမတ် ဖုန်းတွေပဲ။ စမတ်ဖုန်းတွေအသုံးပြုတာ တိုး တက်လာတာကြောင့် အင်တာနက်အသုံးပြု တာတွေ တိုးတက်လာတာ''ဟု ဝက်ဘ်မန်နေ ဂျာတစ်ဦးဖြစ်သူ ဦးဘုန်းမြတ်က ပြောသည်။

ယင်းကြောင့် မိုဘိုင်းလ်ဒေတာ အသုံး ပြုမှု တိုးတက်လာခြင်းမှာ စမတ်ဖုန်းအသုံးပြုမှု တိုးတက်လာခြင်းနှင့် တိုက်ရိုက် အချိုးကျ ကြောင်း သိရသည်။ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ရာခိုင်နှုန်း ၇ဝမှာ စမတ်ဖုန်း များသာ အသုံးပြုကြောင်ွးှဗြ စစ်တမ်း များအရ သိရသည်။

မြန်မာနိုင်ငံအနေနှင့် ကမ္ဘာတွင် စမတ် ဖုန်းပိုင်ဆိုင်မှု အချိုးမြင့်သည့်စာရင်းတွင် ပါ ဝင်လျက်ရှိကာ အာရှဒေသအတွင်း နိုင်ငံများ နှင့် နှိုင်းယှဉ်ပါက တောင်ကိုရီးယားတွင် ၈၈ ရာခိုင်နှုန်း၊ မလေးရှားတွင် ၆၅ ရာခိုင်နှုန်း၊ တရုတ်တွင် ၅၈ ရာခိုင်နှုန်း၊ ဂျပန်တွင် ၃၈ ရာခိုင်နှုန်း၊ ဗီယက်နမ်တွင် ၃၅ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားတွင် ၂၁ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် တွင် ၂၂ရာခိုင်နှုန်း ရှိသည့်အတွက် မြန်မာ နိုင်ငံ၏ စမတ်ဖုန်းပိုင်ဆိုင်မှုမှာ မြင့်တက်လျက် ရှိကြောင်း သိရသည်။

''ဖုန်းပြောတာထက် အင်တာနက်သုံးဖြစ် တာ ပိုများတယ်။ ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်း တွေနဲ့ စကားပြောတယ်။ ဓာတ်ပုံတွေကြည့်တယ်။ အွန်လိုင်းရှော့ပင်းတွေ လိုက်ကြည့်တယ်။ ဖေ့စ်ဘွတ်ခ်ကို နေ့တိုင်းသုံးပါတယ်။ ဘေလ်က တစ်ရက်ဘယ်လောက်နှုန်းကုန်လဲ ဆိုတာတော့ သိပ်သတိမထားမိဘူး။ သုံးတာ ကတော့ အားရင်အားသလိုသုံးဖြစ်ပါတယ်''ဟု မြန်မာစာ ပထမနှစ်ကျောင်းသူတစ်ဦးဖြစ် သူ မသဇင်မင်းက ပြောကြားသည်။

မိုဘိုင်းဖုန်း အမှန်တကယ်သုံးစွဲသူများ မှာ တစ်လလျှင် ကျပ် ၅ဝဝဝဝ ကုန်ကျနိုင်ကာ သာမန်သုံးစွဲသူများတွင် တစ်လ ကျပ် ၃ဝဝဝဝ ခန့်ကုန်ကျနိုင်ကြောင်း သိရသည်။  သို့သော် သာမန်လက်လုပ်လက်စား တစ်ယောက်လျှင် ဖုန်းဘေလ် တစ်လလျှင် ပျမ်းမျှငွေကျပ် သုံးထောင်မှ ကျပ်ငါးထောင် အတွင်းသာ ကုန်ကျကြောင်း သိရသည်။

''ကျွန်တော်က ကီးပက်ပဲကိုင်တာဆို  တော့ အင်တာနက်သုံးလို့မရဘူး။ သုံးလဲမသုံးတတ်ပါဘူး။ အိမ်ကသား သုံးနေတာတော့တွေ့တယ်။ ဖုန်းကလဲ အမြဲတမ်း ပြောတာမဟုတ်ပါဘူး။ တစ်ခါတလေ အလုပ်ကိစ္စလိုအပ်လာရင် ကိုယ့်ဘက်ကခေါ်တယ်။ တစ်ခါတလေ သူတို့ဘက်က ခေါ်တယ်။ ဒီလောက်ပါပဲ။ ဖုန်းဘေလ်က တစ်လကို တစ်ကတ်ပဲထည့်တာ'' ဟု ပန်းရန်သမားတစ်ဦးဖြစ်သူ ဦးအောင် မောင်းက ပြောသည်။

သာမန်ဝန်ထမ်းတစ်ဦးလျှင် တစ်လလျှင် ဖုန်းဘေလ် ကျပ် ၅ဝဝဝမှ ကျပ် ၁၅ဝဝဝ အထိ ကုန်ကျနိုင်ကာ လူတစ်ဦးတွင် တစ်နှစ် လျှင် ငွေကျပ် ၆ဝဝဝဝ မှ ၁၈ဝဝဝဝ အထိ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

''ဖုန်းကို ဦးစားပေးအသုံးပြုတဲ့သူတွေက အဲ့ထက်ပိုပြီး ကုန်ကျနိုင်တယ်။ ဥပမာ- ကုမ္ပဏီပြန်ကြားရေးဌာနမှာ အလုပ်လုပ်တဲ့သူတွေ၊ ဧည့်လမ်းညွှန်တွေလိုမျိုးပေါ့။ အချိန်ပြည့် ဖုန်း နဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေရတဲ့သူမျိုးပေါ့'' ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း မှ ဦးထွန်းသူရသက်က ပြောကြားသည်။

မိုဘိုင်းဖုန်းအား ဦးစားပေး အသုံးပြုသူ များမှာ တစ်လလျှင် ပျမ်းမျှ ကျပ်နှစ်သောင်းမှ လေးသောင်းကြား ဖုန်းဘေလ်ကုန်ကျနိုင်ကာ ပျမ်းမျှ တစ်ရက်လျှင် တစ်ထောင်နှုန်းဖြင့်ကုန် ကျပြီး တစ်နှစ်လျှင် ကျပ် ၂၄ဝဝဝဝ မှ ၄၈ဝ, ဝဝဝ အထိ ကုန်ကျမည်ဖြစ်ကြောင်း သိရ သည်။  အခြေခံလူတန်းစားများ၏ လုပ်ခလစာ မှာ တစ်သိန်းခွဲနှင့် နှစ်သိန်းအကြားတွင်ရှိနေ သည့်အတွက် အဆိုပါဖုန်းဘေလ် နှစ်သောင်း မှ သုံးသောင်းကြားမှာ လုပ်ခလစာ၏ ၁၅ ရာခိုင်နှုန်းဝန်းကျင်၌ပင် ရှိနေသည်။

''အင်တာနက်သုံးစွဲမှု မြင့်တက်မတက် ဆိုတာ ဖုန်းဘေလ်ကနေ ကောက်ခံရရှိတဲ့ ဖုန်းဘေလ်ခွန်ကို ကြည့်တာနဲ့ သိနိုင်တယ်။ ရောင်းချရတဲ့ ဆင်းမ်ကတ်များတာက လူတစ် ယောက်ကို ဖုန်းကတ်နှစ်ကတ်သုံးကတ် ကိုင် လို့။ ဒါပေမဲ့ အင်တာနက်သုံးစွဲမှု မြင့်တက်လာ တာကတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ သုံး စွဲမှု မြင့်တက်လာလို့''ဟု ဆက်သွယ်ရေးလုပ် ငန်းမှ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း  ဖုန်းဘေလ်ခွန် စုစုပေါင်း ကျပ် ၈၇ ဒသမ ၁၃ ဘီလီယံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။ ဖုန်းဘေလ် ခွန်ကို ၂ဝ၁၆ ဧပြီ ၁ရက်မှ စတင်ကောက်ခံ ခဲ့ခြင်းဖြစ်ပြီး ယင်းပမာဏမှာ ၂ဝ၁၇ မတ် ၃၁ ရက်အထိ ကောက်ခံရရှိခဲ့သောပမာဏ ဖြစ်သည်။ ၂ဝ၁၇ ခုနှစ် မတ်လအတွင်း ကောက် ခံရရှိခဲ့သော ဖုန်းဘေလ်ခွန်ပမာဏမှာ ကျပ် ၉ ဒသ မ ၉၅ဘီလီယံဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွင်း၌ ကောက် ခံ ရရှိခဲ့သော ဖုန်းဘေလ်ခွန်ပမာဏအရ ပြန် လည်အချိုးချကြည့်ပါက လစဉ်ပျမ်းမျှရရှိခဲ့ သောပမာဏမှာ ကျပ် ၇ ဒသမ ၂ ဘီလီယံ ခန့်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် အတွင်း ရရှိခဲ့သော ဖုန်းဘေလ်ခွန်ပမာဏမှာ စုစုပေါင်း ကျပ် ၅၉ ဒသမ ၉၅ဘီလီယံ ရရှိခဲ့ ကြောင်း သိရသည်။

ယနေ့ခေတ်တွင် လူမှုကွန်ရက်စာမျက် နှာအသုံးပြုမှုများအား အင်တာနက်အသုံးပြု ခြင်းဟု အထင်အမြင်မှားမှုများရှိနေကာ မြန် မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူ စုစုပေါင်း ၉၆ ရာခိုင်နှုန်းမှာ လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်အား အသုံးပြုလျက်ရှိကြောင်း သိရသည်။

''ဖုန်းနဲ့ပဲ သုံးကြတာများတယ်။ PC တွေ နဲ့သုံးတာလဲ နည်းလာတယ်။ ပြီးတော့ google လို တကယ်အသုံးဝင်တာတွေလဲ သိပ်မသုံး ကြတော့ဘူး။ Youtube ဆိုရင်လဲ ရုပ်ရှင်တွေ၊ သီချင်းတွေကြည့်ဖို့၊ ဒေါင်းဖို့လောက်ပဲ သုံး ကြတယ်။ တကယ်အသုံးဝင်တာတွေကို မသိ ကြတာလား၊ မသုံးတာလားတော့ မသိဘူး''ဟု ဆော့ဖ်ဝဲလ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ ကိုမြတ်မင်း ပြောသည်။

အင်တာနက်အလွန်အကျွံသုံးစွဲမှုကြောင့် အလုပ်ပျက်မှုများ၊ အစားအသောက်ပျက်မှုများ၊ အိပ်ရေးပျက်မှုများ ရှိလာကာ မလိုအပ်သည့် ထိခိုက်မှုများ ကြုံတွေ့ကြသူများရှိသလို အင်တာနက်သုံးစွဲမှုအတွင်းမှ ဗဟုသုတ ရှာ ဖွေရယူသူများ၊ ကောင်းမွန်သည့်အကျိုးရလဒ်များအား ရှာဖွေသူများလည်း ရှိနေကြောင်း သိရသည်။

''လူမှုကွန်ရက်ကိုပဲ အင်တာနက်လို့ ထင်ပြီး သုံးတာက ရှာယူရင်တော့ ကောင်းကျိုး တွေ ရှိနေပေမယ့် အခုနောက်ပိုင်းတော့ ဆိုးကျိုးများလာတာကို တွေ့ရတယ်။ သတင်း အမှားတွေ၊ အမုန်းစကားတွေ၊ လိင်ညစ်ညမ်းတာတွေ၊ ဝါဒဖြန့်တာတွေက လူမှုကွန်ရက် စာမျက်နှာတိုင်းမှာ ရှိနေတယ်။ ဒါတွေကို ခွဲခြမ်းစိတ်ဖြာတတ်ပြီး ကောင်းတာတွေပဲယူ တတ်ရင်တော့ အင်တာနက်အသုံးပြုမှု မြင့် တက်လာတာက ကောင်းကျိုးဖြစ်လာနိုင်တယ်။ ဆိုးကျိုးတွေပဲယူတာများလာရင်တော့ ကောင်း တဲ့အခြေအနေတော့ မဟုတ်ဘူး''ဟု ¤င်းက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ အချိန်ကုန်၊ ငွေကြေးကုန် ကျမှု များပြားနေသည့်အတွင်းမှ မြင့်တက် လျက်ရှိသည့် မိုဘိုင်းအင်တာနက်သုံးစွဲမှုမှာ အကောင်းနှင့်အဆိုး ဒွန်တွဲလျက်ရှိပြီး သုံးစွဲ သူများအနေနှင့် မည်သည့်အကျိုးရလဒ်အား ရှာဖွေရယူမည် ဆိုသည်မှာတော့...။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191