Main menu
HOT NEWS
adv
အနောက်နိုင်ငံတို့၏ နွေးထွေးသော လက်ကမ်းကြိုဆိုမှုနှင့်အတူ ရလဒ်ကောင်းများရရှိနေသော မြန်မာ့တပ်မတော်

အနောက်နိုင်ငံတို့၏ နွေးထွေးသော လက်ကမ်းကြိုဆိုမှုနှင့်အတူ ရလဒ်ကောင်းများရရှိနေသော မြန်မာ့တပ်မတော်

ယခင်က နိုင်ငံတကာမှ ဖယ်ကြဉ်ခံရသလိုရှိနေသော မြန်မာ့တပ်မတော် မှာ ယခုဆိုလျှင် အနောက်နိုင်ငံတို့မှ နွေးထွေးစွာ လက်ကမ်းကြိုဆိုမှု များ တိုးပွားလာသကဲ့သို့ ပြည်တွင်းတွင်လည်း အများပြည်သူတို့၏ ထောက်ခံအားပေးမှုကို ရရှိနေပြီဖြစ်ပါသည်။ ထိုအကြောင်းနှင့်ပတ်သက် THE I DIPLOMAT သတင်းဌာနတွင် ဆောင်းပါးရှင် Ben Dunant က It’s Good to Be the Tatmadaw ခေါင်းစဉ် ဖြင့် သုံးသပ်ရေးသားထားမှုကို ကောက်နုတ်ဖော်ပြရမည်ဆိုလျှင် . . .

မတ် ၂၄ ရက်က 'ပြည်ထောင်စုသစ္စာ'ဟူသောစစ်ကား မဟာ ရုပ်ရှင်ဇာတ်ကားကြီးကို ရုပ်ရှင်ဝါသနာအိုးတို့အတွက် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသခဲ့ပါသည်။ ပြည်ထောင်စုသစ္စာသည် စစ်မြေပြင်မှ မြန်မာ့သားကောင်း စစ်သည်တို့က နိုင်ငံကာကွယ်ရေးအတွက် ရဲစိတ်ရဲမာန်အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပုံကို တခမ်းတနား ရိုက်ကူးတင်ဆက်ထားသော ဇာတ်ကားမဟာလည်း ဖြစ်သည်။

ထိုအတောအတွင်း မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျာမန်စစ်တပ်၏ဖိတ်ကြားမှုဖြင့် ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွား ရောက်ခဲ့ပါသည်။ သူ၏ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသည် သြစတြေးလျနိုင်ငံသို့ ခရီးတထောက်ဝင်ရောက်ခဲ့ပါသေးသည်။ သြစ တြေးလျတွင် ဂုဏ်ပြုတပ်ဖွဲ့က တခမ်းတနား  ကြိုဆိုခဲ့ကြသကဲ့သို့ သြစတြေးလျစစ်တပ်အ ကြီးအကဲကလည်း ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းကာလဖြစ်သည့် ၂ဝ၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်က ဂရုတစိုက်နှင့် နိုင်ငံရေး လျှော့ပေါ့မှုများကို စတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ရလဒ်အဖြစ် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံ၏အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ အောင်ပွဲခံခဲ့ပါသည်။

အသက် ၆ဝ အရွယ်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြားသော မြန်မာစစ် ဗိုလ်ချုပ်ကြီးများထက် အသက်ငယ်ရွယ်သူ လည်း ဖြစ်ပါသည်။ လက်ရှိတွင် မြန်မာ့တပ် မတော်က လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားသကဲ့သို့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ ယခင် စစ်တပ်အကြီးအကဲများလက်ထက်က နိုင်ငံတကာဆက်ဆံရေးတွင် အထီးကျန်သလို ဖြစ်နေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်လက်ထက်တွင်မူ နိုင်ငံရပ်ခြားတွင် အီးယူစစ်တပ်အကြီးအကဲများနှင့် တရင်းတနှီး ရှိကာ နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် သူ၏ ပုံရိပ်ကို ထွန်းလင်းတောက်ပစေခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီးယူမူဝါဒရေး ဆွဲသူတို့ကလည်း မြန်မာနိုင်ငံတွင် မြန်မာ့တပ် မတော်သာ သြဇာအရှိန်အဝါ အကြီးမားဆုံး အဖွဲ့အစည်းဖြစ်ကြောင်း အသိအမှတ်ပြု လက် ခံခဲ့ကြပါသည်။

၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို စတင်ရုပ်သိမ်းပေး ခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံတို့က မြန်မာ နိုင်ငံတွင် သူတို့၏သံရုံးများကို ပြန်လည်ဖွင့် လာခဲ့ကြသည်။ အနောက်အုပ်စုက ထိုစဉ်က အရပ်သားအစိုးရနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့ သည့်အပြင် ပံ့ပိုးကူညီမှုများနှင့် နည်းပညာ အကူအညီများကို ပေးခြင်းအားဖြင့် မြန်မာ နိုင်ငံ၏ ပထမဦးဆုံးသော ယုံကြည်စိတ်ချရ သည့် ရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ်တွင် ပေါ် ပေါက်လာစေခဲ့သည်။ ထိုသို့သော အနောက် နိုင်ငံတို့၏ ကူညီမှုများကဲ့သို့ပင် အလားတူ ဆွဲဆောင်မှုဖြင့် မြန်မာ့စစ်တပ်အား သူတို့၏ သက်တမ်းရှည်ကြာနေသော အာဏာရှင်အ လေ့အကျင့်ကို စွန့်လွှတ်ရန် ဖျောင်းဖျဆွဲဆောင် ကောင်း ဆွဲဆောင်နိုင်ဖွယ်ရာရှိမည်ဟု ယူဆ နေခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ဥရောပ သမဂ္ဂ စစ်တပ်ကော်မတီ တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့သည်။ သူ၏မိန့်ခွန်းတွင် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမွှမ်းတင်ပြောကြားခဲ့သကဲ့သို့ ယင်းသည် နိုင်ငံအုပ်ချုပ်မှုတွင် စစ်တပ်နှင့် အရပ်သားအစိုးရအကြား ဟန်ချက် ညီ ရှိစေရေးအတွက်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ မူဆလင်တို့နှင့်ပတ်သက်၍ တပ်မတော်၏သဘောထားကို ရှင်းလင်းစွာ ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘရပ်ဆဲလ်မှနေ၍ အီတလီသို့ ဆက်လက် ထွက်ခွာသွားခဲ့ပါသည်။ အီတလီတွင် သံချပ် ကာ ကားများနှင့် ဂျက်တိုက်လေယာဉ်များ ထုတ်လုပ်ဖြန့်ချိသည့် ARIS နှင့် Leonardo ကုမ္ပဏီများသို့ သွားရောက်လှည့်လည် ကြည့် ရှုခဲ့ပါသည်။

မြန်မာနိုင်ငံသည် လက်ရှိအချိန်အထိ အီးယူနှင့် အမေရိကန် ပြည်ထောင်စုတို့က လက်နက်ကုန်သွယ်ခွင့် ပိတ်ပင်ထားဆဲရှိသည်။ ယင်းကြောင့်ပင် မြန်မာနိုင်ငံက အစ္စရေးနိုင်ငံ ဘက်သို့ ဦးလှည့်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် နှောင်း ပိုင်းတွင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီ မှုတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံနှင့် ဂျေအက်ဖ်(၁၇) ဂျက် တိုက်လေယာဉ်များ တည်ဆောက်ခွင့်လိုင်စင် ကို စေ့စပ်ညှိနှိုင်းမှုပြုလျက်ရှိသည်။ ယခုဆို လျှင် မြန်မာ့တပ်မတော်က နှစ်ပေါင်း ၂ဝ မျှ မှီခိုအားထားခဲ့ရသော တရုတ်နိုင်ငံနှင့် ကင်း ကွာလာပုံလည်း ရလျက်ရှိပါသည်။

ထိုအတောအတွင်း ဗြိတိန်နိုင်ငံက မြန် မာ့တပ်မတော်၏ စိတ်အားထက်သန်မှုကို လမ်း ဖွင့်ပေးရန် အနောက်အုပ်စုကို ဦးဆောင်လျက် ရှိသည်။ ၂ဝ၁၄ ခုနှစ် အစောပိုင်းလောက်မှ စတင်၍ ယူနိုက်တက်ကင်းမ်ဒမ်းကာကွယ်ရေး တက္ကသိုလ်က မြန်မာ့တပ်မတော်အရာရှိများ အတွက် ရက်သတ္တနှစ်ပတ်ကြာ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အီးယူစစ်တပ် အကြီးအကဲတို့က မြန်မာနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးများကို ဂုဏ်ပြုညစာများ တည်ခင်း ဧည့်ခံနေချိန်တွင် အမေရိကန်ပြည်ထောင်စု ကတော့ မြန်မာ့တပ်မတော်ကို တိုက်ရိုက်ပတ် သက်ဆက်ဆံရန် တုံ့ဆိုင်းနေဆဲပင် ရှိနေပါ သေးသည်။

၂ဝ၁၂ ခုနှစ် မေလအတွင်း ထိုစဉ်က အမေရိကန်ပြည်ထောင်စု၏ ကာကွယ်ရေး ဝန်ကြီး လီယွန်ပါနက်တာသည် အာရှကာ ကွယ်ရေးအကြီးအကဲများနှင့် တွေ့ဆုံရာတွင် အမေရိကန် အစိုးရအနေနှင့် မြန်မာ့တပ်မ တော်နှင့် ဆက်ဆံရေး ပြန်လည်ရှင်သန်စေရေး အတွက် စစ်တပ်ချင်း ဆက်ဆံရေးဖော်ဆောင် သွားရန် စိတ်ဝင်စားမှုရှိကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု ၏ ပြည်တွင်းရှိ ဥပဒေရေးရာ ခက်ခဲကျပ် တည်းမှုများကမူ ထိုကဲ့သို့လုပ်ဆောင်ရန် အေး စက်စက်နိုင်သလို ရှိနေပါသည်။ ဆိုရလျှင် လက်ရှိအချိန် အမေရိကန်ပြည်ထောင်စုနှင့် မြန်မာ့တပ်မတော်တို့၏ ဆက်ဆံရေးကိုကြည့် လျှင် အလယ်အလတ်နှင့် အဆင့်မြင့် တပ်မ တော်အရာရှိအချို့ လာရောက်လည်ပတ်မှုနှင့် လေ့ကျင့်ရေးသင်တန်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကဲ့သို့သော အဆင့်ထက် ကျော်လွန်ခြင်း မရှိသေးသည်ကို တွေ့ကြရပါသည်။

သို့ရာတွင် အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှရှိ ၄င်း၏လုံခြုံ ရေးဆိုင်ရာ မဟာမိတ်အဖွဲ့တွင် ပါဝင်လာစေမည့် ကြိုးပမ်းမှုမျိုးကို လုပ်ဆောင်ခဲ့သည်။ ၂ဝ၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သော အမေရိကန် ဦးဆောင်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပထမဦးဆုံးအကြိမ်အဖြစ် မြန်မာ့တပ် မတော်က လေ့လာအကဲခတ်သူအနေ နှင့် ပါဝင်ခဲ့သည်။ လွန်ခဲ့သည့်နှစ် ဒီဇင် ဘာလ အမေရိကန်ပြည်ထောင်စုက ဦး ဆောင်စီစဉ်ကာ မြန်မာနိုင်ငံတွင် ကပ် ဘေးဒုက္ခ ကြိုတင်ပြင်ဆင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ မည်သို့ဆိုစေ အမေရိကန်ပြည်ထောင်စု ၏ အဆိုပါလှုပ်ရှားမှုများသည် ဒေသ တွင်း၌ ပိုမိုကြီးမားသော ¤င်း၏မဟာမိတ် အုပ်စု တည်ဆောက်ရေး ကြိုးပမ်းမှုကို မီးမောင်းထိုးပြနေပြီး ယင်းသည် တရုတ် နိုင်ငံကို ဆန့်ကျင်တုံ့ပြန်လိုသည့်သဘော ထားဆန္ဒလည်း ဖြစ်သည်။

နှစ်ပတ်လည် တပ်မတော်နေ့အခမ်း အနားကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်၏ အဓိက ဦးစားပေး ရည်မှန်းချက်များကို သူ၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွား ခဲ့ပါသည်။ မြန်မာ့တပ်မတော်ကို ၂၁ ရာစု ခေတ်သစ်စစ်ပွဲအတွက် အရည် အချင်းပြည့်ဝသည့် တပ်မတော်ကြီးဖြစ် အောင် စီမံဆောင်ရွက်ထားကြောင်း ပြော ကြားခဲ့သကဲ့သို့ နိုဝင်ဘာလက ဘရပ် ဆဲလ်၌ မိန့်ခွန်းပြောကြားရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးက မြန်မာ့တပ်မတော်ကို အဆင့်အတန်းရှိသော ခေတ်မီတပ်မတော် ကြီးဖြစ်လာရေးဆိုသည့် သူ၏ စိတ်ကူး အိပ်မက်ကိုပါ ထည့်သွင်းပြောကြားသွား ခဲ့ပါသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ အနေအထားမှာ အစစအရာရာ အသား ကျမှု မရှိသေးသည့် အနေအထားမှာပင် ရှိနေပါသေးသည်။ ထိုသို့သောအချိန်မျိုး တွင် နိုင်ငံ၏အမျိုးသားရေးတွင် ပါဝင် လျက်ရှိနေသည့် တပ်မတော်အနေအထား မှာ ယခင်ကထက်ပို၍ တည်ငြိမ်စွာရှိနေ သည့် အနေအထားမျိုး ဖြစ်သည်။ ဆိုရလျှင် လက်ရှိတပ်မတော်နှင့် နိုင်ငံခြား ဆက်ဆံရေးတွင် တိုးတက် ကောင်းမွန် လျက်ရှိနေသည့် အနေအထား၊ တပ်မ တော်က အရပ်သားအစိုးရနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်မှုပြုနေသည့် အနေအ ထား၊ ရခိုင်ပြည်နယ် အကြမ်းဖက်တိုက် ခိုက်မှုပြဿနာအပေါ် တပ်မတော်၏ကိုင် တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ပြည်သူ လူထု၏ အခိုင်အမာ ထောက်ခံအားပေး မှုရရှိသည့် အနေအထား စသည်တို့မှာ မြန်မာ့တပ်မတော်အတွက် အကျိုးတစ်စုံ တစ်ရာ ဖြစ်ထွန်းလျက်ရှိသည့် ရလဒ်များ ပင်ဖြစ်ပါသည်....။    

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191