Main menu
HOT NEWS
adv
အဆိုး သံသရာ မလည်အောင်

အဆိုး သံသရာ မလည်အောင်

ထိုင်းက အလုပ်သမားဥပဒေသစ်ကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းကနေထောင်သောင်း ချီထွက်ပြေးကြတဲ့သတင်းက ဇွန်လကုန် ဇူလိုင်လဆန်း ပိုင်းမှာ မြန်မာနဲ့ထိုင်းသတင်းမီဒီယာတွေကို လွှမ်းမိုးထား လိုက်တယ်။

၂ဝ၁၄ ခုနှစ် အခုထိုင်းစစ်ကောင်စီအစိုးရ တက်ခါစတုန်းက ထောင်သောင်းချီတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေ အခုလိုပဲအစုလိုက်အပြုံလိုက်ထွက် ပြေးခဲ့ကြတဲ့ သတင်းနဲ့သတင်းဓာတ်ပုံတွေ ပြန်မြင်ယောင် ပြီး ဒီတစ်ကြိမ်တော့ မြန်မာ အလှည့်ကျပြန်ပေါ့လို့တွေးမိ လိုက်သေးတယ်။ ဟိုတစ်ကြိမ် ကမ္ဘောဒီးယားတွေ အစုလိုက်အပြုံလိုက်ပြန်ကြတာ သူ့အစိုးရကပြန်ခေါ်လို့ဖြစ်ပြီး ဒီတစ်ကြိမ် မြန်မာအလုပ်သမားတွေပြန်ပြေးတာက တော့ အဓိကက ထိုင်းအလုပ်ရှင်တွေက အာမ မခံတော့လို့ ဖြစ်တယ်။

ထိုင်းအလုပ်သမားဥပဒေသစ်အရ အထောက် အထားမရှိတဲ့ အလုပ်သမားတွေကို လက်ခံထားတဲ့အလုပ်ရှင်ကို ဒဏ်ငွေ ဘတ်လေးသိန်း၊ ထောင်ဒဏ်လေးနှစ် လောက်အထိ အနိမ့်ဆုံးချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထား တော့ သူတို့လည်း ဒီပြစ်ဒဏ်တွေကြောက်ပြီး အလုပ်သမားတွေကို လက်မခံ၊ အာမမခံနိုင်တော့ဘဲ ပြန်ကြလို့ မီးစိမ်းပြလိုက်လို့ပဲဖြစ်ပါတယ်။ တစ်ခါအထောက်အထား ရှိပေမယ့် အချက်အလက်လွဲနေတဲ့မြန်မာအလုပ်သမား တွေလည်း ထိုင်းရဲကဖမ်းမှာကြောက်ပြီး ပြန်ထွက်ပြေးခဲ့ ကြတယ်။

ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား တွေကိုင်ထားတဲ့လက်မှတ်တွေကစုံတယ်။ သာမန်နိုင်ငံ ကူးလက်မှတ်၊ ယာယီနိုင်ငံကူးလက်မှတ်၊ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်၊ ထိုင်းက ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်၊ ဘာမှကိုင်မထားတဲ့ အထောက်အထားမရှိတဲ့သူတွေ၊ ဒီလိုစုံသလို လက်မှတ် တွေပေါ်ပါတဲ့ အချက်အလက်တွေကလည်းလွဲနေတာက အများစု၊ လုပ်နေတဲ့အလုပ်က စိုက်ပျိုးရေးခြံမှာ လက်မှတ် ပေါ်မှာက ပန်းရန်၊ အလားတူ အလုပ်ရှင်နာမည်ဆိုတာက လည်း လွဲလိုက်တာမှ ချင်းမိုင်မှာလုပ်နေတဲ့သူရဲ့ သူဌေး လိပ်စာကမဲဆောက်။

ဒီလိုရှုပ်ထွေးနေတဲ့လက်မှတ်ပေါ်ပါ အချက်အလက်တွေကို အခုထိုင်းအစိုးရရဲ့ ဥပဒေ သစ်ကလက်မခံဘဲ ဖမ်းမယ်ဆီးမယ်လုပ်တော့ အလုပ် ရှင်လည်းကြောက်၊ အလုပ်သမားလည်းကြောက်ပြီးထွက် ပြေးကြတဲ့ဆီရောက်ကုန်ကြတာပါပဲ။ တကယ်တမ်းကျ ထိုင်းအစိုးရရဲ့အဓိကပစ်မှတ်က ရွှေ့ပြောင်းအလုပ် သမားတွေအပေါ် လုပ်စားနေတဲ့ပွဲစား၊ အေဂျင်စီတွေနဲ့ လူမှောင်ခိုတွေဖြစ်ပေမယ့် တကယ်တမ်း ကြားကခါးနာရ တာကတော့ အလုပ်သမားတွေပဲဖြစ်တယ်။

မြန်မာအလုပ်သမားတွေ အစုလိုက်အပြုံလိုက်ထွက် ပြေးတော့ ထိုင်းအစိုးရရော မြန်မာအစိုးရပါပျာယီးပျာယာဖြစ်ကုန်ကြပြီး တာဝန်ရှိသူတွေ တွေ့ဆုံစကားပြောကြ၊ ညှိနှိုင်းကြနဲ့ ထိုင်းရဲက ဖမ်းဟယ်ဆီးဟယ်လုပ်တာ တွေ ခဏတော့ငြိမ်ကျ သွားတယ်။ မြန်မာအလုပ်သမား ဝန်ကြီးဌာနရဲ့ ဇူလိုင် ၅ ရက်သတင်းစာရှင်းလင်းပွဲအရ အဲဒီရက်ပိုင်းမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်သစ်တို့တွေ့ကြတော့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းအစိုးရကို မြန်မာအလုပ် သမားကိစ္စ ညင်ညင်သာသာကိုင်တွယ်ဖို့ သတင်းစကား ပါးတယ်လို့သိရတယ်။

အလုပ်သမားပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကလည်း ထိုင်းသံအမတ်သစ်နဲ့တွေ့ပြီး အလားတူပြောဆိုလိုက်ကြတော့ သူတို့တွေ့ခဲ့ကြတဲ့ ဇွန် ၃ဝ ရက်မှာပဲ ထိုင်းဘက်က စတင်ဖြေလျှော့ပေးလာတယ်။ ဥပဒေသစ်ကို ရက် ၁၂ဝ  ဆိုင်းငံ့မယ်လို့ပြောလာပြီး အဲဒီနောက် ခြောက်လဆိုင်းငံ့မယ်ဆိုတဲ့အထိ ကြေညာချက်တွေ တရစပ်ထွက်ပေါ်တယ်။ နယ်စပ်မှာ ထွက်ပြေး နေကြသူတွေလည်း ထွက်ပြေးနေတုန်း အခြေအနေဖြစ်ခဲ့တယ်။ ဖြစ်ပြီးတာအသာထားပြီး နောင်အလားတူ မဖြစ် အောင် ဘယ်လိုလုပ်ကြမလဲ။

မြန်မာအလုပ်သမားဝန်ကြီးဌာနဘက်ကတော့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်မယ်။ လတ်တလော သူတို့ထုတ်ပေးနေတဲ့ ဃှု လို့ခေါ်တဲ့ လက်မှတ်တွေဆက် ထုတ်ပေးမယ်။ ထိုင်းနိုင်ငံအတွင်း စခန်းခြောက်ခုကနေ ထုတ်ပေးနေရာကနေ မိုဘိုင်းစနစ်နဲ့ စက်ရုံတိုင်ရာ အရောက်လိုက်ထုတ်ပေးမယ်။ သက်တမ်းကုန်တော့မယ့် ယာယီနိုင်ငံကူးလက်မှတ်ကိုင်ထားသူတွေကိုလည်း ဃှု ကတ်ပြောင်းထုတ်ပေးမယ်။ ဒီလိုတွေပြောဆိုနေတာဖြစ် ပြီး ဒီလိုဖြစ်မှာ ကြိုမသိဘူးလားဆိုတော့ သိလို့ကြိုတင် သတိပေးတာတွေလုပ်ခဲ့တယ်လို့ဆိုတယ်။

(ထိုင်း-မြန်မာ မီဒီယာတွေထဲသိပ်မတွေ့ခဲ့ရလို့ ထိထိရောက်ရောက် ပေါက်ပေါက်မြောက်မြောက်လုပ်ဆောင်ခဲ့ပုံတော့ မပေါ် ဘူး)။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကိုင်ဆောင် ထားတဲ့အထောက်အထားလက်မှတ်တွေ တစ်ပြေးညီဖြစ် အောင် နှစ်နိုင်ငံအစိုးရတို့ကြိုးပမ်းလုပ်ဆောင်ကြဖို့ ကောင်းပြီလို့မြင်တယ်။

အစိုးရရဲ့ကိန်းဂဏန်းတွေအရ ထိုင်းမှာ မြန်မာသုံးသန်းခန့်အလုပ်လုပ်နေပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ သွားလုပ်နေတာက သုံးသိန်းသုံး သောင်းကျော်၊ ယာယီနိုင်ငံကူး လက်မှတ်နဲ့လုပ်နေတဲ့သူ က တစ်သန်းရှစ်သိန်းကျော်၊ ဃှု နဲ့က တစ်သိန်းရှစ်သောင်း ကျော်။ ဒီစာရင်းတွေအရကို မြန်မာတစ်သန်းခန့် အထောက်အထားမရှိကြတာတွေ့ရပြီး အမှန်တကယ်အလုပ်လုပ် နေတဲ့စာရင်းအရဆို ပိုများဖို့ရှိတယ်။ အရေးအကြောင်း ဟေ့ဆို မြန်မာအလုပ်သမားတွေ ထိုင်းကနေ ထွက်ထွက် ပြေးနေရတဲ့ အဆိုးသံသရာမလည်အောင်မေတ္တာရှေ့ထား ပြီးလုပ်ပေးကြပါလို့ အစိုးရကိုပဲ အားကိုးတကြီးပြောရ တော့မှာပဲ။

DemocracyToday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191