Main menu
HOT NEWS
adv
တရားဥပဒေကို စိန်ခေါ်နေသော ပြဿနာများ

တရားဥပဒေကို စိန်ခေါ်နေသော ပြဿနာများ

ရန်ကုန်မှာ နေထိုင်လာခဲ့ သည်မှာ နှစ်ပေါင်း ၆ဝ ပြည့် ပေတော့မည်။ ရန်ကုန်မှာ ဒုစရိုက်မှုခင်းသတင်း များနှင့် ပတ်သက်၍ ကျွန်တော်တို့ငယ်စဉ်က ထူးထူးဆန်းဆန်း အမှုကိစ္စများ မကြားဖူးခဲ့ ပါချေ။ သူခိုးခိုးတာ၊ အလစ်သုတ်တာ၊ ခါးပိုက် နှိုက်တာ၊ လမ်းသရဲတွေ အုပ်စုဖွဲ့ ရိုက်ကြနှက် ကြတာလောက်ပဲ ကြားဖူးသည်။ ယခုခေတ် လို ကြီးကြီးကျယ်ကျယ် လူပြောသူပြောများ သော လူသတ်မှုမျိုးတို့ကို မကြားဖူးခဲ့ပေ။

ယနေ့ခေတ်ကား ယခင်လိုမဟုတ်တော့ လူသတ်မှု၊ လုယက်မှု၊ ဓားထိုးမှု၊ ဓားခုတ်မှု၊ တုတ်ဓားတွေနဲ့ ရန်ဖြစ်မှု စသဖြင့် ဒီနေ့ ခဏ ခဏ ကြားနေရသည်။ အုပ်စုဖွဲ့ ရမ်းကားမှု လေလား၊ လူမိုက်ဂိုဏ်းဆန်ဆန် ပြုမူလေ သလားတော့မသိ လူတစ်ယောက်ကို အုပ်စု လိုက် ဓားနှင့် ဝိုင်းခုတ်သည် ဆိုတာများပင် တွေ့ရမြင်ရသည်။ သြော်..ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင်ဟာ တစ်နေ့ထက်တစ်နေ့ ပိုလို့ များ ဆိုးရွားလာလေသလားဟု ကျွန်တော် တွေးမိသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများ ကလည်း ဒုစရိုက်နှိမ်နင်းရေးတွေ၊ ဒုစရိုက်မှု ပပျောက်ရေး၊ မှုခင်းကျဆင်းရေးတို့ကို စီမံချက် များဖြင့် ဆက်တိုက် ဆောင်ရွက်ပေးနေသော် လည်း ဤဒုစရိုက်မှုခင်းအမျိုးမျိုးက လျော့နည်း သည်မရှိ တိုး၍တိုး၍သာ ဖြစ်လာပြီး ယနေ့ တရားဥပဒေစိုးမိုးရေးကိုပင် စိန်ခေါ်လာခဲ့ပြီ ဖြစ်သည်။

ရာဇဝတ်မှု၊ ဒုစရိုက်မှု၊ တရားဥပဒေမဲ့ ပြု ကျင့်မှု အစရှိသည့်အမှုအခင်းမျိုးကို သတင်း စာ၊ ဂျာနယ်စာစောင်များနှင့် ဖေ့စ်ဘွတ်ခ်ဟု ခေါ်သော လူမှုကွန်ရက်ထဲတွင် အချိန်နှင့်အမျှ့နေ မြင်နေ ကြားနေရသည်။ ဓားကိုင်ခြိမ်း ခြောက်၍ ဓားပြတိုက်မှု၊ လုယက်မှု၊ ဆိုင်ကယ် ဖြင့် ပိုက်ဆံအိတ်လုယက်မှု၊ ဖောက်ထွင်းမှု တို့ကို ခဏခဏ ကြားသိနေရသည်။ တစ် လောက သာကေတမှာ လင်မယားနှစ်ယောက် အသတ်ခံရသည့် သတင်း တွေ့ရသည်။ မန္တ လေးမှာ ဘဏ်မှာငွေထုတ်ပြီး ပြန်အလာ ဆိုင် ကယ်နှင့်စောင့်ပြီး လုယက်သွားတာမျိုး ကြား ရသည်။

တစ်လောက သတင်းတစ်ခုကြားရသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် ခင်မင်သည့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသူလေးအား အပြင်မှာချိန်းတွေ့ကာ ဟိုတယ်သို့ခေါ်ပြီး ရိုက် နှက်အဓမ္မပြုကျင့်သော သတင်းဖြစ်သည်။ စစ်ကိုင်းရဲစခန်းမှ ဤအမှုကို ဖမ်းဆီးစစ်ဆေး နေပြီဟု ဖော်ပြသည်။ မိန်းကလေးတွေကို အံ့သြမိသည်။ ကိုယ်တစ်ခါမှ မတွေ့ဖူး မရင်း နှီးသော လူစိမ်းတစ်ယောက်နှင့် ဖေ့စ်ဘွတ်ခ် တွင် ခင်မင်ပြီးနောက် သူခေါ်ရာ အသာတ ကြည် လိုက်သွားတာမျိုးကတော့ လွန်လှသည်။ မိမိမသိသူတစ်ဦးအား မည်မျှယုံကြည်စိတ်ချ၍ ရမည်နည်း။ မဖြစ်သင့်သော ကိစ္စဖြစ်သည်။ မမြင်မကန်းနှင့် အရမ်းကာရော စွန့်စားမှုတွေ ပြုကြသည်ကိုတွေးရင်း ကျွန်တော် ရင်မော မိသည်။ ထိုလူစိမ်းတစ်ယောက်၏ ခေါ်ရာ နောက်သို့ လူဆိုးမှန်းမသိ၊ လူကောင်းမှန်း မသိဘဲ လိုက်သွားခြင်းသည် မိမိ၏ အသက် ခန္ဓာ၊ စည်းစိမ်ဥစ္စာတို့ကို အလွယ်တကူ ဖျက် ဆီးရန် ပုံပေးလိုက်ခြင်းနှင့် တူနေသည်။ မိန်း ကလေးငယ်များ ဆင်ခြင်တွေးဆနိုင်ဖို့လိုပါပြီ။

နောက်တစ်မျိုးက ကချင်ပြည်နယ်ဘက် မှာ ဖြစ်သည်။ မြစ်ကြီးနားတွင် ဆိုင်ကယ်ဖြင့် လုယက်ထွက်ပြေးသည့် လူငယ်အဖွဲ့အား မြစ် ကြီးနား မြို့မရဲစခန်းက ဖမ်းမိထားသည်ဟု ဆိုသည်။ သတင်းကို စုံစမ်းကြည့်တော့ ဆိုင် ကယ်စီးလူငယ်တစ်စုဟာ ကိုးတန်း၊ ၁ဝ တန်း အရွယ် ကျောင်းတက်နေတဲ့ ဘော်ဒါဆောင် နေ ကလေးစုံတွဲတွေ ချိန်းတွေ့တဲ့နေရာမျိုးကို လိုက်စုံစမ်းပြီး ဓားထောက်လုယက်ခြင်း ဖြစ် ပါသည်။ ငွေကိုလုသည်။ ပစ္စည်းကိုလုသည်။ ထိုလုယက်မှု၏ ရာခိုင်နှုန်း အတော်များများ က ၁၈ နှစ်အောက် လူငယ်တွေဖြစ်သည်။ ဖမ်းဆီးရမိတဲ့ကလေးတွေဟာ လုယက်လို့ရတဲ့ ငွေကို အပေါင်းအသင်းတွေနဲ့ သောက်စား ပစ်တယ်။ မူးယစ်ဆေးဝါးတွေကိုလည်း လွယ် လွယ်ပဲ သုံးစွဲနေတာ တွေ့ရသည်။

ဒီသတင်းမျိုး ဒီနေ့ ကြားရသည်။ နောက် နေ့ကျတော့လည်း နောက်တစ်မျိုး ကြားရပြန် သည်။ သာကေတမြို့နယ်တွင် YBS ခရီးသည် တင်ယာဉ်အား ပုလင်း လေးခွတို့ဖြင့် ပစ် ပေါက်ပြီး ယာဉ်နောက်လိုက်ကို ဓား၊ သံတုတ် တို့ဖြင့် ထိုးခုတ်ရိုက်နှက်သူများအား ဖမ်းဆီး ရမိဟု ဆိုသည်။

ခိုးဆိုးလုယက်၊ မူးယစ်ရမ်းကားသော မိုက်ရူးရဲဆန်ဆန် အပြုအမူများက တစ်နေ့ ထက်တစ်နေ့ ပိုများလာသလားဟုတွေးမိသည်။

ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်တွင် ရင် မောစရာတွေ အများကြီး ဖြစ်သည်။ ခေတ်မီ တိုးတက်သော နည်းပညာတို့၏နောက်တွင် အန္တရာယ်ရှိသောဆိုးကျိုးများ ကပ်ပါလာလေ သည်။ သမီးမိန်းကလေးရှင်များ ပို၍ဂရုစိုက် ရမည့်ခေတ်မျိုး ဖြစ်သည်။ လူအချင်းချင်းပင် ရောင်းစားသည်အထိ ယုတ်မာပက်စက်သော လူကုန်ကူးမှုမျိုးအတွက် ဆောင်ရွက်နေသော လူများ၊ ပွဲစားများပင် ကျွန်တော်တို့အနားမှာ ရှိနေကြသည်ကို ဂရုစိုက်နိုင်ရပေလိမ့်မည်။

ဘယ်နေရာ ဘယ်ပတ်ဝန်းကျင်မှာတော့ ဒုစရိုက်မှုပိုပေါများသည်ဟု ဆို၍မရပေ။ နယ် ပယ်အသီးသီး နေရာအစုံစုံတွင် ရာဇဝတ်မှု များ၊ ဒုစရိုက်မှုများက ရှိနှင့်နေပါသည်။

ရာဇဝတ်မှုများက ရန်ကုန်မှာ ရှိသလို မန္တလေးမှာလည်း ဖြစ်နိုင်သည်။ ပြည်သူ့ရင် ပြင်နားမှာလည်း လမ်းလျှောက်လာသော လူ ငယ်နှစ်ဦးအား ကားတစ်စီးပေါ်မှ ဆင်းလာ သော လူငယ်တစ်စုက ဝိုင်းဝန်းထိုးကြိတ်၍ ဆမ်ဆောင်းဖုန်းကို လုယက်သည်ဟု ဆို၏။ မကြာခင် ဖမ်းမိတော့ ဗိုလ်တထောင်နားက ထမင်းဆိုင်မှာ ထိုလူငယ်တစ်စု ထမင်းဝင်စား ပြီး ကျသင့်ငွေ သုံးသောင်းခွဲ ပေးစရာမရှိ၍ အပေါင်ထားခဲ့ပြီး ကြံမိကြံရာလုပ်ခြင်း ဖြစ် သည်ဟုဆိုသည်။ ဘယ်အတွက်ကြောင့် လွယ် လွယ်နှင့် ဤသို့ ဒုစရိုက်အမှုများအား ပြုနေ ပါသနည်း။ ပြစ်မှုတစ်ခုကျူးလွန်ရန် ဤလူ ငယ်လေးများ၏ အတွေးထဲတွင် ဘယ်အရာ များက တွန်းအားပေး စေ့ဆော်နေပါသနည်း။ ကျွန်တော် သိချင်မိသည်။

ယနေ့ ဖြစ်ပေါ်နေသော အမှုများ၏ မှု ခင်းဖြစ်စဉ်တွင် ဆယ်ကျော်သက်အရွယ်များ၊ လူငယ်များ အုပ်စုလိုက် ကျူးလွန်ခဲ့ကြသည်ကို တွေ့ရသည်။ ဒုစရိုက်မှုများတွင် ဤလူငယ်များ ပါဝင်လာခြင်းကား တိုင်းပြည်အတွက် ကောင်း သည့်လက္ခဏာ မဟုတ်ပေ။ ဆယ်ကျော်သက် အရွယ် လူငယ်များ ဘာကြောင့် မှုခင်းတွေ လွယ်လွယ်ကူကူ ကျူးလွန်နေကြပါသလဲ။

အလုပ်အကိုင်အခွင့်အလမ်းများ အဆင် မပြေ၍လား၊ ဆင်းရဲမွဲတေမှုပြဿနာကြောင့် လား၊ မူးယစ်ဆေးဝါး ပြဿနာကြောင့်လား တစ်ခုခုတော့ ဖြစ်နိုင်သည်။ ယနေ့ တိုင်းပြည် တွင် လူနေမှုစနစ်များ ပြောင်းလဲလာပြီးနောက် တွင် မြန်မာနိုင်ငံတွင် အသက် ၂ဝ မှ ၃ဝ အတွင်း လူငယ်များအကြား အရက်နှင့် မူး ယစ်ဆေးဝါး သုံးစွဲမှုနှုန်းများ မြင့်တက်လာပြီး အချို့က မူးယစ်ဆေးစွဲလက္ခဏာများ တွေ့ ရသည်ဟု ဆိုသည်။ ယင်းအပြင် ယနေ့လူ ငယ်ထုအတွင်း အရက်၊ ဘီယာနှင့် စိတ်ြ<ွက ဆေးကို အမျိုးသမီးအချို့ပင် သုံးစွဲလာသည် ဟု ဆိုနိုင်သည်။ သည့်ထက်အရေးကြီးသည် က ကျွန်တော်တို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းအရွယ်ရှိ လူငယ်များ၏ ရာ ခိုင်နှုန်း ၂ဝ မှာ စိတ်ပိုင်းဆိုင်ရာပြဿနာများ နှင့် ကြုံတွေ့နေရသည်ဟု လေ့လာရေးစစ် တမ်းများက ဖော်ပြထားသဖြင့် ယနေ့ ကျူး လွန်နေသော မှုခင်းများသည်ပင် ထိုအရာများ ၏ အကျိုးဆက်ဟု ဆိုနိုင်သလို မဟုတ်ပါဟု လည်း ယတိပြတ် မငြင်းနိုင်ပေ။

ထို့အတွက်ကြောင့် ယနေ့တိုင်းပြည်ထဲ တွင် ဖြစ်ပေါ်နေသော မှုခင်းများသည် တရား ဥပဒေစိုးမိုးရေးကို စိန်ခေါ်နေသော ပြဿနာ ပင် ဖြစ်သည်။ ထိုပြဿနာများကို သက်ဆိုင် ရာ အဖွဲ့အစည်းများက လျစ်လျူရှုမထားဘဲ လေ့လာဆန်းစစ်ကာ လူငယ်များ၏အနာဂတ် အတွက် ပြုပြင်မှုကောင်းများ ဖော်ဆောင်ပေး ရန် လိုအပ်ပါပြီဟု တင်ပြလိုက်ရပါသည်။

Rate this item
(1 Vote)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191