Main menu
HOT NEWS
adv
အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရေးအတွက်  တာဝန်ယူသူတွေ တာဝန်ခံသူတွေ ရှိပြီလား

အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ပြောင်းလဲရေးအတွက် တာဝန်ယူသူတွေ တာဝန်ခံသူတွေ ရှိပြီလား

မြန်မာနိုင်ငံတွင် အများပြည်သူနှင့် သက်ဆိုင်သော ကိစ္စအတော်များများ၌ တာဝန်ရှိပုဂ္ဂိုလ်တို့သည် တာဝန်ယူမှု တာဝန် ခံမှုအပိုင်း အတော်လေး ကင်းမဲ့နေသည်။ ယင်းတို့အထဲတွင် အများပြည်သူ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းလည်း ပါဝင်သည်။ အုပ် ချုပ်ရေးဆိုင်ရာ တာဝန်ကြီးကြီး ယူထားကြသည့် ပုဂ္ဂိုလ်တို့သည် အစည်းအဝေးတိုင်းတွင် ပြည်သူလူထုအား စီမံခန့်ခွဲသည့် နေရာတိုင်း၌ တာဝန်ယူမှု တာဝန်ခံမှု ရှိရမည်ဟူသော စကားကို အချင်းချင်းပြောကြားသလို ပြည်သူ လူထုကို ညွှန်းဆိုသလိုလိုဖြင့် လွယ်လွယ်ပေါ့ ပေါ့ ပြောကြားတတ်ကြပြီး တကယ်တမ်း ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုကြုံရသောအခါ ဝေ့ လည်ကြောင်ပတ်ဖြင့် အတိတ်မေ့သွားတတ်ကြပြီး အသံများလည်း တိတ်ဆိတ်သွားတတ် ကြသည်။

ပြောတော့ မိုးလားကဲလားဖြင့် တကယ်ဖြစ်ပြီလည်းဆိုရော စည်းကမ်းဖောက် သူကို စည်းကမ်းမလိုက်နာမှုကြောင့်ဟု အပြစ် ဝိုင်းဖို့ပြီး တရားခံရှာပြကာ ကိုယ်လွတ်ရုန်း ထွက်သွားကြသည်ဟုလည်း ပြည်သူလူထုက ပြောဆိုဝေဖန်နေကြသည်။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ယူထားကြသူများ၏ တာဝန် ကင်းမဲ့နေကြပုံကို အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သော ရန်ကုန် ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး လုပ်ငန်း (YBS)တစ်ခုတည်းကိုသာ ကြည့်မြင်လေ့လာ လျှင် ကွက်ကွက်ကွင်းကွင်း ပေါ်နေသည်။ သက်ဆိုင်ရာ အုပ်ချုပ်သူ ဒေသန္တရ အစိုးရ အဖွဲ့ကတော့ ငြင်းပါလိမ့်မည်။ ထိုသို့ ငြင်းနေ ခြင်းကြောင့် ပြည်သူလူထုကို အမြဲငြင်းချက် ထုတ်နေခြင်းကြောင့် ဆင်ခြေဆင်လက်ပေး နေခြင်းကြောင့် နေရာတကာ ခေါင်းရှောင် ခြင်း၊ မိမိတို့အားနည်းချက်နှင့် အပြစ်များ ဆုံး ဖြတ်ချက် အမှားများကို ဖုံးကွယ်နေခြင်းတို့ ကြောင့် ဒီမိုကရေစီ၏ သဘောတရားတစ်ခု ဖြစ်သော တာဝန်ခံမှု တာဝန်ယူမှု ကျင့်ထုံး များ ကွယ်ပျောက်နေရခြင်းဖြစ်သည်။


ဇူလိုင် ၇ ရက်က ရန်ကုန်-ပြည်လမ်းမ ပေါ် ထောက်ကြန့် မွေးမြူရေးမှတ်တိုင်အနီး၌ YBS ၃၇ ယာဉ်တစ်စီးနှင့် YBS ၅၅ ယာဉ် တစ်စီးတို့ ပြင်းထန်စွာ တိုက်မိသည်။ ယင်း ယာဉ်မတော်တဆမှုကို ရန်ကုန်တိုင်းဒေသကြီး ၌ အပြင်းထန်ဆုံး ယာဉ်တိုက်မှုအဖြစ် သတ် မှတ်ထားသည်။ အပြစ်မဲ့ပြည်သူ ၁၁ဦး သေ သည်။ ဦးရေ ၄ဝ နီးပါး ထိခိုက်ကျိုးပဲ့ ဒဏ်ရာ ရခဲ့ကြသည်။ ယင်းယာဉ်တိုက်မှုဖြစ်စဉ်သည် YBS ၅၅ ယာဉ်မောင်း၏ အရှိန်ပြင်းစွာမောင်း နှင်မှုကြောင့် ယာဉ်လိုင်းအချင်းချင်း လူပိုတင် ခြင်း လောဘကြောင့် ယာဉ်တိုက်မှု ဖြစ်ပွား ရခြင်းဖြစ်ကြောင်း အဖြေပေါ်ထွက်လာခဲ့ပြီး ဖြစ်သော်လည်း ''ကျွန်တော်တို့တွင် တာဝန် ရှိပါသည်။ ကျွန်တော်တို့ အုပ်ချုပ်မှုညံ့ဖျင်း၍ ဖြစ်သွားရပါသည်'' ဟူသောစကားမျိုး မည်သည့်နေရာကမျှ ပေါ်ထွက်မလာခဲ့။ အမှန်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေး လုံခြုံချောမွေ့ စိတ်ချမ်းသာရေးဆိုသည့် ရည်ရွယ်ချက်ကြီးကြီးဖြင့် မထသ(ဗဟို)ကို ပြောင်းလဲထားသော ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA)တွင် လုံးဝတာဝန် ရှိသလို လုံးဝလည်း တာဝန်ယူ တာဝန်ခံရပေ မည်။ ယခု ယင်းယာဉ်တိုက်မှုကိစ္စသည် YRTA အဖွဲ့၏ ယာဉ်လိုင်းများ၊ ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက် ဆိုသူများအပေါ် ကြီးကြပ်ကွပ်ကဲမှု အားနည်းညံ့ဖျင်းမှုကြောင့် ဆိုသည်မှာ အထင်းသား ပေါ်လွင်နေသည်။

ယာဉ်တိုက်မှုကို အပြစ်ဆိုကြမည် ဆိုလျှင် လောဘတက်နေသော စိတ်လွတ်ကိုယ်လွတ် ဖြင့် မိုက်ရူးရဲဆန်သော ယာဉ်မောင်းကို အပြစ် ဖို့ခြင်းနှင့်အတူ YRTA က တာဝန်ယူပါမည် တာဝန်ခံပါမည်ဟုဆိုသော တာဝန်ရှိပုဂ္ဂိုလ် များကိုလည်း အပြစ်ဖို့ရပါမည်။ အရေးယူသင့် က အရေးယူရပါမည်။ သို့မှသာ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသော စကားလုံးကို နေရာတကာ ပေါပေါပဲပဲ မပြောနိုင်ကြမှာဖြစ်သည်။ ပြည်သူ များကတော့ ယနေ့ထက်တိုင် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ကြီးကြီး ယူထားကြသည့် ပုဂ္ဂိုလ်များ၏ လေတစ်လုံးမိုးတစ်လုံးဖြင့် ပြော ပြောနေကြသော တာဝန်ယူမှု တာဝန်ခံမှု စကားလုံးများအောက်တွင် ငြိမ်ဝပ်ပိပြားနေ ကြရဆဲ ဖြစ်သည်။


ထို့ကြောင့်လည်း ယင်းယာဉ်တိုက်မှု ကိစ္စကို အကြောင်းပြုပြီး ကြီးကြပ်မှုအားနည်း နေရခြင်းမှာ အထင်းသား ပေါ်လွင်နေသည့် အတွက် အသက်ဆုံးရှုံးသွားရသည့် ပြည်သူ များ ထိခိုက်ကျိုးပဲဒဏ်ရာရခဲ့ကြသည့် ပြည် သူများနှင့် နေ့စဉ့်ြှ ကို အားထားယုံကြည် သွားလာ နေကြရသည့် ပြည်သူတစ်ရပ်လုံး အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက တောင်းပန်သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက မနေသာတော့ဘဲ ထုတ်ဖော်ပြော ကြား လာခဲ့တော့သည်။ ဇူလိုင် ၁ဝ ရက်တွင် ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက တိုင်းဒေသ ကြီးအစိုးရ တာဝန်ရှိပုဂ္ဂိုလ်များက ပြည်သူ လူထုအား တောင်းပန်သင့်ကြောင်းကို မီဒီယာ သို့ ပြောကြားခဲ့သည်။ ဟုတ်ပါသည်။ တိုင်း အတွင်း အပြင်းထန်ဆုံး ယာဉ်တိုက်မှုကြီး ကို ယာဉ်မောင်းတစ်ဦးတည်းကိုသာ အပြစ်ပုံ ချ၍မရဘဲ ကြီးကြပ်ကွပ်ကဲမှု အားနည်းလျော့ ရဲနေသေးသော RTA ၊ YRTA ကို တာဝန် ခံထားရသော တိုင်းဒေသကြီး အစိုးရအဖွဲ့ စသည့် သူတို့သူတို့တွင်လည်း တာဝန်ရှိသည်။ အပြစ်တင်ရမည်။ အပြစ်မြင်ရပါမည်။ ထို့ ကြောင့် ဝန်ချတောင်းပန်ပွဲကို ပြုလုပ်ပေးရ  ပါမည်။ ထို့ပြင် တာဝန်ယူမှု တာဝန်ခံမှုဆို သော ဒီမိုကရေစီစိတ်ဓာတ်များ ရှိမည်ဆိုလျှင် တော့ မိမိတို့စီမံခန့်ခွဲမှု အားနည်းချက်ကို အတိအလင်း ထုတ်ဖော်ပြောကြားပြီး နုတ် ထွက်ပေးခြင်းများပင် ပြုလုပ်ရပါဦးမည်။

အခုတော့ အပြစ်မဲ့ပြည်သူများ အသက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည်။ ကိုယ်လက်အင်္ဂါ အကောင်းသားချည်းကနေ ကျိုးပဲ့အ နာတရ ဖြစ်ကြရသည်။ မည်သူမျှ လူတစ်ဦး တစ်ယောက် တစ်ဖွဲ့တစ်စည်း၏ အားနည်း ချက်ပေါ့ဆချက်ကြောင့် အလဟဿ အသက် မစွန့်ချင်၊ ကိုယ်လက်အင်္ဂါ မသန်မစွမ်းမဖြစ် ချင်။ ပြောရလျှင် မထသ(ဗဟို)ကို ဖျက်သိမ်း ပြီး YRTA ပြောင်းဖွဲ့လိုက်သည့် အချိန်က စပြီး ယနေ့အထိ အပြစ်မဲ့ပြည်သူ ဘယ်နှ ယောက်သေခဲ့ပြီးပြီလဲ။ ဘယ်နှယောက် ကိုယ် အင်္ဂါ မသန်စွမ်းသူဘဝ ရောက်ခဲ့ရပြီလဲ သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့အစည်းများ စဉ်းစားမိကြပါသလား။ စာရင်းပြုစုထားခဲ့ကြပါ သလား။ ငါတို့အဖွဲ့က လူအသေအပျောက် လုံးဝမရှိ ထိခိုက်ကျိုးပဲ့သူ တစ်ယောက်မျှမ ရှိဘဲ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကို ရည်မှန်းချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ကြပြီဟု လက်မထောင် ရင် ကော့ကာ ပြောကြားနိုင်ကြပါသလား။ YRTA နှင့် တိုင်းအစိုးရအဖွဲ့ကို မေးချင်သည်။ ပြောတော့ လေတစ်လုံးမိုးတစ်လုံးဖြင့်ြှ အဆင်ပြေနေသည်။ ပြည်သူအတွက့်ြှ ဖြစ်နေပြီ စသည်ဖြင့် လမ်းပေါ်ကအခြေအ နေများကို ကွင်းဆင်းမကြည့်ဘဲ ရုံးပေါ်က သာ မျက်စိစုံမှိတ် အော်ပြနေသည်ဟု ပြည် သူတွေကလည်း ပြောဆိုဝေဖန်နေကြသည်။

စနစ်တစ်ခုမှ စနစ်တစ်ခုသို့ ပြောင်းလဲ ရေးပြုလုပ်သည်၊ အကူးအပြောင်း ပြုလုပ်သည်၊ အစားထိုးဖွဲ့စည်းသည် ဆိုရာတွင် တော်လှန်ရေးသဘောအရ စနစ်ဟောင်းကို ဖြိုချဖယ်ရှားပြီး စနစ်သစ်ကို တည်ဆောက်ထူ ထောင်ရခြင်း ဖြစ်သည်။ စနစ်သစ်တစ်ရပ် လုပ်ငန်းတစ်ရပ်ကို တည်ထောင်အစားထိုး ရာတွင် စီမံကိန်းရေးဆွဲပြီး စနစ်တကျလည်း ရှိရမည်။ စီမံကိန်းကာလများကိုလည်း အကြို ကာလ လုပ်ဆောင်ဆဲကာလ ပြီးမြောက်ခြင်း ကာလဟူ၍ အပိုင်းခွဲခြားသတ်မှတ်ရပြီး အ ပိုင်းအလိုက် သုံးသပ်ပြင်ဆင် ဖြည့်ဆည်းခြင်း များကိုလည်း ပြုလုပ်ရသည်။ ယခုတော့ YBS စီမံကိန်းသည် ဖုတ်ပူမီးတိုက်ထလုပ်ပြီး ပြည် သူလူထုအပေါ် ကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ အတင်းရိုက်သွင်းလိုက်သည့် စီမံကိန်းဖြစ်နေ သည်။ ထို့ပြင် စနစ်ဟောင်းက အကျင့်အ ဟောင်းနှင့် လူအဟောင်း၊ ယာဉ်အဟောင်း များကို  ပြန်လည်အသုံးချခဲ့သည့် စီမံကိန်း လည်းဖြစ်နေသည်ဟု ပြည်သူလူထုက ဝေဖန် သုံးသပ်နေကြသည်။

စနစ်ဟောင်းတစ်ခုမှ စနစ်သစ်တစ်ခု သို့ ပြောင်းလဲရာတွင် ယခင်စနစ်ဟောင်းက လူဟောင်း၊ အကျင့်ဟောင်း၊ စိတ်ဓာတ်အ ဟောင်းများကို ဆက်လက်ယူသုံးလျှင် ထို ပြောင်းလဲပစ်မည့်စနစ်သည် မည်သို့မျှ စနစ် သစ်မဖြစ်သလို ယင်းပြောင်းလဲရေး စီမံကိန်း သည်လည်း ငွေကုန်သံပြာ စီမံကိန်းသာ ဖြစ် သွားလိမ့်မည်ကိုလည်း ပြည်သူများက ယခင် ခေတ် အတွေ့အကြုံများအရ သိခဲ့ကြပြီးဖြစ် သည်။ ပြောရလျှင် YBS စီမံကိန်းသည် တစ်စီးလျှင် ဒေါ်လာခြောက်သောင်းခွဲကျော် တန်ဖိုးရှိသော ဘတ်စ်ကားအသစ်ကျပ်ချွတ် ကြီးများ ရာထောင်ချီဖြင့် မည်မျှပင်အစားထိုး ပြေးဆွဲပေးပါစေ စနစ်ဟောင်းက လူများ၊ အကျင့်များ၊ စီမံခန့်ခွဲမှုများ တာဝန်ယူမှု တာဝန် ခံမှု မရှိမှုများ ရှိနေသေးသရွေ့ ယင်းစီမံကိန်း မည်သို့မျှ မအောင်မြင်နိုင်ပါ။ အချိန်ကာလ တစ်နှစ်ပဲပေးပေး သုံးနှစ်ပဲပေးပေး ၁ဝနှစ် ပဲပေးပေး အောင်မြင်နိုင်မည် မဟုတ်ပါ။ စနစ် သစ်တစ်ရပ်ကို ထူထောင်ချင်လျှင်တော့ စနစ်ဟောင်းကို လုံးဝဖြိုချ ရှင်းလင်းပစ်ရပါ မည်။

ယခု YBS ယာဉ်လိုင်းများ စတင်ထွက် ထွက်ချင်းနေ့ ၂ဝ၁၇ ဇန်နဝါရီ ၁၆ ရက်မှာ ပင် ယာဉ်တိုက်မှုဖြစ်သည်။ နောက်ပိုင်းရက်များတွင် ခရီးသည်အား ယာဉ်နောက်လိုက်က ရိုက်မှုဖြစ်သည်။ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်သူတို့က ခရီးသည်များအား စိန် ခေါ်သည်။ လက်နက်ပြ ခြိမ်းခြောက်သည်။ YBS ယာဉ်လိုင်းအချင်းချင်း ရန်ဖြစ်သည်။ ရိုက်ကြသည်။ ကွဲကြပြဲကြသည်။ ယာဉ်ကိုမ တရားအရှိန်နှုန်းဖြင့် မောင်းနှင်သည်။ ဈေးဆိုင်၊ လူနေအိမ်ခြေနှင့် လမ်းဘေးလမ်း လျှောက်သူများကို ဝင်တိုက်သည်။ အသက် ဆုံးရှုံးရသည်။ အပျက်အစီး အဆုံးအရှုံးဖြစ် ပေါ်ရသည် စသည်ဖြင့်ဖြစ်ခဲ့ကြသည်။ ယင်း သည် စနစ်ဟောင်းက လူဟောင်းနှင့် အကျင့် ဟောင်းများကို ကြိုတင်ဖြိုချရှင်းလင်းဖယ်ရှား ခြင်း မပြုခဲ့ခြင်း၏ အကျိုးရလဒ်ဖြစ်သည်။ YRTA သည် စထွက်ထွက်ချင်း ကတည်းက ဗေထိဖြစ်နေသည့်ကိစ္စကို ထိုစဉ်ကတည်းက သိမြင်သင့်ပြီး ဆင်ခြင်သုံးသပ်သင့်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့သည်လည်း ထို နည်းအတိုင်း သိမြင်သင့်သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတို့သည် စနစ်တစ် ခုမှ စနစ်တစ်ခုသို့ အပြောင်းအလဲပြုလုပ်နေ သည့် ကာလအတောအတွင်း လူထုကြားထဲ တွင် နေသင့်သည်။ မကြာခဏဆိုသလို လူ ထုကြားထဲဆင်းကာ လူထု၏သဘောထားဆန္ဒ ကို နားဖြင့်ဆတ်ဆတ် နားထောင်သင့်သည်။


ယခုတော့ မြင်တွေ့ကြားသိနေရသည် မှာ ယခင်အစိုးရအဆက်ဆက်က လုပ်နည်း လုပ်ဟန်အတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က YBS ယာဉ်တစ်စီး ပေါ်တွင် လိုက်ပါပြီး တစ်မှတ်တိုင်၊ နှစ်မှတ် တိုင်ကလေး စီးပြသည်ကို အစိုးရသတင်းစာ များက ရေးကြီးခွင်ကျယ် သတင်းလုပ်ကာ ပြူး တူးပြဲတဲ ဖော်ပြနေသည်ကို တွေ့မြင်ခဲ့ကြရ သည်။ ထိုအပြုအမူမျိုးသည် စနစ်တစ်ခုအောင် မြင်ရေးအတွက် အထောက်အကူမပြုနိုင်ပါ။ ပြည်သူ အများကလည်း ယခင်အစိုးရလက် ထက်များကတည်းက လုပ်နေကျပုံစံများဖြစ်၍ စိတ်မဝင်စားကြတော့ပါ။ စိတ်မဝင်စားတော့ သည့်အပြင် စိတ်တောင်ပျက်ချင်ချင် ဖြစ်နေ ကြသည်။

စနစ်တစ်ခု အောင်မြင်ချင်လျှင် ပြည်သူလူထုကြားထဲဆင်းပြီး ပြည်သူ့ဝေဖန် သံကို နားထောင်ကြည့်ခြင်းက ပို၍ အောင် မြင်နိုင်ဖို့ နီးစပ်ပါသည်။ ယခု ရန်ကုန်တိုင်း ဒေသကြီးတွင် YRTA အဖွဲ့က ကြီးကြပ်ကွပ်ကဲပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုံခြုံချောမွေ့ လွယ်ကူစေရေးအတွက် မြို့ပြသယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်သော YBS ဟုခေါ်သည့် လုပ်ငန်းစီမံကိန်းတစ်ခု အကောင်အထည် ဖော်ခဲ့သည်။ သက်တမ်းအားဖြင့် ခုနစ်လတာ ရှိခဲ့ပြီ။ YBS စနစ် အောင်မြင်ပါသည်ဟု ဂုဏ်အတင်ခံချင်လျှင် ခရီးသည် တစ်ဦးတလေမျှ မကျိုးမပဲ့ မထိမခိုက် အသက်မဆုံးရှုံးရစေဘဲ လိုရာခရီးကို ချောချောမွေ့မွေ့ ပို့ဆောင်ပေးနိုင်ကြပါရဲ့လား။ ပို့ဆောင်ပေးနိုင်ပါသည်ကို လက်တွေ့ ပြနိုင်လျှင် အောင်မြင်ပါသည်ဟု ပြည်သူက ဝိုင်းချီးမြှောက်ကြပါမည်။ သို့မဟုတ်ပါက သည် အတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် တာ ဝန်ယူမှု၊ တာဝန်ခံမှု မရှိသေးသော အစိုးရ အား ပြည်သူလူထုက ပို၍ငြိုငြင်လာကြပါ လိမ့်မည် ဖြစ်ပါကြောင်း။         

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191