Main menu
HOT NEWS
adv
မိုက်ကရိုလှိုင်းယဉ်ကျေးမှု

မိုက်ကရိုလှိုင်းယဉ်ကျေးမှု

အမေရိကန်ပြည်ထောင်စု ဘိုလ်ဒါမြို့မှာ ရှိတဲ့ ကော်လိုရာဒိုတက္ကသိုလ်က  နျူကလီးယား ရူပဗေဒဌာနမှာ သုတေသန လက်ထောက်တာဝန်ဝတ္တရားတွေကို ထမ်း ဆောင်ခဲ့တဲ့ ပညာရှင်တွေထဲမှာ Matthew Kohler ''မက်သယူးကိုလာ'' လည်း ပါဝင်ပါတယ်။ သူက မိုက်ကရိုလှိုင်းနဲ့ပတ်သက်ပြီး စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေ ရေးသား ခဲ့သူလည်းဖြစ်ပါတယ်။

အမေရိကမှာ အခြေစိုက်တဲ့ကုမ္ပဏီတွေ ထဲမှာ ''မိုတိုရိုလာ''ကုမ္ပဏီဟာ Micro Wave ''မိုက်ကရိုလှိုင်း'' ဆားကစ်နည်းပညာကို အသုံး ပြုတဲ့ကုမ္ပဏီဖြစ်ပါတယ်။ အဲဒီနည်းပညာနဲ့ ဆယ်လူလာဖုန်းတွေကို ဖန်တီးခဲ့တယ်။ အဲဒီ ဖုန်းတွေနဲ့ နိုင်ငံတကာ ဆက်သွယ်နိုင်အောင် အားထုတ်လုပ်ကိုင်ခဲ့တယ်။ ကုမ္ပဏီအနေနဲ့ အဲဒီလုပ်ငန်းစီမံချက်အတွက် ဆက်သွယ်ရေး ဂြိုဟ်တု ''၇၇''လုံးကို သုံးခဲ့တယ်။ လျှပ်စစ် သံလိုက်နယ်ပယ်ရဲ့ မိုက်ကရိုလှိုင်းကဏ္ဍနဲ့ ပတ်သက်ပြီး တွေ့ရှိချက်တွေက အံ့မခန်းပါပဲ။

လူနေမှုဘဝပုံစံအရ နေအိမ်တွေ၊ တိုက် တာအဆောက်အအုံတွေကို ထွင်းဖောက်ပြီး ဝင်ရောက်နိုင်စွမ်းရှိတာ ရေဒီယိုနဲ့ ရုပ်မြင် သံကြားလှိုင်းတွေပါပဲ။ ဒီလိုလှိုင်းတွေမှာရှိတဲ့ စွမ်းအားကို ဆက်သွယ်ရေးလုပ်ငန်းတွေမှာ လည်း အသုံးချနေကြပါတယ်။ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ ဖန်သားပြင်တွေနဲ့ အလင်း လှိုင်းတွေကိုလည်း အသုံးချရမှာဖြစ်ပါတယ်။ မိုက်ကရိုလှိုင်းဆက်ကြောင်းတွေကတော့ ရှည်လျားလွန်းလှတဲ့ ရေဒီယိုရုပ်မြင်သံကြား လှိုင်းတွေနဲ့ အလွန်တိုတောင်းလှတဲ့ အလင်း လှိုင်းတွေရဲ့ကြားမှာ တည်ရှိနေတာပဲဖြစ်ပါ တယ်။ မိုက်ကရိုလှိုင်းဆက်ကြောင်းတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့ အတတ်ပညာပိုင်းမှာ သမိုင်းကြောင်းရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေတုန်းက ဓျွေိမေဓ ''ရေဒါ'' ပုံရိပ်ဖမ်းယူစနစ် ကောင်း မွန်လာဖို့အတွက် ပညာရှင်တွေက အင်တိုက် အားတိုက် လုပ်ကိုင်ဆောင်ရွက်နေကြတုန်း မှာပဲ မိုက်ကရိုလှိုင်းအတတ်ပညာဟာ ပေါ် ထွက်လာခဲ့တဲ့သမိုင်းကြောင်းရှိခဲ့ပါတယ်။

၁၉၄ဝ ပြည့်နှစ်ရဲ့ ခပ်စောစောပိုင်းတုန်း ကဆိုရင် အင်္ဂလန်နိုင်ငံက သိပ္ပံပညာရှင်တွေက Magnetron ''မက်ဂနက်ထရွန်''လို့ ခေါ်တြဲ့>ွပန်တစ်ခုကို ထူးထူးခြားခြား ဖန်တီး ပြုလုပ်ခဲ့ကြပါတယ်။ လေဟြာ>ွပန်ဖြစ်ပါတယ်။ အဲဒီလေဟြာ>ွပန်ရဲ့ဖန်သီးဟာ မိုက်ကရိုလှိုင်း တွေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ မက်ဂနက် ထရွန်နဲ့ ပုံရိပ်ဖမ်းရေဒါစနစ်အတွက် လိုအပ် တဲ့ ရေဒီယိုလှိုင်းတွေနေရာမှာ အစားထိုးပြီး မိုက်ကရိုလှိုင်းတွေကို အသုံးပြုခဲ့ကြတယ်။ တုန်ခါနှုန်း ပိုမြင့်ပြီး လှိုင်းရဲ့အလျားကလည်း ပိုပြီးတိုတောင်းလွန်းတဲ့ မိုက်ကရိုလှိုင်းတွေနဲ့ ကိုယ်လိုချင်တဲ့နေရာအထိ ရောက်သွားအောင် ပို့နိုင်တယ်၊ လွှတ်နိုင်တယ်။ ပြီးတော့ ကိုယ် တွေ့ချင်မြင်ချင်တဲ့အရာဝတ္ထုကိုလည်း ထိထိ ရောက်ရောက် ပိုပြီးရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဒုတိယကမ္ဘာကြီး ပြီးဆုံးသွားတဲ့ကာလ ရဲ့နောက်ပိုင်းမှာတော့ ''မိုက်ကရိုချစ်ပ်ပြား'' လေးတွေ ပေါ်လာပါပြီ။ ကျစ်ကျစ်လျစ်လျစ် လည်း ရှိတယ်။ ပြီးတော့ စိတ်ချရတယ်။ ဒါ့ အပြင် ကုန်ကျစရိတ်လည်း သက်သာတယ်။ ဒါကြောင့် လေဟြာ>ွပန်ဖန်သီးတွေကို မသုံး တော့ဘဲ အီလက်ထရွန်းနစ်နဲ့ဆိုင်တဲ့လုပ်ငန်း တွေမှာ ''ချစ်ပ်ပြား''တွေကိုပဲ သုံးလာခဲ့ကြ တယ်။ ရေဒါပုံရိပ်ဖမ်းစနစ်တွေမှာတော့ တစ် မျိုးစဉ်းစားကြရပြန်တယ်။ ဘာကြောင့်လဲဆို တော့ တုန်နှုန်းမြင့်မားတဲ့ မိုက်ကရိုလှိုင်း အချက်ပြတဲ့အခါမှာ မိုက်ကရိုချစ်ပ်ပြားတွေ ရဲ့ တုံ့ပြန်ချက်က လိုအပ်သလောက် မြန်မြန် ဆန်ဆန် ရှိမလာတာကြောင့်ပဲဖြစ်တယ်။ ဒါ ကြောင့် ငွေကြေးအကုန်အကျ အများကြီးခံ ပြီး မိုက်ကရိုချစ်ပ်ပြားအသစ်တစ်မျိုးကို တီ ထွင်ဖို့ အကောင်အထည်ဖော်ကြရပြန်တယ်။

ချစ်ပ်ပြားအသစ်ကတော့ M.M.I.C လို့ ခေါ်တဲ့ "Monolithic Microwave Integrated Circuit" ဖြစ်ပါတယ်။ တစ်ပြားတည်း နဲ့ စုစုစည်းစည်းရှိတဲ့ ''ဆားကစ်''တစ်မျိုးဖြစ် ပါတယ်။ မိုက်ကရိုလှိုင်းရဲ့ တုန်ခါနှုန်းတွေကို ထိန်းသိမ်းပေးနိုင်တဲ့ဆားကစ်ဖြစ်ပါတယ်။ စစ်ရေးစစ်ရာအရာမှာလည်း ပုံရိပ်ဖမ်းရေဒါ စနစ်နဲ့ အသုံးပြုရတဲ့ စစ်လက်နက်ပစ္စည်း ကိရိယာတွေမှာ အဲဒီမိုက်ကရိုချစ်ပ်ပြားတွေ ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ''ပက် ထရိယော့'' အမျိုးအစား ဒုံးခွင်းဒုံးတွေမှာ လည်း ထည့်သွင်းအသုံးပြုနိုင်တဲ့ မိုက်ကရို ချစ်ပ်ပြားတွေဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တာဂွန်စစ်ဌာနချုပ်က အဲဒီမိုက်ကရိုချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်ဖို့ အတွက်လည်း ဒေါ်လာငွေ သန်းနဲ့ချီပြီး အကုန်အကျခံဖို့ စီစဉ်ခဲ့ပါတယ်။ သူတို့အဆိုအရ ဒီပစ္စည်းတွေကို ကာကွယ်ရေးအပိုင်းကဏ္ဍမှာ လိုအပ်သလို အသုံးပြုနေရင်းနဲ့ တစ်ပြေးညီ ပစ္စည်းတွေရဲ့ ဈေးနှုန်းဟာလည်း တဖြည်း ဖြည်း ကျလာလိမ့်မယ်လို့ ဆိုကြပါတယ်။ စီးပွားရေးဈေးကွက်မှာလည်း ပြည်သူလူထု အတွက် အရောင်းသွက်လာမယ့်အနေအ ထားရှိလာပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထ အစဉ်အလာရှိခဲ့သမျှ သဘောသဘာဝကို မူတည်ပြီး ပညာရှင်တွေက သုံးသပ်ခဲ့ကြတာပါ။ ဘာကြောင့်လဲဆိုရင် အစဉ်အလာတိုင်း မှာ ဓာတ်ခွဲစမ်းသပ်ခန်းတွေက တီထွင်ဖန် တီးလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေအတွက် လက်တွေ့အသုံးချပြီးပြီဆိုရင် အီလက်ထရွန်း နစ်ပစ္စည်းမျိုးစုံ သုံးစွဲတဲ့ ပြည်သူလူထုလက်ထဲ ကို များများစားစား ဈေးနှုန်းသက်သက်သာ သာနဲ့ ဒီပစ္စည်းအမျိုးအစားမှန်သမျှ ရောက် လာတတ်တဲ့အစဉ်အလာရှိခဲ့လို့ပါပဲ။ ဥပမာ အားဖြင့် ပြောရမယ်ဆိုရင် ပညာရှင်တွေက ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခါစမှာ  "Transister" ပစ္စည်းကို တီထွင်ခဲ့ကြတယ်။

ပထမဦးဆုံးအနေနဲ့ အဲဒီ ''ထရန်စစ် စတာ''ပစ္စည်းကို စိတ်ဝင်တစားအသုံးပြုခဲ့ တာကတော့ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေး အသိုင်းအဝိုင်းကပါပဲ။ နောက်ပိုင်းမှာ ပြည်သူ လူထု အသုံးပြုတဲ့ပစ္စည်းဖြစ်လာခဲ့တယ်။ ရေဒီယိုတွေ၊ ကက်ဆက်တွေ၊ တိပ်ရီကော်ဒါ တွေ၊ ရုပ်မြင်သံကြားစက်ကိရိယာတွေထဲမှာ ထရန်စစ်စတာကို ဈေးနှုန်းသက်သက်သာသာနဲ့ ဆက်ပြီးသုံးနိုင်ခဲ့ကြတဲ့ ဥပမာအစဉ် အလာတွေရှိခဲ့တာကိုး။ ဒါကြောင့် ပညာရှင် တိုင်းဟာ လူထုအတွက်သာဖြစ်တယ်လို့ ဒီမို ကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံတိုင်းလိုလိုပဲ ခံစားနားလည်ခွင့်ရှိခဲ့ကြတယ်။ ပညာရှင်တိုင်း ကလည်း လူထုအကျိုးပြုဖို့သာ စဉ်းစားတီထွင် ပေးကြတာ များပါတယ်။

သမိုင်းကြောင်းအစဉ်အလာတစ်ခုကို ပြန်ကြည့်ဦးမယ်ဆိုရင်လည်း ဟိုး ..လွန်ခဲ့ တဲ့ ၁၉၄၇ ခုနှစ်လောက်ကဆိုရင် သင်္ချာတွက် တဲ့အခါမှာ စာရွက်ပေါ်ချရေးပြီး တွက်ခဲ့ကြ တာပဲ။ တချို့ကလည်း လွယ်လွယ်ကူကူနဲ့ တွက်ချက်လို့ရတဲ့ ကိန်းဂဏန်းအမှတ်အသား တွေပါတဲ့ပေတံတွေကို အသုံးပြုခဲ့ကြတယ်။ Information သတင်းအချက်အလက်တွေ တိုးတက်နေတဲ့ ဒီနေ့နိုင်ငံတကာမှာတော့ အဲဒီခေတ်ကာလတုန်းက အပြုအမူတွေဟာ ရိုးစင်းလွန်းခဲ့တယ်လို့ ထင်မယ်ဆိုရင်လည်း ထင်စရာပါပဲ။

ဒုတိယကမ္ဘာစစ်ကြီးပြီးခါစကာလ စီးပွား ရေးကျဆင်းမှုဒဏ်ကို ကျော်ဖြတ်ခဲ့ကြပြီးတဲ့ နောက်ပိုင်းမှာ အမေရိကန်သိပ္ပံပညာရှင် အများစုဟာ စစ်မဲ့ငြိမ်းချမ်းရေးကာလအပိုင်း အခြားအတွက် လူထုအကျိုးပြုနိုင်မယ့် သုတေ သနလုပ်ငန်းတွေဘက်ကို ပြန်ပြီးအာရုံပြုခဲ့ ကြတယ်။ သူတို့ထဲက တစ်ယောက်ကို ရွေး ထုတ်ပြရမယ်ဆိုရင် ပညာရှင် ''ဝီလျံရှော့ ကလေ''ရဲ့ လုပ်ဆောင်ချက်ကလည်း ထူးခြား ခဲ့ပါတယ်။ သူက ''ဆီမီးကွန်ဒတ်တာ'' လျှပ် စစ်ပစ္စည်းတွေကို စမ်းသပ်တီထွင်ခဲ့တယ်။ အများသုံးစွဲနေကြတဲ့လေဟြာ>ွပန်ရဲ့ ဖန်သီး နေရာမှာ သူက ''ပုံဆောင်ခဲ''တွေနဲ့ အစား ထိုးဖို့ စိတ်ကူးပေါ်ခဲ့တယ်။ လေဟြာ>ွပန်ဖန် သီးနေရာမှာ ''ထရန်စစ်စတာ''ကို အစားထိုး ခဲ့တယ်။ ''ရှော့ကလေ''ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေဖြစ်ကြတဲ့ ''ဂျွန်ဘာဒီး''နဲ့ ''ဝေါ်လ် တာဘရက်ထိန်''တို့ကလည်း ပုံဆောင်ခဲပစ္စည်း တစ်မျိုးကို စမ်းသပ်လုပ်ကိုင်နိုင်ခဲ့ကြတယ်။ အဝင်လျှပ်စီးကို ထိန်းချုပ်နိုင်တဲ့အတွက် ထပ် ဆင့်ပြီး အထွက်လျှပ်စီးကို ထိန်းချုပ်နိုင်ခဲ့ကြ တယ်။ ဒါဟာ ''ထရန်စစ်စတာ''ရဲ့ အပိုင်း ကဏ္ဍပါပဲ။

ပညာရှင်တွေဟာ သူတို့ရဲ့စမ်းသပ်တွေ့ ရှိချက်ကို တစ်နှစ်နီးပါး လျှို့ဝှက်ထားပြီးမှ ကာကွယ်ရေးဝန်ကြီးဌာနကို တင်ပြခဲ့ကြတယ်။ ပြည်သူလူထုကိုလည်း ''ထရန်စစ်စတာ''ရဲ့ အသုံးပြုပုံ၊ အသုံးဝင်ပုံကို အသိပေးဖို့ ဆုံး ဖြတ်ခဲ့ကြတယ်။ ၁၉၅၆ ခုနှစ်အတွက် ရူပ ဗေဒဆိုင်ရာနိုဘယ်လ်ဆုကို ပညာရှင်သုံးဦး ဖြစ်တဲ့ ရှော့ကလေ၊ သာဒီးနဲ့ ဘရက်ထိန်တို့ ပူးတွဲချီးမြှင့်ခြင်းခံခဲ့ကြရပါတယ်။       

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191