Main menu
HOT NEWS
adv
ရန်ကုန်မြို့မှာ  လှမ်းခေါ် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း အောင်မြင်မယ့်အလားအလာ  ရှိနေပြီလား

ရန်ကုန်မြို့မှာ လှမ်းခေါ် အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်း အောင်မြင်မယ့်အလားအလာ ရှိနေပြီလား

အမေရိကန်ပြည်ထောင်စုအခြေစိုက် Uber ကုမ္ပဏီနှင့်  စင်ကာပူနိုင်ငံအခြေစိုက်  Grab ကုမ္ပဏီတို့က  မြန်မာနိုင်ငံတွင်  ၄င်းတို့၏  လှမ်းခေါ်အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းကို  တိုးချဲ့လုပ်ဆောင်လာခဲ့ကြသည်။ Uber  နှင့် Grab တို့အနေနှင့်  မြန်မာနိုင်ငံတွင်  သူတို့၏လုပ်ငန်းနှင့်ပတ်သက်၍  မည်မျှအထိ  အောင်မြင်စွာ  အကောင်အထည် ဖော်နိုင်မည်ဆိုသည်မှာ  စောင့်ကြည့်စရာပင်  ဖြစ်သည်။  ထိုအကြောင်းနှင့်ပတ်သက်၍  NIKKEI  Asian Review သတင်းဌာနတွင်  ဆောင်းပါးရှင် YUICHI NITTA က Uber, Grab do things a little differently in Yangon ဟူသော ခေါင်းစဉ်ဖြင့်  သုံးသပ်ရေးသားထားရာ....

Uber Technologies နဲ့ Grab လှမ်း ခေါ်စီးနိုင်သည့် အငှားယာဉ်စီး ပွားရေးလုပ်ငန်းမှာ အကြီးမားဆုံး ကုမ္ပဏီနှစ်ခုဖြစ်တယ်။ Uber နဲ့ Grab တို့က အခုဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရှိရာ အလျင်အမြန်ခြေ လှမ်းချဲ့လာခဲ့ပြီ ဖြစ်တယ်။ ရန်ကုန်ဆိုတာ စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ မြို့ဖြစ်နေတာကိုက သူတို့လုပ်ငန်းအတွက် ကြီးမားတဲ့အခွင့်အလမ်း ဖြစ်နေပါတယ်။

ရန်ကုန်မြို့ အာဏာပိုင်တွေကလည်း အဆိုပါကုမ္ပဏီနှစ်ခုကို လိုလိုလားလား ကြိုဆိုပုံ ရပါတယ်။ ဆိုရရင် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေတဲ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတိုးတက်ရေး နည်းလမ်းတစ်ခုအဖြစ် တက္ကစီအငှားယာဉ် ဝန် ဆောင်မှုလုပ်ငန်းကို ရှုမြင်နေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Image 7

အမေရိကန်ပြည်ထောင်စု အခြေစိုက် Uber ကုမ္ပဏီက ရန်ကုန်မှာ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းကို စတင်မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Uber ကုမ္ပဏီရဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက် ရောက်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ လန် ဒန်မြို့က Uber ရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်က သူ့ရဲ့သဘောထား ရှုမြင်ချက်ကိုဖော်ပြရာမှာ Uber ရဲ့ ဝန်ဆောင် မှု ကောင်းကောင်းနဲ့ ဈေးနှုန်းချိုသာမှုက ခရီး သည်တွေကို ကျေနပ်ပျော်ရွှင်စေပုံရတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လုပ်ငန်း အလျင်အမြန် ကြီးထွားလာတဲ့ Uber က ခရီးသည်တွေကို ဝန်ဆောင်မှုပေးဖို့ စိတ်အား ထက်သန်တဲ့ ယာဉ်မောင်းတွေကိုသာ အလုပ်ခန့်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက တော့ Uber အနေနဲ့ သူ့ရဲ့လုပ်ငန်းအတွက် ယာဉ်မောင်းလိုင်စင်ရှိတဲ့ ယာဉ်မောင်းတွေကို ငှားရမ်းခန့်ထားမှာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံ Uber ရဲ့ တက္ကစီ အငှားဝန်ဆောင်မှု လုပ်ငန်းအတွက် အာရှဈေးကွက်ကို ပထမ ဦးဆုံးအကြိမ် ဝင်ရောက်လာတာလည်း ဖြစ် ပါတယ်လို့ Uber ရဲ့ လုပ်ငန်းတိုးချဲ့ရေးအထွေ ထွေမန်နေဂျာ ဆမ်ဘူးလ်က ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ အငှား ယာဉ်တွေ တစ်ပုံတစ်ခေါင်း ရှိနေပြီဖြစ်တဲ့ အတွက် ပုဂ္ဂလိက မော်တော်ယာဉ်တွေကို ထပ်မံစုဆောင်းဖို့ မလိုအပ်ဘူးလို့လည်း ဘူးလ် က ဆိုပါတယ်။ ဒီလိုချဉ်းကပ်မှုပြုတာဟာ ဥပဒေရေးရာ ပြဿနာတွေကို ရှောင်လွှဲဖို့ အဆင်ပြေစေမယ့် နည်းလမ်းဖြစ်တယ်လို့ လည်း ဆိုပါတယ်။ Uber က ရန်ကုန်မှာ လုပ်ငန်းလုပ်ဆောင်ဖို့အတွက် ရန်ကုန်ဘတ်စ်ကား စနစ်နဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းနေပါတယ်။

ဇန်နဝါရီလအတွင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ရန်ကုန်မြို့ရဲ့ ထိရောက်မှုမရှိတဲ့ မြို့တွင်းဘတ်စ်ကားဝန်ဆောင်မှုလုပ်ငန်းကို ထိရောက်ပြီး တွက်ခြေကိုက်တဲ့ ဝန် ဆောင်မှုလုပ်ငန်း စနစ်ဖြစ်အောင်လုပ်ဖို့ ကြံ ဆောင်ခဲ့ပါတယ်။ မြို့တွင်း ဘတ်စ်ကားဝန် ဆောင်မှုလုပ်ငန်းဟာ ခရီးသည်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာလို ဖြစ်နေတဲ့ အတွက် အခုလို ပြောင်းလဲဖို့ ပြင်ဆင်နေ တာလည်း ဖြစ်ပါတယ်။

20170726 Uber Grab Yangon1 article main image

Uber  က YBS နဲ့ အစုစပ် စီးပွားရေး လုပ်ငန်း အစိတ်အပိုင်းအဖြစ် လုပ်ဆောင် သွားဖို့လည်း အဆိုပြုထားပါတယ်။ Uber အနေနဲ့ အဆိုပါပူးပေါင်းဆောင်ရွက်တဲ့ ချဉ်းကပ်မှုကို အောင်မြင်စွာ သက်သေပြနိုင်မယ်ဆိုရင် အဲဒီဗျူဟာအတိုင်း အခြားနိုင်ငံတွေမှာ လုပ်ဆောင်သွားဖို့လည်း စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။

Grab ကတော့ စင်ကာပူအခြေစိုက်ကုမ္ပဏီဖြစ်ပြီး အရှေ့တောင်အာရှမှာတော့ Uber ရဲ့ အဓိကပြိုင်ဘက်ဖြစ်ပါတယ်။ Grab က ရန်ကုန်မှာ လှမ်းခေါ် အငှားယာဉ်ဝန် ဆောင်မှုလုပ်ငန်းကို အစမ်းသဘောနဲ့ ဝင် ရောက်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ အငှား ယာဉ်စီး ခရီးသည်တွေအနေနဲ့ ကုမ္ပဏီရဲ့ မိုဘိုင်းအပလီကေးရှင်းကနေတစ်ဆင့် ငှား ရမ်းစီးနင်းနိုင်တဲ့ ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။

Grab က စမ်းသပ်မှုကာလမှာ ခရီးသည် တွေနဲ့ အငှားယာဉ်မောင်းတွေဆီက တုံ့ပြန်ချက်တွေနဲ့ အချက်အလက်တွေကို စုဆောင်းမှုပြုပြီး ဇူလိုင် ၂၆ ရက်က တရားဝင် လုပ်ငန်း စတင်မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ Grab ဟာ ဇွန်လအတွင်းမှာ Wave Money နဲ့ လက်တွဲလိုက်တယ်။ Wave Moneyပ ဆိုတာ ဒေသခံ မိုဘိုင်းငွေပေးချေမှု ဝန်ဆောင် မှုလုပ်ငန်းဖြစ်ပြီး Wave Money က E-wallet စင်္ကြဖြစ်ပြီး ထိုအစီအစဉ်မှနေ၍ ခရီးသည် တို့အတွက် ဝန်ဆောင်မှုပြုသွားမည်ဖြစ်သည်။

Wave Money ဝန်ဆောင်မှုလုပ်ငန်းသည် ဒေသခံမိုဘိုင်းလုပ်ငန်းနှင့် ဘဏ်တစ်ခု တို့အကြား ပူးတွဲလုပ်ကိုင်လည်ပတ်နေသည့် လုပ်ငန်းလည်း ဖြစ်ပါတယ်။ Wave Money က အသုံးပြုသူတို့ကို သူတို့၏ကိုယ်ပိုင် e- money စာရင်းရှိရာသို့ မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်များအတွက် ယာဉ်စီးခနှင့်ပတ် သက်သည့် သတ်မှတ်ချက် စည်းမျဉ်းစည်း ကမ်းများမရှိဘဲ ယာဉ်မောင်းနှင့် ခရီးသည် အကြား ညှိနှိုင်းမှုပြုသည့် ယာဉ်စီးခသာရှိပါသည်။ ယခုဆိုလျှင် Uber နှင့် Grab တို့ကဲ့ သို့သော လှမ်းခေါ်အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းက ခရီးသည်တို့ကို ပိုမိုဘေးကင်းလုံ ခြုံစေသလို ခံစားရမှာဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတို့ကလည်း မိုဘိုင်းအပလီ ကေးရှင်း အသုံးပြုမှုကို နှစ်သက်ပါတယ်။ အ ကြောင်းမှာ မိုဘိုင်းအပလီကေးရှင်းက ခရီးသွားတို့ သွားရောက်မည့် ခရီးစဉ်ကို ပြသပေး သည့်အတွက် ဘာသာစကားအတားအဆီး ကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။

လှမ်းခေါ်အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းရဲ့ အဓိကစိန်ခေါ်မှုက လုပ်ငန်းကို ဘယ်လိုတိုးချဲ့ရမယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းမှတ်ပုံတင်ထားတဲ့ အငှားယာဉ်စီးရေ အလွန်နည်းနေမယ်ဆိုရင် ခရီးသွားဖောက်သည်တွေကို အချိန်အကြာကြီး စောင့်ဆိုင်း စေမယ့် ပြဿနာမျိုးတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Uber နဲ့ Grab တို့အနေနဲ့ သူတို့ရဲ့ လှမ်းခေါ်အငှားယာဉ်ဝန် ဆောင်မှုလုပ်ငန်းအတွက် စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဖို့ ရှိနေတာတော့ အမှန်ပဲဖြစ်ပါ တယ်။                  

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191