Main menu
HOT NEWS
adv
ရွှေဝါရောင် ၁ဝ နှစ်ပြည့်မှာ တောင်းဆိုချက်တွေရပြီလား

ရွှေဝါရောင် ၁ဝ နှစ်ပြည့်မှာ တောင်းဆိုချက်တွေရပြီလား

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး (၁ဝ)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ စက်တင် ဘာ ၂၅ ရက်နေ့ တစ်ပြိုင်နက်ကျင်းပမှာဖြစ် ကြောင်း ရွှေဝါရောင်သံဃာတော်များ ဦးဆောင် ဆရာတော် ဦးစန္ဒာသီရိက သြဂုတ် ၁၆ ရက် က မိန့်ကြားခဲ့ပါတယ်။

ရန်ကုန်မြို့ ဓမ္မပိယကျောင်းတိုက်မှာ ကျင်းပမယ့်ပွဲမှာ ရွှေဝါရောင်ကြေညာစာတမ်း ဖတ်ကြားခြင်း၊ ရွှေဝါရောင်တော်လှန်ရေး ဖြစ် ပေါ်ရတဲ့အခြေအနေများ ရှင်းလင်းခြင်းနဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်မှာ လိုအပ်နေတဲ့အခြေအနေ တွေကို နိုင်ငံရေး အတွေ့အကြုံရှိသူတွေက ဆွေးနွေးခြင်းတို့ပြုလုပ်မှာဖြစ်ပြီး ရွှေတိဂုံစေတီ တော် အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှာ မေတ္တသုတ်ရွတ်ဖတ်ခြင်း၊ ငြိမ်းချမ်းရေးဆုတောင်း ပွဲလုပ်ဆောင်ခြင်းတို့ ပြုလုပ်မှာဖြစ်ပြီး မန္တလေး မြို့မှာလည်း ကျင်းပသွားမှာဖြစ်ကြောင်း၊ နှစ်စဉ် ကျင်းပတဲ့နေ့က ၁၈ ရက်နေ့ ကျင်းပရာမှ ရန်ကုန်နဲ့ မန္တလေး တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပချင်တဲ့အတွက် စုစည်းမှုကိုပြဖို့ စက်တင်ဘာ ၂၅ ရက်နေ့ ပြောင်းလဲကာ ရက်သတ်မှတ်ပြီး နိုင်ငံရေး အနှစ်သာရရှိရှိနဲ့ ကျင်းပ ဆောင်ရွက်ဖို့အတွက် ကြေးသွန်းဘုရားမှာ စုရပ်လုပ်ပြီး ရွှေတိဂုံဘုရားတက်ကာ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပြည်သူ့ဆန္ဒပြည့်ဝရေးဆိုတဲ့ ဆုတောင်းပွဲဆောင်ရွက်သွားဖို့ စီစဉ်ကာ ရန်ကုန် မြို့ ၁၈ ရက်၊ မန္တလေး ၂၆ ရက်နေ့အစား တစ် ရက်တည်းမှာပြောင်းကာ ဆောင်ရွက်သွားမယ် ဆိုတယ်။

၁၉၈၈ သြဂုတ် ၈ ရက် ရှစ်လေးလုံးအရေး အခင်းမှာ ရဟန်းပျိုသမဂ္ဂက သပိတ်စခန်းတွေ မှာ ဦးဆောင်မှုပေးနိုင်ခဲ့တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ တပ်မတော်က အာ ဏာသိမ်းပြီးတဲ့နောက် ရဟန်းပျိုအချို့ နယ်စပ် ကိုတိမ်းရှောင်သွားပေမယ့် အများစုက မြန်မာ နိုင်ငံအတွင်း အခွင့်အရေးတွေ စောင့်ဆိုင်းနေ ခဲ့တယ်။ ၁၉၉ဝ ပြည့်နှစ် ပတ္တနိက္ကုဇနကံဆောင် ဆရာတော်များကို အပြစ်မဲ့ဖမ်းဆီးပြီး ထောင် မျိုးစုံမှာ ကာလကြာကျခံခဲ့ရပြီး ပြန်ထွက်အလာ မှာ အချို့ရဟန်းတော်ထေရ်ကြီးဝါကြီးတွေ မိမိကျောင်း ပြန်ခြေချခွင့်မရတော့ဘူး။ အချို့ လူထွက်သွားရတယ်။ ၂ဝဝ၇ ခုနှစ်မှာ အာဏာ ရှင်အစိုးရက ဓာတ်ဆီဈေးနှုန်းတက်ပြီး ကုန် ပစ္စည်းဈေးနှုန်းတွေ တက်လာတဲ့အခါ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ပေါ်ထွန်းလာပြန် ကာ သည်တစ်ကြိမ်မှာ စစ်အုပ်ချုပ်ရေးကို အန်တုကာ ပြည်သူ့ကိုယ်စား အသက်ကိုပဓာန မထားဘဲ မိုးထဲရေထဲ ရဲရဲဝံ့ဝံ့ သပိတ်မှောက် ကံဆောင်ခဲ့ကြတယ်။ လမ်းတစ်လျှောက် မေတ္တ သုတ် ရွတ်ဖတ်ခဲ့တယ်။

၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးကို လည်း စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းဖြိုခွင်း ခဲ့ပြန်ပါတယ်။ ပါဝင်တဲ့ ရဟန်းတော်၊ သီလရှင် များ ဘယ်လောက်ကျဆုံးမှန်း မထုတ်ပြန်ခဲ့ ပေမယ့် ဂျပန်လူမျိုးသတင်းထောက်တစ်ဦး ပစ်သတ်ခံရလို့ ရွှေဝါရောင်တော်လှန်ရေး အပေါ် ကမ္ဘာက စောင့်ကြည့်လာကြတယ်။ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရဟန်းတော် များ 'ပတ္တနိက္ကုဇန' သပိတ်မှောက် ကံဆောင် ခြင်းတွေ မလုပ်နိုင်တော့ဘူး။ ရွှေဝါရောင်တော် လှန်ရေးနဲ့ပတ်သက်လို့ စစ်ကျောင်းတော်ကြီး တွေက သင်တန်းတွေမှာ ၁၉၈၈ ခုနှစ် ရှစ် လေးလုံးအရေးအခင်းမှာ ကျောင်းသားခေါင်း ဆောင်တွေရဲ့သတင်းကိုပဲ စဉ်ဆက်မပြတ် ထိတွေ့နေပေမယ့် ရဟန်းပျိုသမဂ္ဂရဲ့ လှုပ်ရှား မှု မျက်ခြည်ပြတ်သွားတယ်။ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ ရဟန်းပျိုတွေက ၂ဝဝ၇ ခုနှစ် နှစ် ပေါင်း ၂ဝ အကြာမှာ ကျောင်းထိုင်ဘုန်းကြီး တွေဖြစ်လာပြီး စစ်အစိုးရအပေါ် အနုနည်းနဲ့ အင်နဲ့အားနဲ့ ကြိုးပမ်းအားထုတ်လာကြတယ်။ ရှစ်လေးလုံးမှာပါဝင်ခဲ့တဲ့ ရဟန်းပျိုများစာရင်း ကို ယခင်ထောက်လှမ်းရေးအဖွဲ့က ဖျောက်ဖျက် ပစ်ခဲ့လို့ နောက်ဆက်တွဲသတင်းမရတော့ဘဲ အစပြတ်နေရာက ကျောင်းထိုင်တွေကိုယ်တိုင် ပါဝင်ဆင်နွှဲတဲ့အရေးအခင်းဖြစ်ခဲ့ပြီး ယင်း ကျောင်းထိုင်တွေကို အတင်းအကျပ်ရအောင် ဖမ်း၊ အဓမ္မ လူဝတ်လဲစေကာ ကြီးမားတဲ့ပြစ် ဒဏ်များ ချမှတ်နိုင်ခဲ့တယ်''လို့ သင်ခန်းစာ ဖော်ထုတ်ပြခဲ့တယ်။

၂ဝ၁၇ (၁ဝ)နှစ်ပြည့်မှာတော့ တိုင်းပြည် ရဲ့ လိုအပ်မှုအရ အဓိကအဖျက်အမှောင့်တွေ အပေါ်မှာ ရွှေဝါရောင်သံဃာတော်တွေ လူထု အားတို့ စုစုစည်းစည်းညီညွတ်ဖို့ လိုအပ်တယ် ဆိုတဲ့ နိုင်ငံရေးတစ်ခုရဖို့ စက်တင်ဘာ ၂၅ ရက်ကို ပြောင်းပြီးဆောင်ရွက်တာ။ ရွှေဝါရောင် မှာလည်း စက်တင်ဘာ ၂၅ ရက်ဟာ လူထုလူတန်းစား လူမျိုးပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံ အကုန်လုံးပါတဲ့နေ့ဖြစ်တဲ့အတွက် ပြည်သူလူထု လူတန်းစားမရွေး ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက် ရွေးလိုက်တာ ဆိုတယ်။

၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ တောင်းဆိုခဲ့တဲ့အချက်လေးချက်မှာ ကုန်ဈေး နှုန်း ကျဆင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရေးနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးတို့ဖြစ်ပြီး ရွှေဝါရောင်တော် လှန်ရေးက တောင်းဆိုထားတဲ့အချက်သုံးချက် ကျန်ရှိသေးကြောင်း၊ တောင်းဆိုချက်တွေကို တာဝန်ရှိပုဂ္ဂိုလ်တွေက ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ တာဝန်ရှိသူတွေအနေနဲ့ တောင်း ပန်ပါက ဘုန်းတော်ကြီးများအနေနဲ့ ဝိနည်း အရ ဘာသာတရားအရ ကျေအေးပေးမှာဖြစ် ကြောင်း၊ ပြည်သူလူထုကိုယ်စားပြုပြီး တောင်း ဆိုထားတဲ့အချက်တွေ ဆောင်ရွက်ပေးမယ်လို့ ကတိတစ်ခုခုရရှိပါက သပိတ်လှန်ဖို့ အစီအစဉ် ရှိကြောင်း၊ ပြည်တွင်းစစ်ချုပ်ငြိမ်းတဲ့အပြင် ဘာသာရေးပဋိပက္ခများ၊ လူမျိုးရေးပဋိပက္ခ များ မရှိမှာသာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း၊ ရွှေဝါရောင်သံဃာများ စုစည်းဖို့နဲ့ ညီညွတ်ဖို့ လိုလားကြောင်း၊ ပြည်သူ တွေနဲ့ တစ်သားတည်းဖြစ်ဖို့ လိုအပ်ပြီဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင် သံဃာကွန်ရက်ကို ဖွဲ့စည်းခဲ့ကြောင်း ဦးစန္ဒာ သီရိက သြဂုတ် ၁၆ ရက်က မိန့်ကြားခဲ့တာပါ။

ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရခြင်း အဓိကအကြောင်းရင်းမှာ ပြည်သူတို့ရဲ့ စားဝတ်နေရေးအခက်အခဲများ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာတဲ့အခြေအနေတွေနဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကြား စစ်မီးတောက်များ ပိုမိုကြီးထွားလာတဲ့အခြေ အနေတွေ ကင်းပငြိမ်းပျောက်နိုင်ဖို့ သံဃာ တော်တွေက မြတ်စွာဘုရားရဲ့ 'မေတ္တသုတ်'တော်ကို ရွတ်ဆိုပြီး မေတ္တာပို့ချီတက်လမ်း လျှောက်ကာ 'ပတ္တနိက္ကုဇန'ကံနဲ့ စစ်အာဏာ ရှင်တွေအပေါ် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေဝါရောင်သံဃာတော်များမှ ပြည်သူတွေ အတွက် လိုလားတောင့်တအပ်တဲ့ စားဝတ် နေရေးအခက်အခဲတွေဟာ ယခင်အစိုးရအဆက်ဆက် ရက်ရက်စက်စက် ဖိနှိပ်ဖျက်ဆီးခဲ့တဲ့ဒဏ်ကို ခါးစည်းခံရတဲ့အတွက် ယနေ့ အင်န်အယ်လ်ဒီပြည်သူ့ အစိုးရလက်ထက်မှာ ယင်းကိစ္စတွေ အဆင်ပြေဖို့ ကြိုးစားဆောင် ရွက်နေပေမယ့် ယနေ့အထိ အဆင်မပြေသေး တာကို သိရှိထားသလို တိုင်းသူပြည်သားတို့ရဲ့ စားဝတ်နေရေးအခက်အခဲများ အကောင်းဆုံး အမှန်ကန်ဆုံး၊ အမြန်ဆုံးနည်းလမ်းနဲ့ အကောင် အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်နေတာပဲ ဖြစ်တယ်။

လက်တွေ့မှာ မြန်မာနိုင်ငံဟာ ဆန်စပါး ထွက်ရှိကာ နိုင်ငံခြားတင်ပို့ရောင်းချနေတဲ့တိုင် 'ထမင်းနပ်မမှန်'တဲ့မိသားစုတွေရှိနေပြီး ကလေး ငါးဦးမှာ တစ်ဦးနှုန်း အာဟာရချို့တဲ့နေတယ် လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုတယ်။ ကမ္ဘာ့ ဘဏ်ကတော့ မြန်မာကလေးနှစ်ဦးမှာ တစ်ဦး အာဟာရချို့တဲ့နေတယ် ဆိုတယ်။ အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်တဲ့ အရပ်ပုပြတ်နှုန်းမှာ တောင်တန်းဒေသ ၄၅ ရာခိုင်နှုန်းကျော်ရှိပြီး မြေပြန့်နဲ့ မြစ်ဝကျွန်းပေါ်အရပ်တွေမှာ ၃၄ ရာခိုင်နှုန်းရှိပါတယ်။ နာဂဒေသမှာ အာဟာရ ချို့တဲ့ခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် သေဆုံးရတာမျိုးရှိတယ်။ အာဟာရချို့တဲ့မှု ယနေ့တိုင် အဖြေမရှာနိုင် သလို လူတစ်ဦးချင်းဝင်ငွေတိုးလာမယ့် အလုပ် အကိုင်သစ်၊ အခွင့်အလမ်းသစ်များ မရှာပေး နိုင်သေးဘူး။
မြန်မာနိုင်ငံဟာ ဆန်စပါး စတဲ့ရိက္ခာ ထုတ်လုပ်နေတဲ့နိုင်ငံဖြစ်ပြီး အာဟာရချို့တဲ့ နေသူများနေတာက ထူးဆန်းလို့နေပါတယ်။ ၂ဝ၁၄ သန်းခေါင်စာရင်းအရ ၁၈ နှစ်အောက် ကလေးလုပ်သား ရှစ်သိန်းခန့်ရှိပြီး အချို့ဟာ အန္တရာယ်များတဲ့လုပ်ငန်းခွင်တွေမှာ တစ်နေ့ ၈ နာရီမှ ၁ဝ နာရီအထိ လုပ်ကိုင်နေကြရပြီး တစ်ရက်လုပ်ခ လူကြီးလုပ်အားခရဲ့ ထက်ဝက် ကျပ် ၂ဝဝဝ ရရှိကာ အချို့က ထမင်းစား ကျွန်ခံ လုပ်နေကြရတာပါ။ ၂ဝ၁၃ ခုနှစ် အသက်မွေး ဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ အဖွဲ့(LIFT)ရဲ့ စစ်တမ်းအရ ကလေးနှစ်ဦး မှာ တစ်ဦး အာဟာရချို့တဲ့နေတယ်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ စစ်တမ်းအရ မြန်မာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ၁ဝ နှစ် ကထက် ပိုမိုမြင့်မားနေတယ် ဆိုတယ်။ လန်းစ် (Learns)အဖွဲ့ အာဟာရနဲ့ ပြည်သူ့ကျန်းမာ ရေး အတိုင်ပင်ခံ မစ္စစ်ဂျီနီဖာကာရှင်း(Ms. Jenifer Carshin)က ၂ဝ၁၆ ခုနှစ် မေ ၁ ရက် က အဓိကအရေးကြီးဆုံးဆောင်ရွက်ရမှာက 'သံဓာတ်ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း' ဆို တယ်။

၂ဝ၁၆ ခုနှစ် ရွှေဝါရောင်သံဃာအဖွဲ့ ထောက်ပြတဲ့ စားဝတ်နေရေးအခက်အခဲအပြင် ကုန်ဈေးနှုန်းကျဆင်းရေးလည်း မလုပ်ဆောင် နိုင်ခဲ့ဘူး။ လုပ်ခလစာ တိုးပေးခြင်းမရှိပါဘဲ ကုန်ဈေးနှုန်းအားလုံး တရိပ်ရိပ်တက်နေတယ်။ ၂၁ ရာစုပင်လုံညီလာခံကလည်း တိုင်းရင်းသား အားလုံး အပစ်ရပ်(NCA)စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးဆဲဖြစ်ပြီး ယနေ့တိုင် သဘောတူညီ ချက်မရှိသေးပါ။ အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ် ပေးလည်းမရ၊ ကိုယ်စိတ်သန်ရာ 'ငြိမ်းချမ်း ရေး'ကို အဓိပ္ပာယ်ဖွင့်ကြရင်း စစ်ဘေးရှောင် တွေ များလာတယ်။ ရခိုင်နယ်စပ် မေယုတောင် ကြားမှာ ဘင်္ဂါလီအကြမ်းဖက်တို့ အခြေစိုက် စခန်းရှိလာတယ်။ အမျိုးသားပြန်လည်သင့် မြတ်ရေး မလွယ်သေးတဲ့အခြေအနေမှာ ရှိနေ ပါတယ်။                             

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191