Main menu
HOT NEWS
adv
ရခိုင်မြောက်ပိုင်းဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့်  ဒုက္ခသည်များကို  ကူညီပါ

ရခိုင်မြောက်ပိုင်းဒေသမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ကူညီပါ

ရန်ကုန်၊ ရခိုင်ဒေသတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ဒုက္ခသည်များအတွက် ပြည်တွင်းရှိ နေရာဒေသအနှံ့မှ ပရဟိတအသင်းအဖွဲ့များ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှနေ၍ ကူညီထောက်ပံ့မှု များကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြသည်။ အစိုးရမှ ကူညီ ဆောင်ရွက်ပေးမှုများအပြင် အနုပညာရှင်အချို့နှင့်တကွ လူမှုကူညီရေး အသင်းအဖွဲ့ပေါင်းစုံမှ ကူညီထောက်ပံ့မှုများ ကို ပြုလုပ်ပေးလျက် ရှိနေသည်။

သြဂုတ်လ နောက်ဆုံးပတ်အတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော စသည့်ဒေသများတွင် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အန္တရာယ် ကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်ဒေသ မြို့ကြီးအချို့ပေါ်ရှိ ကူညီကယ် ဆယ်ရေးစခန်းများတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။ ကနဦးကာလတွင် မောင်တောမြို့ရှိ ကယ်ဆယ်ရေးစခန်းများ၊ ထိုမှတစ်ဆင့် ဘူးသီးတောင်မြို့ရှိ ကယ်ဆယ်ရေးစခန်း နှင့် ထိုမှတစ်ဆင့် စစ်တွေမြို့သို့ လာရောက်ခိုလှုံမှုများရှိ ကြောင်း သိရသည်။

''မနေ့ကပဲ ဘူးသီးတောင်ကနေ ပြန်လာတာ။ အဲဒီအ ပြန်လမ်းမှာပဲ စစ်တွေကိုလိုက်မယ့် ဒုက္ခသည် ၅ဝ လောက် တွေ့တာနဲ့ ကူညီလိုက်သေးတယ်။ စက်လှေခကိုလဲ စိုက်ပေးလိုက်သေးတယ်။ ပြီးတော့ စစ်တွေက ဒုက္ခသည်စခန်းကို ပို့ပေးခဲ့တယ်''ဟု စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောသည်။

နေရပ်စွန့်ခွာ ထွက်ပြေးလာရသည့် ဒုက္ခသည်များ

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားပြီး နေရပ် စွန့်ခွာထွက်ပြေးခဲ့ကြသည့် ဒုက္ခသည်များအား ကူညီမှုများ စတင်ဆောင်ရွက်စဉ် ကာလတွင် အဆိုပါနေရာများ၌ စားသောက်မှုအတွက် ရိက္ခာအခက်အခဲများ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒုက္ခသည် စခန်းများတွင် ကလေးသူငယ်နှင့် သက် ကြီးရွယ်အိုများ များပြားခြင်းကြောင့် ¤င်းတို့၏ကျန်းမာရေး အတွက် ဆေးဝါးလိုအပ်မှုများရှိနေကြောင်း သိရသည်။

အကြမ်းဖက်မှုဖြစ်စဉ်များသည် သြဂုတ် နောက်ဆုံးပတ်အတွင်း ဘူးသီးတောင်၊ မောင်တောနေရာအများစုတွင် အချိန်ကိုက် ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။ ARSA အစွန်း ရောက် အကြမ်းဖက်သမားများအနေဖြင့် ထိုဒေသများရှိ လုံခြုံရေး ရဲကင်းစခန်းများနှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း အလစ်အငိုက်ယူကာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒေသခံများနေထိုင်သည့် ကျေးရွာများအား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ကာ သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေများ ကို ပြုလုပ်၍ ဒေသခံတိုင်းရင်းသားလူမျိုးများ နေထိုင်မှု မပြုနိုင်သည့် အခြေအနေ ရောက်ရှိစေရန် ဆောင်ရွက်ပြ ခဲ့ခြင်းလည်း ဖြစ်သည်။

ARSA အကြမ်းဖက်သမားများအနေဖြင့် အစိုးရအဖွဲ့ နှင့် ဆက်သွယ်သော ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊  အမာခံသတင်းပေးများအား သတ်ဖြတ်၊ ခြိမ်းခြောက်မှုများအပြင် ဒေသခံတိုင်းရင်းသားများ ၄င်းတို့ ကျေးရွာများတွင် ဆက် လက်မနေနိုင်ရန် အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောနယ်မြေရှိ ကျေးရွာများအား ဘင်္ဂါလီလူမျိုးများသာ နေထိုင်ရန်အတွက် အစီအမံများချမှတ်ကာ အမာခံနယ်မြေ တည်ဆောက်၍ အခွင့်သာသည့်အချိန်တွင် လုံခြုံရေး ကင်းစခန်းများကို ဝင်ရောက် တိုက်ခိုက်ရန် အတွက် ကြံစည်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

''စစ်တပ်ကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးပြီးတော့ အကောင်အထည်ဖော်သင့် နေပြီ။ ဘယ်ကစလုပ်မလဲ။ မောင်တောမြို့ သေးသေးလေးက စမလား။ နောက်တစ်ရွာထပ်တိုး မောင်တောတိုက်နယ်။ မောင်တော ခရိုင် အဲ့လိုပုံစံသွားမလား တဖြည်းဖြည်းတိုးချဲ့ ပြီး ဆောင်ရွက်မလားပေါ့''ဟု လေ့လာသူတစ်ဦးက မှတ်ချက် ပြုပြောဆိုသည်။

''တချို့ရွာရဲ့ ဖွဲ့စည်းပုံက ဘင်္ဂါလီရွာ လေးငါးရွာကြား မှာ ရခိုင်ရွာလေးတစ်ရွာ လူလေးနည်းနည်းလေးနဲ့ အဲဒီလို မျိုးတွေ ဖြစ်နေတယ်။ တချို့တွေ ပိတ်မိနေတယ်''ဟု ဒေသ ခံတစ်ဦးက ပြောသည်။

ဒုက္ခသည်ကူညီရေးစခန်းများ အခြေအနေ

စက်တင်ဘာ ၅ ရက်ကလည်း မောင်တောမြောက်ပိုင်း ဒေသရှိ ကြိမ်ချောင်းကျေးရွာအတွင်း ပိတ်မိနေသည့် ဒေသခံနှစ်ရာကျော်ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဝေဠု ကျော်ဖောင်ဒေးရှင်းမှ ကယ်ထုတ်လာနိုင်ခဲ့ကြောင်း ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

''ထွက်ပြေးလာတဲ့ ဒေသခံ တိုင်းရင်းသားတွေကနေ ပြီးတော့ သူတို့ဒေသကို ပြန်သွားဖို့ဆိုတာထက် သူတို့ဒေသမှာ အေးချမ်းသွားပြီဆိုတဲ့ မိုင်းဆက်ကို သူတို့ရင်ထဲမှာရောက်လာပြီဆိုမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပြန်စလို့ရမယ် လို့မြင်တယ်''ဟု Colourless ပရဟိတအသင်းမှ ဦးကိုကို ကြီးက ပြောသည်။

လက်ရှိအချိန်၌ ဘူးသီးတောင်မြို့နယ်ရှိ အထက(၂) အတွင်း ဖွင့်လှစ်ထားရှိသည့် ဒုက္ခသည်ကူညီရေးစခန်းအတွင်း နေထိုင်မှုအတွက် အခက်အခဲ ဖြစ်နေကြောင်းနှင့် အမှတ်(၄) စာသင်ကျောင်းအတွင်း ဖွင့်လှစ်ထားရှိသည့် ဟိန္ဒူ ဒုက္ခသည် စခန်းအတွင်း လူဦးရေ ၁၇ဝဝ ကျော်ဖြစ်နေ ခြင်းကြောင့် နေရာအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။ လက်ရှိအချိန်တွင် ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေမြို့ကြီးများတွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်ကူညီ စောင့်ရှောက်ရေး စခန်းများအတွင်း ဒုက္ခသည်ပေါင်း ၂၆ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။

''အခုလိုနေတာ အလှူငွေကြေးမဟုတ်တော့ဘူး။ ဒေသတည်ငြိမ်ရေး အစိုးရရဲ့ ထိထိရောက်ရောက် ကိုင်တွယ်ရေးပါ''ဟု ဒုက္ခသည်စခန်းတစ်ခုအတွင်း ရောက်ရှိနေသည့် ဒေသခံတစ်ဦး၏ စကားသံကို ဦးကိုကိုကြီးက ပြန်လည်ပြော ဆိုခြင်းဖြစ် သည်။

''ကျွန်တော်တို့ စဉ်းစားမိတာ တချို့ဘင်္ဂါလီတွေနဲ့တောင် တွေ့ဖြစ်တယ်။ ကျွန်တော်တို့က ငြိမ်းချမ်းချင်တာကိုး။ သူတို့မှာလဲ သူတို့ထိတ်လန့်မှုတွေ ဖြစ်နေတယ်။ ကြောက်ရွံ့မှုတွေ ရှိနေတယ်။ အကြမ်းဖက်သမားကတော့ ရှိတာပေါ့'' ဟု ကိုကျော်စန်းချေက သုံးသပ်ပြသည်။

စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်

လက်ရှိအခြေအနေတွင် မောင်တောဒေသ တည်ငြိမ် အေးချမ်းရေးအတွက် ထိုဒေသအား စစ်ဆင်ရေးနယ်မြေအ ဖြစ် သတ်မှတ်ရန်အတွက် တပ်မတော်မှ တင်ပြလာမှုအပေါ် သမ္မတရုံးမှ ခွင့်ပြုလိုက်ကြောင်း စက်တင်ဘာ ၄ ရက်က ထုတ်ပြန်ထား သည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှလည်း အကြမ်းဖက်နှိမ်နင်းရေးနှင့် နယ်မြေဒေ သလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''ပေါ်လစီသုံးခုကို တစ်ပြိုင်တည်း ကျင့်သုံးရမယ်လို့ ကျွန်တော်တို့ စဉ်းစားမိတယ်။ အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေညာပြီးပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ တိုက်ထုတ်ရမယ့် အခြေအနေဖြစ်တယ်။ နောက်တစ်ခုက ဒီပလိုမေစီနည်း အရ ကျင့်သုံးသင့်တယ်။ အကြမ်းဖက်သမားတွေပါ ဆိုတာ ကို ပြရမယ်။ အစိုးရက ဒီထက်မက ကယ်ဆယ်ရေးတွေ လုပ်ရမယ်။ ရခိုင်လူထုဆိုတာထက် တိုင်းရင်းသားလူထုအတွက်ကိုပါ လုပ်ကိုလုပ်ရမယ့် အခြေအနေပါ။ လူ့အခွင့်အ ရေးအရ စဉ်းစားသင့်တယ်။ ဒါသည် လူသားတစ်ယောက် ဖြစ်တဲ့အတွက် အကြမ်းဖက်ဝါဒီတွေရဲ့အောက်မှာ တိုက် ခိုက်မှုခံနေရတဲ့ ဘင်္ဂလီလူမျိုးတွေ ရှိနိုင်တယ်။ အဲဒီလူတွေကို အစိုးရက လူ့အခွင့်အရေး အရသော်လည်းကောင်း တစ် ခုခုကို စဉ်းစားပေးရမယ်''ဟု ကိုကျော်စန်းချေက သူအမြင် ကို ဆက်လက်ပြောဆိုသည်။

ပြန်လည်ထူထောင်ရေး စတင်ဖို့အသင့်ဖြစ်ပြီလား

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်မှုများ စတင်နိုင်ရန်အတွက် နယ်မြေလုံခြုံရေး အခြေအနေကို ဦးစွာ ဆောင်ရွက်သင့်ကြောင်း သုံးသပ်ကြသည်။ ထို့အပြင် ဒေသခံများ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိစေရန် အတွက်လည်း ကူညီဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် လိုအပ်သည်ဟု ဆိုကြသည်။

''အစိုးရပိုင်းကလဲ ဒုက္ခသည်စခန်းမှာရှိတဲ့ ကလေးတွေ ကို စိတ်ဓာတ်မြှင့်တင်ရေးတွေ လုပ်ပေးစေချင်တယ်။ တချို့အပိုင်းတွေက ကျွန်တော်တို့ မလုပ်နိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ စိတ်ဓာတ်မြှင့်တင်ရေး၊ ပညာရေးပိုင်းနဲ့ ရေရှည်ကြ တော့ မလွယ်ကူဘူး။ အစိုးရအနေနဲ့ ဆောင်ရွက်ပေးစေချင် ပါတယ်''ဟု ဒေသခံတစ်ဦးက လက်ရှိအခြေအနေနှင့် ပတ် သက်၍ သုံးသပ်ပြသည်။  

ရခိုင်ဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ် စဉ်များကြောင့် ဒေသခံ ၆၃ ဦး ကျော်ခန့်သေဆုံးခဲ့သည့်အ ပြင် ၃၇ ဦးခန့်အထိ ပျောက်ဆုံးလျက်ရှိနေသည်။ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံတိုင်းရင်းသားများ ကြုံ တွေ့ခဲ့ ရမှုများအတွက် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင် ရာ ထိခိုက်မှုများပါ ရရှိခဲ့သည်ဟု သုံးသပ်ကြသည်။

''သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ သူတို့တွေမှာ ကြောက်ရွံ့မှု တွေ စိုးရိမ်မှုတွေရှိနေတယ်။ အခုက စိတ်ထိခိုက်တဲ့လူတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးမှုတွေ လိုအပ်နေတယ်။ အားနည်းနေသေးတယ်။ နောက်တစ်ခုက ကျန်းမာရေးကုသမှု တွေ အများကြီး လိုအပ်နေသေးတယ်''ဟု ဒေသခံတစ်ဦး ဖြစ်သည့် ကိုကျော်စန်းချေက သုံးသပ်ပြသည်။

ထို့အပြင် မောင်တောနှင့် ဘူးသီးတောင်ဒေသရှိ ကျေးရွာအချို့တွင် ပိတ်မိနေသည့် ဒေသခံတိုင်းရင်းသားများ၏ လုံခြုံမှုအခြေအနေနှင့် ကူညီထောက်ပံ့မှု အပိုင်းများလည်း အားနည်းနေသေးကြောင်း ဒေသခံများကဆိုသည်။ ထိုနေရာများသို့ လူမှုကူညီရေး အဖွဲ့အစည်းများ သွားရောက်မည် ဆိုပါက အကြမ်းဖက်သမားများ၏ အန္တရာယ်နှင့်လည်းတွေ့ ကြုံခဲ့သည့် အဖွဲ့အစည်းများ ရှိခဲ့သည်ဟုသိရသည်။ ထို့ကြောင့် ထိုနေရာများရှိ ဒေသခံတိုင်းရင်းသားများအား ကူညီထောက် ပံ့ပေးအတွက် အစိုးရအနေနှင့် ထိရောက်သည့် ကူညီထောက် ပံ့မှုများကို ဆောင်ရွက်သင့်ကြောင်း သုံးသပ်ကြသည်။

ထို့ကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဒေသများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် နယ်မြေဒေသ လုံခြုံအေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အ လေးထား ဆောင်ရွက်ရမည်ဖြစ်သည့် လုပ်ငန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပေသည်။ သို့မှသာ ဒေသခံတိုင်းရင်းသား၏ လုံခြုံစိတ်ချရသည့် ဘဝရပ်တည်နိုင်ရေးအတွက် အာမခံချက်ပေးနိုင်မည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိ မည် ဖြစ်ပေသည်။          

FACTS

ရခိုင်ဒေသအတွင်း အစွန်းရောက်အကြမ်းဖက်သူတို့က ယခုနှစ် သြဂုတ်၂၅ရက်တွင် ဒုတိယအကြိမ် အလစ်အငိုက်စောင့်ကာ လုံခြုံရေးရဲကင်းစခန်းများနှင့် ဒေသခံကျေးရွာ များသို့ တိုက်ခိုက်ခြင်း ဖြစ်သည်။

၎င်းအဖွဲ့သည် rakan Rohingya Salvation Army (ARSA) အဖွဲ့ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်မှာ ဟာဗစ်တူတာ(ခ) အာပူဟာမတ်ဇူးလူနီ (ခ) အတ်တာအူလာ ဖြစ်သည်။ ထိုအဖွဲ့အား အရှေ့အလယ် ပိုင်းနိုင်ငံများ၌ သွားရောက်နေထိုင်လျက်ရှိသည့် မောင်တောဇာတိဖွား အဒူလာမာရုဖ်နှင့် အဘူအာ မတ်တို့မှ ငွေကြေးထောက်ပံ့လျက်ရှိပြီး ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှရရှိသည့် ငွေကြေးများဖြင့် ရပ်တည်လျက်ရှိသည်။ ယခင်နှစ် စက်တင်ဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ARSA အစွမ်းရောက် အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသည့် ဒေသခံများအနေဖြင့် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့များရှိ ဘုန်း တော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေထိုင်လျက် ရှိကြသည်။

TALK

ဦးကျော်သက် (အင်ဂျင်နီယာမှူး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)

ပြန်လည်ထူထောင်ရေး ဆိုတာကတော့ နယ်မြေအေးချမ်းရေးရှိမှ ဆောင်ရွက်လို့ရမယ့်ကိစ္စပါ။ နယ်မြေအေးချမ်းမှု မရှိရင်တော့ ဘယ်လို သွားထူထောင်မလဲ။ နောက်တစ်ခုက နယ်မြေအေးချမ်းလာပြီဆိုရင် တရားဥပဒေစိုးမိုးမှုကလည်း ရှိဖို့ လိုအပ်သေးတယ်။ ဒါမှသာ ဆောင်ရွက်လို့ ရမယ့်အခြေအနေမျိုးပါ။ နောက်တစ်ခုက ကူညီထောက်ပံ့ရေးလုပ်ငန်း တွေ လုပ်နေတာပေါ့။ ရေဘေးတုန်းကလည်း ကြုံခဲ့တာပဲလေ။ တချို့ မရောက်တဲ့နေရာတွေတောင် ရှိခဲ့တယ်လို့ ကြားခဲ့ရတယ်။ အခုလည်း အဲဒီလိုမျိုး မဖြစ်ရအောင်လို့ပေါ့ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် အစိုးရ ကနေပြီးတော့ ဦးဆောင်ပြီးတော့ ဆောင်ရွက်ပေးရင် ပိုမိုထိရောက်မယ်လို့ မြင်တယ်။ ဒါမှသာ အဆင်ပြေနိုင်မယ်။

 

မနီနီစန်း(Office Manager)


အစ်မတို့ လူမှုရေးအဖွဲ့အစည်းတွေက လှူတဲ့အပိုင်းကတော့ ဒီလောက် ဆိုရင်တော့ ပြည့်စုံနေတယ်။ သူတို့ဘာဖြစ်ချင်လဲ ပြောင်းချင်လား မေးကြည့်တယ်။ သူတို့နေရပ်မှာပဲ ခေါင်းချချင်ကြတဲ့ပုံစံ။  နေချင်တယ်ဆိုပေမယ့် လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ ပြီးတော့ သူတို့တွေရတဲ့ စိတ်ဒဏ်ရာတွေ လူကြီးတွေဆိုရင်လည်း ကြောက်ရွံ့နေမှုတွေကို သူတို့ အဲဒီနေရာမှာ ဆက် နေမှာလား၊ အခြေအနေက သေချာမှု မရှိသေးဘူး ဖြစ်နေတယ်။ စုံစမ်းကြည့်တော့ အဓိကလိုအပ်တာကတော့ ငွေကြေးထောက်ပံ့ရင် အဆင်ပြေ မယ်။ သူတို့တွေ စစ်တွေကို တက်လာမယ်ဆိုရင် သူတို့ ကားကမရှိဘူး ဖြစ်နေတယ်။ ခုနောက်ပိုင်း သွားလှူမယ့်လူတွေ ဘာလိုလဲလို့ ပြောလာရင် အစ်မက ပိုက်ဆံပဲ လှူစေချင်တယ်။ ဒါမှ ထိရောက်နိုင်မယ်။

 

ကိုမျိုးမင်းထွန်း (Executive Engineer ၊ Great King Engineering & Service Group)

ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်မယ်ဆိုရင်တော့ အဓိက လိုအပ်တာ လုံခြုံရေးပေါ့။ ဘာလို့လဲဆိုတော့ ဘင်္ဂါလီတွေကို ရခိုင်ပြည် နယ်ကနေပြီးတော့ မောင်းထုတ်လို့ ရမှာလည်းမဟုတ်ဘူး။ အခြားနိုင်ငံတွေ ကလည်း လက်ခံမှာမဟုတ်ဘူး။ သူတို့နဲ့ အတူတူနေရမယ့် အခြေအနေ မှာတော့ သူတို့တွေက လက်နက်တွေရှိတယ်။ ဒီဘက်က တိုင်းရင်းသား တွေက ဘာမှမရှိဘူး။ အဲဒီလိုအနေအထားမျိုးမှာ အမြဲတမ်းအတွက် လုံခြုံ ရေးက လိုအပ်နေမယ်လို့ မြင်တယ်။ နောက်တစ်ချက်က ဒေသခံတိုင်းရင်း သားတွေရဲ့ လယ်ယာတွေကအစ အကုန်စွန့်လွှတ်လိုက်ရတယ်။ ဘာမှမရှိ တော့ဘူး။ သူတို့ဘဝတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ပေးရမယ့် အခြေအနေမျိုးလို့ မြင်တယ်။

 

IMPACT

Myo Myint အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ မှတ်ချက်

ပြည်သူတွေ ဒုက္ခရောက်လို့ အမှန်တကယ် ကူညီနေခြင်းပါ။ လူလူချင်း စာနာမှုထောက်ထား ညှာတာမှုများ ဖြစ်ပါတယ်။ ကူညီချင်ရင် ပါလို့ရသော်လည်း မပါနိုင်သူတွေကိုတော့ ဘယ်လို ပြောရမလဲ။ ပြည်သူ့ရဲ့ဒုက္ခကို မကယ်ချင်လို့လား၊ မသိယောင် ပြုတာလား၊ ဘေးထွက်နေတာ လား။ ဒီအချိန်ဟာ တန်ဖိုးရှိပါသည်။ အကြမ်းဖက်ဆိုးရန်က လွတ်လာလို့ ရောက်လာသူကို ဒီလိုလုပ်မပေးရင် ပြည်သူနဲ့အတူဆိုတဲ့ အဓိပ္ပာယ်ကို ပိုမိုပြီး နက်နက်နဲနဲ ခံစားလို့ရပါသည်။

 

Daw Than Nwe Yi အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏မှတ်ချက်

ဒေသခံတွေလည်း ကြောက်မှာပဲလေ။ လူသားချင်း ကိုယ်ချင်းမစာ ရက်ရက်စက်စက် သတ်ဖြတ်မှု စစ်ဖြစ်ရင်တောင် ဒီလို မညှာမတာ သတ်တာမျိုး မတွေ့ဖူးဘူး။ 

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191