Main menu
HOT NEWS
adv
ကုလသမဂ္ဂအထွေထွေညီလာခံတွင်  ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်  ရှင်းလင်းတင်ပြဖွယ်ရှိ

ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းတင်ပြဖွယ်ရှိ

( ၁ )
နေပြည်တော် ၊ သြဂုတ် ၂၉
ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၇၂) ကြိမ်မြောက်  ကုလသမဂ္ဂအစည်းအဝေးကြီးသို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက် မြို့ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပမည့် အထွေ ထွေညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ဒုတိယအကြိမ် တက်ရောက်မည်ဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို စက် တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည် ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့်ွနညနမေီူနဘအေန တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံအခြေပြု မိန့်ခွန်းပြောကြား မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ကုလသမဂ္ဂ ဌာန ချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် ပထမအကြိမ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိ ရသည်။

( ၂ )
နေပြည်တော်မှ ရောက်ရှိလာသော သတင်းအရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၂ ရက် တွင် စတင်ကျင်းပမည်ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် ဒုတိယအကြိမ် တက်ရောက်၍ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ၏ ယနေ့ဖြစ်တည်နေသော ကာကွယ် ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဘာ သာရေး၊ ကျန်းမာရေး အခြေအနေအရပ်ရပ် ကို ဆွေးနွေးသုံးသပ် တင်ပြဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကို ဒုတိယ ကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ် အောက်တို ဘာ ၂၄ ရက်တွင် အဖွဲ့ဝင်နိုင်ငံ ၅၁နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ မြန်မာ့လွတ်လပ်ရေးကြီးကို ကမ္ဘာသို့ ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂအဖွဲ့ချုပ် ကြီး၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်သည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ် အထိ ကုလသမဂ္ဂအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူးချုပ် တာဝန်ကို ရာထူးသက်တမ်း နှစ်ဆက် တာဝန်ယူခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်း ရေး တာဝန်များကို ဦးသန့်သည် ငါးနှစ်သက် တမ်း နှစ်ကြိမ်တိတိ တာဝန် ထမ်းဆောင်ခဲ့ သော အောင်မြင်သည့်မှတ်တမ်း ရှိသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး၏ ပဋိညာဉ်စာတမ်းအရ ကုလသမဂ္ဂအဖွဲ့ချုပ်ကြီး ၏ အထွေထွေညီလာခံကို နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ် အင်္ဂါနေ့တွင် စတင်ကျင်းပရမည်ဖြစ်ရာ ယခုနှစ် ၂ဝ၁၇ ခုနှစ် တွင်လည်း စက်တင်ဘာ ၁၂ ရက်တွင် စတင် ကျင်းပရန် စီစဉ်ထားသည်။

( ၃ )
ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၂ ရက်မှ စတင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက် ရောက်၍ မိန့်ခွန်းပြောမည် ဖြစ်သည်။

ယမန်နှစ် ၂ဝ၁၆ ခုနှစ်တွင် ကျင်းပခဲ့ သော ကုလသမဂ္ဂ အထွေထွေညီလာခံတွင် လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အထွေ ထွေ ညီလာခံတွင် နိုင်ငံအကြီးအကဲတစ်ဦး အဖြစ် မိန့်ခွန်းပြောခဲ့သည်။ သို့သော် ၂ဝ၁၆ ခုနှစ် ဧပြီလတွင်မှ အစိုးရအဖွဲ့ခေါင်းဆောင် နေရာကို လက်ခံရယူခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် မိမိအစိုးရအဖွဲ့၏ ငါးလမျှသာ ကြာရှိ သေးသော အချိန်ကာလတွင် ပြောဆိုရသော မိန့်ခွန်းဖြစ်သဖြင့် ကျယ်ပြန့်နက်နဲသော မိမိ အစိုးရအဖွဲ့၏ ဆောင်ရွက်ပြီးစီးမှုများကို အကန့်အသတ်ဖြင့်သာ ကမ္ဘာ့အဖွဲ့အစည်း ကြီးသို့ တင်ပြခွင့် ရခဲ့သည်။

ယခုနှစ် ၂ဝ၁၇ ခုနှစ်တွင်ကား ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် တင်ပြ ပြောဆိုဆွေးနွေးရန် အသစ်အသစ် ဖြစ်ပွား သော အကြောင်းအချက်အလက် များစွာကို သယ်ဆောင်သွားနိုင်ဖွယ် ရှိသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ၂ဝ၁၇ ခုနှစ် ကုလ သမဂ္ဂ အထွေထွေညီလာခံတွင် အဓိကထား ၍ တင်ပြပြောဆိုဆွေးနွေးသွားနိုင်မည့် အဓိက အချက်ကြီးနှစ်ရပ်မှာ-

(၁)    ရခိုင်ပြည်နယ်တွင် နှစ်ကြိမ်နှစ်ခါ ကြုံ တွေ့ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် ဘင်္ဂါ လီ လူရမ်းကားတို့၏လုပ်ရပ်ဆိုးများနှင့်
(၂)    ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ပထမနှင့် ဒုတိယအစည်းအဝေးအကြောင်း များ ဖြစ်ဖွယ်ရှိသည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့ ဝန်းကျင်ကို အခြေပြု၍ အကြမ်းဖက်ဘင်္ဂါလီ လူရမ်းကား အုပ်စုကြီးသည် မြန်မာအစိုးရ ရဲတပ်ဖွဲ့စခန်းများကို ဝင်ရောက်တိုက်ခိုက်လုယက် လူသတ်မှုများ ကျူးလွန်တိုက်ခိုက်ခဲ့ကြသည်။

ထိုအရေးအခင်းနှင့်ပတ်သက်ပြီး ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက် တာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင် တစ်ရပ် ဖွဲ့စည်းစေ၍ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့သည်။

ယခုနှစ် ၂ဝ၁၇ ခုနှစ် သြဂုတ်၂၅ ရက် တွင် တစ်ဖန် ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့ ကင်းစခန်း ၃ဝ ကို ဘင်္ဂါလီအကြမ်းဖက်သမား များက အင်အားကြီးစွာဖြင့်ပင် ဝင်ရောက် တိုက်ခိုက် ရမ်းကားလူသတ်မှုများ ကျူးလွန် ခဲ့ကြပြန်သည်။

ရခိုင်ပြည်နယ်မှ ထိုအကြမ်းဖက်မှုများ နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော် ဆွေသည် ၂၅-၈-၁၇ ရက်နေ့တွင်ပင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်၍ အကြမ်းဖက် ဖြစ် ပျက်ပုံ အလုံးစုံကို တင်ပြခဲ့ပြီးနောက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရခိုင်ပြည်နယ် မောင် တောဒေသတစ်ဝိုက် တပ်မတော်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်၍ ငြိမ်းချမ်းရေးပြန် လည်တည်ဆောက်ရန် ကြိုးပမ်းနေမှုများကို အစီရင်ခံတင်ပြခဲ့သည့်သတင်း ကြားရသည်။

၂-၉-၂ဝ၁၇ ရက်နေ့ အမေရိကန်ပြည် ထောင်စု ဠဥဗ ရုပ်သံလွှင့်ဌာနနှင့် ယခင် အစိုးရအဖွဲ့ဟောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ကြီးဟောင်း ဦးခင်ရီတို့ တွေ့ဆုံခန်းတွင်လည်း ရခိုင်ပြည် နယ် လုံခြုံရေးအတွက် ၁၄၈ မိုင် ရှည်လျား သော နယ်စပ်အုတ်တံတိုင်းကာရံမှုများ ပြု လုပ်၍ နေခဲ့ရာ ယခုအခါ ၄၂ မိုင်သာ ပြီးစီး သေးကြောင်း ရခိုင်ပြည်နယ် လုံခြုံမှုကိစ္စများ ကို မိမိတို့အစိုးရရှိစဉ်ကပင် ဆောင်ရွက်ခဲ့ရာ များစွာ အခက်အခဲတွေ့ရကြောင်း ပြောဆို သွားခဲ့သည်။

စက်တင်ဘာ ၁ ရက်က ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကာလ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်လုပ်ရပ်များကို နှစ်ဖက်စလုံးမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် ညှိ နှိုင်းဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ကြေညာချက် ထွက်လာသည်။

ယခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီရက်အတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလ သမဂ္ဂဌာနချုပ် အထွေထွေညီလာခံတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မိန့်ခွန်းပြောမည်ဆိုလျှင် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်အတွင်း ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှု အရေးအခင်းနှင့် နိုင်ငံတော်က မည်သို့ သတိ ရှိရှိ ချင့်ချိန်ကိုင်တွယ် ဆုံးဖြတ်ဆောင်ရွက် နေပုံများကို အကျယ်တဝင့် တင့်တယ်ပြည့်စုံ စွာ ကမ္ဘာ့အဖွဲ့အစည်းကြီးသို့ တင်ပြဆွေးနွေး အစီရင်ခံဖွယ် ရှိသည်။

ထို့ပြင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ပထမငြိမ်းချမ်းရေးညီလာခံနှင့် ဒုတိယ ငြိမ်းချမ်းရေး ညီလာခံတို့တွင် ဖြစ်ပေါ်တိုး တက်ရရှိလာသော သဘောတူအချက်အလက် များနှင့် ရှေ့ဆက်၍ အနှစ်(၇ဝ)ပြည်တွင်း စစ်မီးကြီးကို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် အစိုးရကိုယ် တိုင် ဆောင်ရွက်အောင်မြင်မှုများရရှိ၍ ကြိုး ပမ်းနေပုံများကို တင်ပြဖွယ် ရှိနေပေသည်။

ကုလသမဂ္ဂ (၇၂)ကြိမ်မြောက် ညီလာ ခံတွင် မြန်မာနိုင်ငံ၏ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး ကဏ္ဍများကိုပါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည့်စုံစွာတင်ပြ၍ ကမ္ဘာ့နိုင်ငံအသီးသီး တို့၏ စေတနာ၊ မေတ္တာ၊ ကရုဏာဖြင့် ကူညီ၊ တိုင်ပင်၊ ဆွေးနွေး၊ ဆောင်ရွက် ပံ့ပိုးမှုများကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာ နိုင်ဖွယ်ရှိကြောင်း တင်ပြအပ်ပေသည်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191