Main menu
HOT NEWS
adv
အနောက်တံခါး နယ်စပ်လုံခြုံရေးပြဿနာနှင့်  ခေတ်မီခြံစည်းရိုးတည်ဆောက်ရေး

အနောက်တံခါး နယ်စပ်လုံခြုံရေးပြဿနာနှင့် ခေတ်မီခြံစည်းရိုးတည်ဆောက်ရေး

ရန်ကုန်၊ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အုပ်ချုပ်ရေးယန္တရားပျက်နေကာ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာပါက အနောက်တံခါးကျိုးပေါက်နိုင်ပြီး အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် လွတ်မြောက် နယ်မြေဖြစ်နိုင်ကြောင်း ဒုတိယတပ်မတော် စစ်ဘက်ရေး ရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြော ကြားခဲ့သည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အစွန်းရောက်ဘင်္ဂါလီ များ၏ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ သြဂုတ် ၂၉ ရက်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

''အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီး မှုဖြစ်စဉ်များ၊ ယခုထက် ပိုမိုပြင်းထန်လာပါက မိမိနိုင်ငံ၏ အနောက်ဘက်တံခါး ကျိုးပေါက်သွားနိုင်ပြီး အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် လွတ်မြောက်နယ်မြေ ဖြစ်သွားနိုင်တယ်''ဟု ဗိုလ်ချုပ်သန်း ထွဋ်သိန်းက ပြောသည်။

အဆိုပါ အကြမ်းဖက်ကိစ္စရပ်များ ဖြစ်ပွားပြီး နောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ အနောက်တံခါး ခြံ စည်းရိုးပုံများနှင့် ပတ်သက်သည့်ပုံများ ပျံနှံ့လာခဲ့သည်။ ပြည်သူများအနေဖြင့် အဆိုပါပုံများနှင့် ပတ်သက်ပြီး အနောက် တံခါးခြံစည်းရိုးအား ခိုင်ခံ့အောင် ပြန်လည်ပြုပြင်ကာရံရန် အတွက် အလှူငွေထည့်မည်ဟုပင် ၄င်းတို့၏ လူမှုကွန်ရက် စာမျက်နှာများ၌ ရေးသားလာကြသည်။

''ကျွန်တော်တို့အနေနဲ့ကတော့ အများကြီး အလှူငွေ မထည့်နိုင်ပေမဲ့လည်း ၁ဝဝဝ လောက်တော့ ထည့်နိုင်ပါတယ်။ ပိုက်ဆံရှိတဲ့သူတွေကလည်း အများကြီးထည့်နိုင်တဲ့ သူတွေ ရှိပါတယ်။ တကယ်လို့သာ အလှူငွေကောက်ခံလိုက်မယ်ဆို ပြုပြင်ဖို့ဘ အတွက် အနည်းငယ်တော့ အထောက်အကူ ဖြစ်လာမှာပဲ''ဟု ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇာနည်က ပြောသည်။

လက်ရှိတွင် အနောက်တံခါးလုံခြုံရေးနှင့် ခြံစည်းရိုးများ ပြန်လည်ပြုပြင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး၊ အကြမ်းဖက်သမားအား နှိမ်နှင်းရေး၊ အကြမ်းဖက်ခံပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို လည်း လုပ်ဆောင်လျက်ရှိပေသည်။

အနောက်တံခါး  ခြံစည်းရိုးမလုံခြုံခြင်းကြောင့် ခံစားရသည့်  အကျိုးဆက်များ

လက်ရှိပုံစံအနေဖြင့် အနောက်တံခါး ခြံစည်းရိုးများ ပျက်စီးနေသည်ကို မြင်တွေ့ရမည်ဖြစ်ပေသည်။ ထိုသို့ပျက်စီးနေခြင်းမှာ မည်သည့်အချိန်မှစ၍ ပျက်စီးနေသည်ကို မည်သူမှ မသိရှိခဲ့လေသလား။ သိရှိခဲ့သော်လည်း ပြန်လည်ပိတ် ပင်ခြင်းလုပ်ငန်းများ မလုပ်ဆောင်ခဲ့သလားဆိုသည်ကို မေး ခွန်းထုတ်စရာ ဖြစ်နေသည်။

အနောက်တံခါး လုံခြုံမှုမရှိခြင်းကြောင့် တစ်ဖက်နိုင်ငံမှ လူမျိုးများခိုးဝင်ရောက်ကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အခြေအနေပင်ဖြစ်နေလေသည်။ တစ်ချို့မှာ နိုင်ငံအတွင်းသို့ဝင်ရောက်ပြီး ရခိုင်ပြည်နယ်ရှိ အချို့သောနေရာ များ၌ ခြေကုပ်ယူကာ အကြမ်းဖက်လုပ် ငန်းများ လုပ်ဆောင်ရန်အတွက် စနစ်တကျစီမံကာ လုပ် ဆောင်ခဲ့ခြင်းပင်ဖြစ်သည်။ တစ်ချို့နေရာများတွင်လည်း သက် ဆိုင်ရာဝန်ထမ်းများ၏ လာဘ်စားမှုများကြောင့် ဘင်္ဂါလီများ အနေဖြင့် ခိုးဝင်လာနိုင်ခြင်းပင် ဖြစ်လေသည်။

လက်ရှိအချိန်တွင် ၄င်းတို့အနေဖြင့် အကြမ်းဖက်လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး ရခိုင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်ကြီးကျောင်းများအစ ရှိသည့် နေရာများကို မီးရှို့ခြင်းများ အပြင်ရဲကင်းစခန်းနှင့် ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်သည် အထိ ရှိလာကြသည်။ အဆိုပါ မီးရှို့မှုများကြောင့် စက်တင် ဘာ ၄ ရက်အထိ မီးလောင်ဆုံးရှုံးမှု ကျေးရွာ ၅၉ ရွာ၊ နေ အိမ် ၇ဝဝဝ နီးပါးနှင့် ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကျပ်သိန်း ၆ဝဝဝ ကျော်အထိရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းထုတ် ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အ ကြမ်းဖက်မှုများအား အခြား အစ္စလာမ်ဘာသာဝင်များအနေ ဖြင့် နိုင်ငံတကာသို့ လက်ဦးမှုရယူကာ မြန်မာနိုင်ငံမှ ၄င်းတို့ ဘင်္ဂါလီလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်နေသည်ဟု ထင် လာအောင် သတင်းအမှားများကို နိုင်ငံတကာမှ အသုံးပြု နေသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြလာကြသည်။ ထို့ကြောင့် နိုင်ငံတကာ ဖိအားများသည်လည်း မြန်မာနိုင်ငံသို့ ကျရောက်လာလျက်ရှိပေသည်။ တစ်ချို့ကိစ္စရပ်များကို ဖြေရှင်းနိုင်သော် လည်း အားလုံးအောင်မြင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ထုတ် ပြန်ထားပြီး ရသေ့တောင်မြို့နယ်တွင်လည်း စက်တင်ဘာ ၁ဝ ရက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်း ဒေါ်ခင်စောဝေ ကပြောသည်။ အဆိုပါ အကြမ်းဖက်မှုများဖြစ်ပွားပြီး နောက် ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ အထိတ်တလန့်ဖြစ် စေမည့် သွေးထိုးလှုံ့ဆော်မှုများကို တယ်လီဖုန်းမက်ဆေ့ခ်ျ၊ ဖေ့စ်ဘွတ်ခ်၊ မက်ဆေ့ဂျာနှင့် တစ်ဆင့် ပြန်လည်ဖြန့်ဝေသူ များကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီမှ စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည် သူများအနေဖြင့်လည်း လုံခြုံစိတ်ချရသည့် မောင်တောမြို့ ပေါ်နှင့် အခြားဒုက္ခသည်စခန်းများသို့ အလုံးအရင်းနှင့်ဝင် ရောက်ခိုဝင်လာကြသည်။ ဒုက္ခသည်များအနေဖြင့် လက်ရှိ အချိန်အထိ အစားအသောက် အခက်အခဲများနှင့် နေစရာ အတွက် အခက်အခဲများကြုံနေရကြောင်း ရခိုင်အမျိုးသား ပါတီမှ အမတ် ဒေါ်ခင်စောဝေက ပြောသည်။

''တော်တော်များများက ကြောက်ပြီးမြို့ပေါ်ကို ပြောင်း ပြေးတဲ့သူတွေက ပြေးကုန်ကြပြီ။ မြို့ပေါ်မှာကျတော့ နည်းနည်း လုံခြုံမှုရှိတယ်လေ။ တစ်ချို့နေရာတွေမှာ ပိတ်မိနေတဲ့ သူတွေလဲရှိတယ်။ အဲဒါတွေကို အစိုးရအနေနဲ့ သေချာလုပ် ဆောင်ပေးဖို့ လိုတယ်။ ခိုးဝင်လာတဲ့ သူတွေအတွက်လည်း အစားအသောက် အခက်အခဲတွေရှိတယ်။ အစိုးရက ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင် နေတယ်ဆိုပေမဲ့လည်း လိုအပ်ချက် တွေ ရှိနေသေးတယ်။ အခု ဖြစ်နေတာတွေကို အကြမ်းဖက်ခံရတဲ့ ပြည်သူတွေအတွက် အစိုးရအနေနဲ့ ပြန်လည်ထူထောင်ရေးအတွက် ရေရှည်စီမံကိန်းနဲ့ လုပ် ဆောင်ဖို့တော့လိုတယ်''ဟု ရခိုင်အမျိုးသားပါတီမှ အမတ် ဒေါ်ခင်စောဝေက ပြောသည်။

အနောက်တံခါးခြံစည်းရိုး ပြန်လည်ပြုပြင်တော့မှာလား

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နယ်စပ် ခြံစည်းရိုးသည် မိုင် ၁၆၈ ဒသမ ၇ ရှည်လျားပြီး မိုင် ၄ဝ တည် ဆောက်ရန်ကျန်ရှိ နေသေးသည်ဟု  သိရသည်။ ထို့ပြင်တည်ဆောက်ထားသည့် အချို့နေရများတွင်လည်း ခြံစည်းရိုးများပျက်စီးနေမှုများစွာ ရှိနေသည်။ အစိုးရအနေဖြင့် ခြံစည်းရိုးအား အဆင့်မီ ပြန်လည်တည်ဆောက်ရန်အတွက် ထောက်ပံ့သွားမည်ဟု ပြောဆိုထားသည်။ လူမှုအဖွဲ့အစည်းများမှလည်း ခြံစည်းရိုး ပြန်လည်ကာရံရန်အတွက် အလှူငွေများ လှူဒါန်းလျက် ရှိပေသည်။ နယ်စပ်ခြံစည်းရိုးကာရံရန် အနာဂတ် အလင်းတန်း ဖောင်ဒေးရှင်းမှ ကျပ်သိန်း ၃၁၆၉ဝ ၊ွအေန ႊၽေပ် ြမသကစ ဉ် ဃသ.ယူအိ မှ ၆၃၃၈ သိန်း အပါအဝင် အခြားလူမှုအဖွဲ့အစည်းများမှ လှူဒါန်းငွေ စုစုပေါင်း ၄၃၆ဝ၃ သိန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ရရှိသည့် အလှူငွေများနှင့် နိုင်ငံတော်အစိုးရမှ ပံ့ပိုးမည့် ငွေများစုပေါင်းကာ အနောက်တံခါးခြံစည်းရိုးအား ခိုင်ခံ့အောင် တည်ဆောက်ရန်လိုအပ်နေပြီး တည်ဆောက်ပြီးပါက လုံခြုံရေး ကြပ်မတ်စွာချထားရမည့်အပြင် ရာဇဝတ် ဥပဒေပုဒ်မ ကျင့်ထုံး ၁၄၄ ကို ချမှတ်ထားသင့်ကြောင်း တ ရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အကြံပြု ပြောကြားသည်။

''ဥပမာပြောရရင် လှော်ကား ရေလှောင်ကန်မှာဆိုရင် ရာဇဝတ်မှု ဥပဒေပုဒ်မ ၁၄၄ ထုတ်ထားတယ်။ အဲလိုနေရာ မျိုးမှာဆိုရင် ဟိုးအစိုးရအဆက်ဆက်က ထုတ်ထားတယ်။အဲတော့ အဲဒီနေရာကိုဝင်လာမယ်ဆိုရင် ရပ်တန့်ခိုင်းတာ ကို မရပ်တန့်ဘူးဆိုရင် ပစ်ခတ်ပြီးတော့ ဖမ်းဆီးခွင့်ရှိတယ်။ ပစ်ခတ်ဖမ်းဆီးလို့ ဒဏ်ရာအနာတရရလည်း ပစ်ခတ်ဖမ်းဆီး သူမှာ တာဝန်တစ်စုံတစ်ရာ မကျရောက်စေရဘူး။ အနောက် တံခါးခြံစည်းရိုးမှာလည်း အဲလိုဥပဒေ ထုတ်ထားသင့်တယ်။ နောက်ပြီး အနောက်တံခါး အရှေ့တံခါးတွေအားလုံးကို လုံ ခြုံအောင် ပိတ်ဖို့လိုတယ်။ အခုရခိုင်ဘက်မှာ ပြည်ပသား တွေ ဝင်ရောက်နေတယ်။ ကျွန်တော်တို့ နိုင်ငံဥပဒေကလည်း ပြည်ပသားတွေက လဝကဥပဒေကို ချိုးဖောက်တော့ လဝက ဥပဒေအရ ဒဏ်ငွေတစ်သိန်းခွဲပဲရိုက်တယ်။ အဲဒါမျိုးတွေမဖြစ် စေချင်ဘူး''ဟု ဦးရောဘတ်စန်းအောင်က ထောက်ပြသည်။

စာပေပညာရှင်တစ်ဦးက ဘင်္ဂါလီတွေ အတွက်တင် မဟုတ်ပါဘူး။ တရားမဝင် ဝင်ရောက်လာပြီး နေထိုင်အခြေ ချနေထိုင်တဲ့ တရုတ်လူမျိုးတွေကိုပါ ထည့်ပြီးစဉ်းစားရမယ်။ အရေးအကြီးဆုံးကတော့ နိုင်ငံတော်လုံခြုံရေးနဲ့ အချုပ်အ ခြာအာဏာ ထိပါးမခံရရေးအတွက် နယ်စပ်လုံခြုံရေးဆိုင် ရာ ဥပဒေတစ်ရပ် အသစ်ထပ်မံရေးဆွဲဖို့ လိုအပ်တယ်ဟု အကြံပြု ထောက်ပြပြောဆိုထားသည်။               

FACTS

Õ    မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးသည် မိုင် ၁၆၈ ဒသမ ၇ ရှည်လျားပြီး ၄၂ မိုင်မှာ ခြံစည်းရိုးခတ်ရန်အတွက် ကျန်ရှိနေသေးသည်။ ခတ်ထားသည့် ခြံစည်းရိုးများတွင်လည်း ဖျက်ဆီးခံထားရမှုများ ရှိနေသည်။
Õ    အနောက်ဘက်တံခါး ခြံစည်းရိုးတစ်လျောက်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်း အမရှိပေ။
Õ    အနောက်တံခါး ခြံစည်းရိုး မလုံခြုံခြင်းကြောင့် ပြည်ပမှ ခိုးဝင်လာသူများ ရှိ နေပြီး အကြမ်းဖက်မှုများပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။

 

TALK
ဦးရောဘတ်ဆန်းအောင် (တရားလွှတ်တော်ရှေ့နေ)

ဒီခြံစည်းရိုး တစ်လျှောက်မှာ ရာဇဝတ် ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ထားရမယ်။ အဲဒါဆိုရင် ပစ်ခတ်လို့ ရမယ်။ ယနေ့အချိန်အ ထိ ထုတ်တယ်လို့ မကြားသိရသေး တာ ဝမ်းနည်းစရာကောင်းတယ်။ ဒီခြံစည်းတစ်လျောက်မှာ အဲဒီဥပဒေ ကို ထုတ်သင့်တယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ပတ် သက်ပြီး အရေးကြီးတဲ့ နယ်မြေဖြစ် တဲ့အတွက် ဒါကို ထုတ်သင့်တယ်။

ဒေါ်ကျော့စိန် (ရခိုင့်အလင်းတံခါးအဖွဲ့)

အနောက်တံခါး လုံခြုံဖို့ဆိုတာ က ခြံစည်းရိုးတစ်ခုတည်းဆောက် ရုံနဲ့တော့ မလုံလောက်ဘူးလို့ အန် တီ ထင်တယ်။ ခြံစည်းရိုးတစ်ခုတည်း လုပ်နေလို့လည်း ဝင်လာမဲ့သူတွေက ဝင်လာမှာပဲလေ။ အနောက်တံခါးကို ခြံစည်းရိုး အုတ်တံတိုင်းကြီး ဘယ် လောက်ပဲကာကာ ဝင်ပေါက်ထွက် ပေါက်တွေမှာ စောင့်နေတဲ့အစောင့် တွေက မှန်မှန်ကန်ကန် မလုပ်ရင် ပြန်ပြီး အဲ့အတိုင်း ဖြစ်လာမှာပဲ။


ဦးကျော်စိုး (ကိုယ်ပိုင်သင်တန်းကျောင်းဆရာ)

ခြံစည်းရိုး ကာတာက ပြဿ နာအားလုံးကို ဖြေရှင်းနိုင်မှာမဟုတ် ဘူး။ တစ်စိတ်တစ်ဒေသလောက်ကို ပဲ ဖြေရှင်းနိုင်မှာ။ နောက်တစ်ခုက ခြံစည်းရိုးကာတယ် ဆိုတဲ့နေရာမှာ လည်း သွပ်ဆူးကြိုးအဆင့်လောက် နဲ့ မရဘူး။ လူသွားလမ်းကြောင်း တွေ၊ ယာဉ်သွားလာလို့ရမယ့် လမ်း ကြောင်းတွေ ဘေးနားမှာပါ တစ်ခါ တည်း ဖောက်ပေးထားတာမျိုး လုပ် ရမယ်။

 

IMPCAT

Nay Myo Zin အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏  post တစ်ခု

တိုင်းပြည်လုံခြုံရေးအတွက် အနောက်တံခါး ခြံစည်းရိုးကာဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ခိုးဝင်ဘင်္ဂါလီများ စိစစ်ခြင်း။ နိုင်ငံသားဖြစ်ခွင့်ရသူများကို လက်ခံပြီး ပြန်လည်နေရာချထားခြင်းနဲ့ မူရင်းဌာနေတိုင်းရင်းသားများပြန်လည်အခြေချနေထိုင် ဖွံ့ဖြိုးရေးအလုပ်တွေအတွက်လည်း ကျွန်တော်တို့ လူမှုနိုင်ငံပြုအဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ကူညီပေးချင်ပါတယ်။ သက်ဆိုင်ရာ အစိုးရအကြီးအကဲများ အနေနဲ့ လည်း အခုအချိန်မှာ အလွန်အရေးကြီး အကဲဆတ်တဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရတယ်လို့လည်း နားလည်ကိုယ်ချင်းစာမိပါတယ်။ ဒါကြောင့် ဒေသဆိုင်ရာအစိုးရနဲ့ ကာကွယ်ရေးအဖွဲ့များကို တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ပေးကြရန် မိမိတို့ လူမှုအဖွဲ့အစည်းများအားလုံး တတ်စွမ်းသမျှ ပူးပေါင်း ဆောင်ရွက်ကြရမယ့် အချိန်ဖြစ်ပါကြောင်း။


ရဲသီဟ အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ Post တစ်ခု

အနောက်တံခါးအကြောင်း ပြောရရင် မနှစ်က ပါသွားတဲ့ သေနတ်တွေရော၊ ဒီနှစ် ပါသွားတဲ့ သေနတ်တွေရော အကုန်ပြန်ရမှ အကြမ်းဖက်သမားတွေလည်း အကုန်ရှင်းပီးမှ စိတ်အေးရမှာ။ လောလောဆယ်က ဓား၊ လှံနဲ့ လုပ်သေနတ်တွေပဲ ရှိပါသေးတယ်။ အဓိက အကြမ်းဖက်သမားတွေ ခြေရာပျောက်နေပါသေးတယ်။ သူတို့ကိုရှင်းပီးမှ အနောက်တံခါး အေးချမ်းမှာပါ။

Thu Rein အမည်ဖြင့် ဖေ့စ်ဘွတ်သုံးစွဲသူ၏ Post တစ်ခု

တံတိုင်းကာလိုက်ရင် ပိုကောင်း။ ပြည်သူဆီက အလှူခံစေချင်ပါတယ်။ တစ်နိုင်ငံလုံး ထည့်ဝင်ကြမှာပါ။ ခြံစည်းရိုးက ဘယ်နှမိုင်ရှိလဲ။ တစ်မိုင် ဘယ်လောက်ကုန်မယ်။ နောက်ဆုံး ဆယ်ပေ ဘယ်လောက်ကုန်မယ်ဆိုတာ အထိ အသေးစိတ် တွက်ပေးစေချင်ပါတယ်ဗျာ။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191