Main menu
HOT NEWS
adv
ထိုင်းနိုင်ငံ၏မှားယွင်းသောပညာရေးစနစ်ကိုမြန်မာပြည် သင်ခန်းစာယူနိုင်သည်

ထိုင်းနိုင်ငံ၏မှားယွင်းသောပညာရေးစနစ်ကိုမြန်မာပြည် သင်ခန်းစာယူနိုင်သည်

စိုးမိုး

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်း အမြစ်သည် သဘာဝသယံဇာတအရင်းအမြစ်ထက်ပင်ပိုမိုတန် ဖိုးကြီးလှသည်ကို နိုင်ငံရေးသမားတိုင်း ကောင်းစွာ နားလည်ကြ လေသည်။ထို့နည်းတူ လူ့စွမ်းအားအရင်းအမြစ်၏အားမှာ ပညာ ရေးစနစ် ဖြစ်သည်ကိုလည်း အစိုးရတိုင်းသတိရှိကြစမြဲပင်။ သို့ဆိုလည်း အရှေ့တောင်အာရှ အာဆီယံနိုင်ငံတချို့ သည်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးများကို မျက်ခြည်မပြတ် အမီလိုက်နိုင်ရန်အတွက်ပညာရေးစနစ်ကို မြှင့်တင်လာ ကြရာတွင် ပညာရေး အသုံးစရိတ် တိုးမြှင့်ခြင်းကိုသာ အာရုံစိုက်ခဲ့ကြပြီး မဟာဗျူဟာကင်းမဲ့ခြင်းကြောင့် အောင်မြင်မှု မရရှိခဲ့ကြသည်ကလည်းမျက်မြင်ဒိဋ္ဌိပင် ဖြစ်သည်။ ထိုအဖြစ်ကို တစ်ချိန်က အရှေ့တောင်အာရှတွင် ပညာရေး ကဏ္ဍဗဟိုချက်ဖြစ်ခဲ့ပြီး ဒေသတွင်း အနိမ့်ပါးဆုံး ပညာရေးစနစ်ဆီသို့ ကျဆင်းသွားခဲ့သောမြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲရေး မူဝါဒအလွဲများမှသင်ခန်းစာယူနိုင်ကြောင်းကို ဆောင်းပါးရှင် Achara Deboonme က ထိုင်းနိုင်ငံထုတ်The NATION သတင်းစာတွင် Myanmar can learn from Thailand’s education-relatedmistakes ခေါင်းစဉ်ဖြင့် အကြံပြုသုံးသပ်ပြထားရာ . . .

မြန်မာနိုင်ငံသားအတော်များများနဲ့ တွေ့ဆုံ လိုက်ရင် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း မှာနိုင်ငံရဲ့ပညာရေးစနစ် ဘယ်လောက် အထိ ပြောင်းလဲသွားလဲဆိုတာကို သိနိုင်ပါတယ်။

တချို့ အသက် ၅ဝ ကျော်အသက်ကြီးပိုင်းနိုင်ငံသား တွေကတော့ အင်္ဂလိပ်စာ ကောင်းမွန်ကြပြီး ပြည်တွင်းနဲ့နိုင်ငံတကာရေးရာ အသိလည်းြ<ွကယ်ကြပါတယ်။ ဒါပေ မဲ့ အသက် ၃ဝ အောက်ပိုင်းကတော့အင်္ဂလိပ်စာ ကျွမ်း ကျင်မှုမှာ အတန်အသင့်လောက်သာရှိကြပြီး သူတို့ဟာ အတွေးခေါ်ကြံဆမှုတွေအသုံးချရမယ့် အချိန်အခါမျိုး မှာ အခန်းထဲအောင်းနေကြတဲ့ပုံပါပဲ။ ဒါကလည်း တင်းကျပ်တဲ့ စစ်အစိုးရစနစ်အောက်မှာ ကြီးပြင်းလာခဲ့ကြတာ ကြောင့် အံအားသင့်စရာတော့မဟုတ်လှပါဘူး။

ဒါပေမဲ့နိုင်ငံခြားကုမ္ပဏီအများအပြားကတော့ အလုပ် အကိုင်နေရာအတွက်သင့်တော်တဲ့သူတွေရှာဖွေဖို့ ခက် ခဲတဲ့အပေါ်မှာ စောဒကတက်မှုတွေ ရှိလာခဲ့ပါတယ်။ တချို့က အင်္ဂလိပ်စာကောင်းကြပေမယ့် အထွေထွေဗဟုသုတ က ခေါင်းပါးနေကြပါတယ်။

တကယ်တော့မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ တစ် ချိန်တစ်ခါတုန်းက ဒေသတွင်းနိုင်ငံတွေထဲမှာအကောင်း မွန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဒေသ တွင်းအဆင့်မှာအများကြီး နောက်ရောက်သွားခဲ့ပါပြီ။

ရန်ကုန်တက္ကသိုလ်ကိုတည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ Deepak Neopane က မြန်မာ နိုင်ငံက ကျောင်းသားတွေကတွေးခေါ်ကြံဆ မှုနဲ့ ပြဿနာတွေကိုဖြေရှင်းတဲ့ စွမ်းရည်ပိုင်း မှာ အားနည်းကြပြီးအခုဆိုရင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေး အရင်းအမြစ်အတွက် ရုန်းကန်နေ ရပြီလို့ OBGကို ပြောပါတယ်။

ဘယ်သူမဆိုမြန်မာနိုင်ငံအနေနဲ့ စီးပွား ရေးနဲ့ တခြားကဏ္ဍအသီးသီးမှာ တိုးတက်ဖွံ့ဖြိုးချင်တယ်ဆိုရင် ပညာရေးစနစ်တစ်ခုလုံးကို ပြန်လည်ဆန်းစစ်ဖို့ လိုတယ်ဆိုတာကို တပ်အပ်ပြောနိုင်ကြပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ကြီးမားတဲ့အလုပ်သမားအင်အားစုနဲ့ စီးပွားရေး လျင်မြန်စွာ တိုးတက်နေ တယ်ဆိုပေမယ့် နိုင်ငံရဲ့ကျွမ်းကျင်လုပ်သား ရှားပါးမှုပြဿနာဟာ အဂတိလိုက်စားမှုပြီး မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒုတိ ယမြောက် အတားအဆီးဖြစ်တယ်လို့ ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့လတ်တလောပညာရေး အစီရင်ခံစာထဲမှာတော့ OBG က မြန်မာ နိုင်ငံရဲ့အမျိုးသားပညာရေးကဏ္ဍစီမံကိန်း (NESP)အပေါ် အကောင်းဘက်က ရှုမြင် ထားပါတယ်။ အဲဒီပညာရေးစီမံကိန်းမှာတော့စဉ်းစားတွေးခေါ်မှုနဲ့ အခက်အခဲတွေကို ဖြေ ရှင်းနိုင်တဲ့ စွမ်းရည်တွေကို ဦးစားပေးတဲ့ခေတ် သစ်သင်ကြားရေးစနစ်ကို အလေးပေးထား တာကိုလည်း တွေ့ရပါတယ်။ စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ကတော့ ၁၃နှစ် ပညာ သင်ကြားတဲ့ စနစ်သစ်အနေနဲ့ အခြေခံပညာ ရေးစနစ်မှာနှစ်နှစ်ထပ်ပေါင်းထားခဲ့ပြီး စီမံ ကိန်းကိုတော့ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်က စတင်မှာပါ။အခုလိုပြောင်းလဲမှုနဲ့အတူ ဆရာ ဆရာမတွေကို ပြန်လည်လေ့ကျင့်ပေးတဲ့ အစီ အစဉ်တွေကိုလည်းလက်ရှိသွားနေတဲ့ပုံစံမျိုး နဲ့ မတူအောင် ထည့်သွင်းထားခဲ့ပါတယ်။


တကယ်တော့မြန်မာအစိုးရအာဏာပိုင် တွေအနေနဲ့ ပညာရေးအတွက် တစ်ခုခုကိုလုပ်ဆောင်သင့်နေပြီဆိုတာကို နားလည်သဘော ပေါက်ကြပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်းပညာရေးအသုံးစရိတ်ဟာဆိုရင် နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၆ဒသမ၇၈ ရာခိုင်နှုန်း အသုံးပြုခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာတော့ ပညာရေး အသုံးစရိတ်ကို ခုနစ်ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ပညာရေး အတွက် အသုံးစရိတ်ဟာ အာဆီယံဒေသတွင်းနိုင်ငံတွေရဲ့ ပျမ်းမျှပညာရေးအသုံးစရိတ် ၃ ဒသမ၆ ရာခိုင်နှုန်းထက်တော့ နည်းနေပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ်နည်းဗျူဟာမကျရင် တော့ ငွေကြေးတစ်ခုတည်းနဲ့တော့ ဘာကိုမှ ပြောင်းလဲနိုင်မှာမဟုတ်ပါဘူး။ဒါကို မြန်မာ နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံကို သင်ခန်းစာယူရ မှာပါ။ထိုင်းနိုင်ငံဆိုရင် ပညာရေးအသုံးစရိတ် ကို ၁၉၉၉ ခုနှစ်မှာ စုစုပေါင်း ၁၉ရာခိုင်နှုန်းက နေ ၂ဝ၁၁ ခုနှစ်မှာ ၂၂ဒသမ၆ ရာခိုင်နှုန်းအထိ မြှင့်တင်ခဲ့ပါတယ်။ ၂ဝ၁၆ဘဏ္ဍာနှစ်မှာတော့ ပညာရေးအသုံးစရိတ်ဟာ ရာခိုင်နှုန်း ၂ဝ အထိရှိခဲ့ပြီး နှစ်စဉ်အစိုးရရဲ့အသုံးစရိတ်ထဲ မှာ အတော်များတဲ့ပမာဏလို့ ဆိုရမှာပါ။ ဒါ ပေမဲ့ ရလဒ်ကတော့စိတ်ကျေနပ်စရာမကောင်း လှပါဘူး။


၂ဝ၁၂ ခုနှစ်ကအာဆီယံအဖွဲ့ဝင် ငါး နိုင်ငံဟာ နိုင်ငံတကာအရည်အချင်းစစ်စာမေး ပွဲဖြစ်တဲ့ PISA 2012မှာ ဝင်ရောက်ဖြေဆို ခဲ့ကြပါတယ်။ ဒီစာမေးပွဲကတော့ ပြင်သစ်ကစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့(OECD)ရဲ့အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ စာမေးပွဲကိုတော့ သုံးနှစ်တစ် ကြိမ်ပြုလုပ်ပြီးပါဝင်ဖြေဆိုတဲ့နိုင်ငံတွေက ၁၅ နှစ်အရွယ် ကျောင်းသားတွေရဲ့ စာဖတ်စွမ်း ရည်၊ သိပ္ပံနဲ့သင်္ချာဘာသာရပ်တွေကို စစ်ဆေး တာပါ။ ၂ဝ၁၂ ခုနှစ်မှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တို့ ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံပေါင်း၆၅နိုင်ငံ ပါဝင်ခဲ့တဲ့ အဲဒီစာမေးပွဲမှာ စင်ကာပူက သင်္ချာ မှာ အဆင့်နှစ် ချိတ်ခဲ့ပြီးစာဖတ်စွမ်းရည်နဲ့ သိပ္ပံဘာသာရပ်တွေမှာတော့ အဆင့်သုံး ရရှိ ခဲ့ပါတယ်။ ဗီယက်နမ်ကတော့သိပ္ပံမှာ အဆင့် ရှစ်၊ သင်္ချာမှာ အဆင့် ၁၇နဲ့ စာဖတ်စွမ်းရည် မှာ အဆင့် ၁၉ရရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက တော့ သင်္ချာမှာ အဆင့် ၅ဝနဲ့ စာဖတ်စွမ်းရည် နဲ့သိပ္ပံဘာသာရပ်မှာတော့ အဆင့် ၄၈ ရရှိ ခဲ့ပါတယ်။ မလေးရှားကတော့ သင်္ချာ အဆင့် ၅၂၊စာဖတ်စွမ်းရည် အဆင့် ၅၉ နဲ့ သိပ္ပံအဆင့် ကတော့ ၅၃ ရရှိခဲ့ပါတယ်။ အင်ဒိုနီးရှားကတော့ သင်္ချာနဲ့သိပ္ပံမှာ အဆင့် ၆၄နဲ့ စာဖတ် စွမ်းရည်မှာ အဆင့် ၆၁ ရရှိခဲ့ပါတယ်။


၂ဝဝ၉ခုနှစ်စာမေးပွဲမှာတော့ ထိုင်းနိုင်ငံ က စာဖတ်စွမ်းရည်နဲ့ သင်္ချာမှာ အဆင့် ၅ဝ ရရှိခဲ့ပြီးသိပ္ပံမှာတော့ အဆင့် ၄၉ ရရှိခဲ့ပါ တယ်။ ဆန့်ကျင်ဘက်အနေနဲ့ စင်ကာပူက တော့ အဲဒီနှစ်ကစာဖတ်စွမ်းရည်မှာ အဆင့် ငါး၊ သင်္ချာမှာ အဆင့်နှစ်နဲ့ သိပ္ပံမှာ အဆင့်လေးရရှိခဲ့ပါတယ်။ ဒီရလဒ်တွေဟာ ဘာကြောင့် စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက်စီးပွားရေးဈေးကွက်ပြိုင်ဆိုင်မှု အပြင်းထန် ဆုံးနိုင်ငံအဖြစ်နဲ့ရပ်တည်နေနိုင်သလဲဆိုတာ ကို ရှင်းပြနိုင်တဲ့ လုံလောက်တဲ့သက်သေပါပဲ။

ထိုင်းနိုင်ငံကတော့အဆင့် ၃၂ နေရာ မှာ ရှိနေပါတယ်။ ဒီအဆင့်သတ်မှတ်ချက်တွေ ကိုတော့ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာလုံးဆိုင် ရာ ဈေးကွက်ပြိုင်ဆိုင်မှု အစီရင်ခံစာအရနှိုင်းယှဉ်ပြထားတာပါ။

ဒီအချက်အလက်တွေကနိုင်ငံတစ်နိုင် ငံက အစိုးရအာဏာပိုင်တွေက နိုင်ငံအတွက် တကယ်လိုအပ်တဲ့အလုပ်သမားအမျိုးအစား ကို ရရှိဖို့ ပညာရေးစနစ်ကို ချိန်ညှိမှုမှာ ဘယ် လောက်အထိအလုပ်မဖြစ်သလဲ ဆိုတာကို ထောက်ပြနေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးစုအတွင်းမှာတော့ထိုင်းနိုင်ငံမှာ ကျောင်း သုံးဖတ်စာအုပ်တွေ မကြာခဏ အပြောင်းအ လဲ ပြုလုပ်ခဲ့သလိုအခြေခံပညာရေးပုံစံသစ် တွေ ကျင့်သုံးခဲ့သလို နိုင်ငံခြားသား ကျောင်း ဆရာတွေကိုလည်းစာသင်ခန်းတွေမှာ အသုံး ပြုလာခဲ့ပါတယ်။

ဒါပေမဲ့ ကလေးတွေဟာတက္ကသိုလ်အ ဆင့် ပြီးဆုံးရင်တော့ အနည်းစုကသာ အင်္ဂ လိပ်စာကောင်းကြပြီး အများစုကတော့သင်္ချာနဲ့ သိပ္ပံ အသိပညာမရှိဘဲ ဘွဲ့ရခဲ့ကြပါတယ်။နောက်ပြီး အများစုဟာအလုပ်ဝင်တဲ့အခါမှာ လည်း သူတို့သင်ယူခဲ့တဲ့ ဘာသာရပ်နဲ့မသက် ဆိုင်တဲ့ အလုပ်ကိုလုပ်ကိုင်ကြရပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာတော့ပညာ သင်ကြားနိုင်တဲ့ အခွင့်အလမ်းမမျှတမှုအပေါ် အပြစ်တင်နိုင်ကောင်းပါတယ်။မြို့ကြီးတွေရဲ့ ကျောင်းတွေမှာသာ လက်တွေ့လေ့လာရေး စာသင်ခန်းတွေထားရှိပြီးတက္ကသိုလ်တွေမှာ ဆိုရင်လည်း ကျောင်းသားအတွက် ထောက်ပံ့ ချေးငွေဆိုတာမရှိလို့ဆင်းရဲတဲ့ ကလေးတွေ အတွက် တက္ကသိုလ်ဆိုတာ မတက်ရပုံစံပါပဲ။

အခုလိုအခြေအနေမျိုးကမြန်မာနိုင်ငံ မှာ ပိုပြီးဆိုးရွားပါတယ်။ ခန့်မှန်းခြေအရဆိုရင် မြန်မာနိုင်ငံမှာကလေးငယ် တစ်သန်းကျော် လောက်ဟာ ကျောင်းမတက်နိုင်ကြပါဘူး။ မူ လတန်းကျောင်းတက်တဲ့ကလေးအရွယ်ရဲ့ ရာခိုင်နှုန်း ၇ဝ ထက်နည်းတဲ့ ပမာဏလောက် သာ မူလတန်းကျောင်းကိုပြီးဆုံးအောင်တက် နိုင်ကြပါတယ်။ ဒါ့အပြင် မူလတန်းတက်ရောက် တဲ့ ကလေးငယ် ၁ဝဝ မှာ ၂ဝလောက်သာ အလယ်တန်းကျောင်းအဆင့်ကို ပြီးအောင် တက်နိုင်ကြပါတယ်။

နောက်ဆုံးရတဲ့သတင်းအချက်အလက် တွေအရဆိုရင် အစိုးရအနေနဲ့ ပညာရေးကဏ္ဍ မှာ ငွေကြေး ပိုပြီးသုံးစွဲလာတယ်ဆိုပေမယ့်ရလဒ်ပိုင်းကတော့ အားရစရာမကောင်းလှ ပါဘူး။ ပညာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးရအချက်အလက်တွေအရ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်ကရှစ်နှစ်တာကာလအတွင်းမှာ အနိမ့်ဆုံး ဖြစ် ခဲ့ပါတယ်။ စာမေးပွဲဖြေဆိုသူ ၆၃၆,၂၃၇ ဦးမှာ အောင်မြင်တဲ့ကျောင်းသားအရေအတွက် ဟာ ၁၉ဝ၄ဝဝ(ရာခိုင်နှုန်း ၃ဝ)နီးပါးသာ ရှိခဲ့ပါတယ်။ သတိပြုစရာကတော့ ဒီရာခိုင်နှုန်း ၃ဝ လောက်ကသာ တက္ကသိုလ်ပညာရေးလမ်းကြောင်းကို လျှောက်လှမ်းခွင့်ရခဲ့တာပါ။

မြန်မာနိုင်ငံဟာစစ်အစိုးရအုပ်ချုပ်ရေး စနစ်အောက်ကို မကျရောက်ခင် ဆယ်စုနှစ် အပိုင်းအခြားတစ်ခုအထိအရှေ့တောင်အာရှ မှာ ကဏ္ဍအသီးသီးရဲ့ ဗဟိုချက်ဖြစ်ခဲ့ပြီး အဲဒီ ကဏ္ဍတွေထဲမှာ ပညာရေးလည်းပါဝင်ခဲ့ပါ တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ပညာ ရေးစနစ်ချွတ်ခြုံကျမှုကို ဥပေက္ခာပြုခဲ့ပြီးနောက် မှာတော့ အခြေအနေဟာ တစ်စတစ်စ ပိုပိုဆိုးရွားလာခဲ့ပါတယ်။ ဒါကို အချိန်မီ ထိန်း သိမ်းပြင်ဆင်မှု မရှိခဲ့ရင်တော့မြန်မာနိုင်ငံရဲ့ ပညာရးစနစ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို အမီ လိုက်နိုင်ဖို့နဲ့လိုအပ်တဲ့ နိုင်ငံရဲ့အရင်းအမြစ် တွေရရှိဖို့ မစွမ်းသာနိုင်တဲ့အထိ အခြေအနေပိုဆိုးသွားနိုင်ပါတယ်။

#YangonTimesJournal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191