Main menu
HOT NEWS
adv
ဘုရားသခင်ပေးတဲ့ ကောင်းချီးလား     သယံဇာတကျိန်စာလား

ဘုရားသခင်ပေးတဲ့ ကောင်းချီးလား သယံဇာတကျိန်စာလား

''    ပြည်နယ်ရဲ့အထက်ပိုင်း မေခနဲ့မလိခဆုံရာ သဘာဝရဲ့ အလှတရားများရှုမျှော်မဆုံးပါ....တို့မျိုးရဲ့သမိုင်း မြစ်ဆုံပါ...'' ဟောလိုဂစ်တာအသံနှင့်အတူ ပျံ့လွင့်နေတဲ့သီချင်းသံဟာ နေရောင်နုနုရဲ့အောက်က အပြာရောင်တောင် တန်းနောက်ခံမှာ မြူတစ်တန်းနဲ့ အစိမ်းရောင်တောတန်းတွေ ထပ် ဆင့်ထားတဲ့ မေခ၊ မလိခမြစ်တို့ဆုံရာ ဧရာဝတီမြစ် သန္ဓေတည်စ မြစ်ဆုံဒေသရဲ့ နံနက်ခင်းအလှနဲ့ စည်းချက်ညီလို့ နေပါတယ်။

ဒါပေမဲ့ သီချင်းသီဆိုနေတဲ့ ဒေသခံလူငယ်များရဲ့ ရင်ထဲမှာ တော့ ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်း များ လေ့လာဆန်းစစ်ရေးကော်မရှင်ဟာ အကယ်၍များ မြစ်ဆုံ ရေကာတာစီမံကိန်းကို ခွင့်ပြုခဲ့ရင်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ပြည့်နှက်လို့နေပါတယ်။ ဒါကြောင့်လည်း ကော်မရှင်က အစိုးရထံ အစီရင်ခံစာတင်မယ့် နိုဝင်ဘာလမတိုင်မီ အောက်တိုဘာ ၂၉ ရက် မြစ်ဆုံမှာ ဒီသီချင်းကို သံပြိုင်ဟစ်ြေ<ွကးနေကြတာ ဖြစ်ပါတယ်။

ဒေသခံလူငယ်တွေတင် စိုးရိမ်ကြောင့်ကြနေကြတာတော့ မ ဟုတ်ပါဘူး။ ဘုရားသခင်ကောင်းချီးပေးထားတဲ့ ကြီးမြတ်တဲ့ သင်္ကေတတစ်ခုအဖြစ် မှတ်ယူထားကြတဲ့ မြစ်ဆုံရေကာတာ စီမံ ကိန်းကို ဦးသိန်းစိန်အစိုးရသက်တမ်းတစ်လျှောက်သာ ရပ်နားထား ခဲ့တဲ့အတွက် လက်ရှိအစိုးရလက်ထက်မှာ စီမံကိန်းကို အဓိကရင်း နှီးမြှုပ်နှံမယ့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (ဃဏှု)က သံတမန်တွေ မကြာခဏပေါက်ရောက်လာတာ စီမံကိန်း နယ်မြေနဲ့ တရုတ်နိုင်ငံ ဆက်သွယ်ထားတဲ့ကားလမ်းကို ပြန်လည် ပြင်ဆင်လာတာတွေဟာ စီမံကိန်းပြန်လည်စတင်ခြင်းလားဆိုတဲ့ စိုးရိမ်စိတ်တွေက ကိုယ်စီမြင့်တက်နေကြပါတယ်။

အင်ဂျန်းယန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်ခေါန်ကတော့ မြစ်ဆုံကဲ့သို့ သဘာဝအရင်းအမြစ်တွေ၊ သဘာဝသယံဇာတတွေပြေါ<ွကယ်ဝတဲ့ ကချင်     ပြည်နယ်ဟာ ဘုရားသခင်ပေးတဲ့ကောင်း ချီးလား၊ ဒါမှမဟုတ် ကျိန်စာလားဆိုတာ ဝေခွဲမရဘူးလို့ ညည်းတွားနေပါတယ်။

''ကချင်ပြည်နယ်ကိုမျက်စိကျနေကြတာ မဆန်းပါဘူး။ တစ်ဖက်ကကြည့်ရင်လဲ ဂုဏ်ယူ စရာဖြစ်သလို တစ်ဖက်ကကြည့်ရင်လည်း ကောင်းချီးလား ကျိန် စာလား ကိုယ့်ဘာသာကိုယ် မေးလေ့ရှိပါတယ်''လို့ ဆိုပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးနီးပါးကို မိခင်တစ်ယောက်လို ကျွေးမွေး ပြုစုစောင့်ရှောက်ထားတဲ့ ဧရာဝတီမြစ် စတင်မွေးဖွားရာ ရေဝေရေ လဲဒေသကို စောင့်ရှောက်ထားတဲ့  ကချင်ပြည်သူတွေက အရေးမကြီး ဘူးလားဆိုတဲ့ မေးခွန်းတွေဟာလည်း သူ့ဆီမှာပြည့်နှက်လို့ နေပါ တယ်။

၁၉၉၄ ခုနှစ်က ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KIO နဲ့ အစိုးရတပ်မတော်ကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ဟာလည်း ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို အကြောင်းပြုပြီး ၂ဝ၁ဝ ပြည့်နှစ် မှာ ပျက်ပြယ်ခဲ့ရပါတယ်။ တစ်ဖန် တိုက်ပွဲများကြောင့် ပြည်သူ တစ်သိန်းကျော်ဟာလည်း စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို ရောက်ကုန်တဲ့အတွက် စီမံကိန်းပြန်လည်စတင်လိုက်ရင် ပြည်သူ တွေရဲ့ဒုက္ခက ဘယ်လောက်အထိ ဆန့်ထွက်သွားဦးမယ်ဆိုတာ မပြောနိုင်ပါဘူး။

''တိုက်ပွဲတွေရဲ့ဆိုးကျိုးဆိုတာ မြန်မာတစ်နိုင်လုံးမှာရှိတဲ့ လူ တွေကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်း ကောင်း သက်ရောက်မှုတော့ရှိတာပါပဲ''လို့ ဒေါ်ဂျာဆိုင်ခေါန်က ပြောပါ တယ်။
မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း အကယ်၍များ အစိုးရအနေနဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆောက်လုပ်ခွင့်ပေးလိုက်မယ်ဆိုရင် ''မိမိ အိမ်တိုင်ကို ချွတ်ရောင်း တဲ့ ပညာမတတ်တဲ့ ကုဋေကြွယ်သူဌေးသားနဲ့ တူနေလိမ့်မယ်''လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၈ဝ ပြည့်နှစ်ကစ ကမ္ဘာကြီးပူနွေး လာတာကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ ရာသီဥတုဟာလည်း လွန် ကဲအဆင့်ကို ရောက်ရှိနေပြီး မိုးရွာသွန်းမှုမမှန် တာ၊ မြေအောက် ရေခန်းခြောက် လာတာ၊ ရေခဲရေရရှိမှု နည်းပါးလာတာစတဲ့ အစိုး မရတဲ့ ရာသီဥတုနဲ့ ထောက်ပြပါတယ်။ မြန်မာနိုင်ငံရဲ့ မုတ်သုံ ရာသီဟာ အဝင်နောက်ကျပြီး အထွက်စောလာတဲ့အတွက် မိုးကာ လ ရက်ပေါင်းလေးဆယ်ဆိုတာ မရှိတော့ဘဲ မုတ်သုံမိုးရာခိုင်နှုန်း ၃ဝ လျော့သွားပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းက မုန်တိုင်းဖြစ် ပွားမှုကို ကြည့်လိုက်ရင်လည်း မိုးဦးကာလနဲ့ မိုးလယ်ကာလမှာဖြစ် ရမယ့်အစား မိုးလွန်ကာလမှာ မုန်တိုင်းသုံးလုံးကနေ ငါးလုံးအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ဟိမဝန္တာရေခဲတောင်ကို မေးတင်ပြီးဖြစ်ပေါ်လာတဲ့ အာရှမြစ် ခုနစ်စင်းမှာ ဧရာဝတီဟာ တစ်စင်းအပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ နီပေါနိုင်ငံမှာရှိတဲ့ ရေခဲတောင်တွေရဲ့ အခြေအနေ ကို ပြောပြရရင် ဒေါက်တာ ထွန်းလွင်က သူ့ခေါင်းကဆံပင်နဲ့ နှိုင်း ယှဉ်ပြပါတယ်။ ''ကျွန်တော့်အသက် ၂၅ နှစ်လောက်တုန်းက ဆံပင် တွေဟာ ထိုးထိုးထောင်ထောင်ပါပဲ။ ဒါပေမဲ့ အခုမရှိတော့ပါဘူး။ နီပေါနိုင်ငံက ရေခဲတောင်တွေဟာလဲ အဲဒီအတိုင်းပါပဲ''လို့ ဟာသ နှောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အပူချိန်ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ သုည ဒသမ၈ ၆ ဒီဂရီစင်တီဂရိတ်အထိ တိုး လာတဲ့အတွက် မြေအောက်ရေဟာလည်း တစ်နှစ်ထက်တစ်နှစ် ခန်းခြောက်လို့လာပါတယ်။ မိုးရေ၊ မြေအောက်ရေ၊ ရေခဲရေသုံး မျိုးစလုံးကို အမှီသဟဲပြုပြီးဖြစ်ပေါ်လာတဲ့ ဧရာဝတီမြစ်ရေပေါ်မှာ မှီခိုရတဲ့ ကြီးမားတဲ့ဆည်ကြီးတစ်ခုကို တည်ဆောက်ခွင့်ပြုလိုက်ရင် အစိုးရအနေနဲ့ အလောင်းအစားပြုလုပ်ရာ ကျလွန်းတယ်လို့ဆိုပါ တယ်။

မြစ်ဆုံစီမံကိန်းကြောင့် ၂ဝ၁၁ ခုနှစ်ကစပြီး ပြောင်းရွှေ့နေရာချထားခြင်းခံခဲ့ရတဲ့ ဒေသခံတွေဟာလည်း ပြောင်းရွှေ့နေရာ ချထားတဲ့ အောင်မြေသာစံပြကျေးရွာဟာ စံပြမဖြစ်တဲ့အတွက် မူလနေရပ်ကိုပဲ ပြန်ချင် တယ်လို့ ဆိုပါတယ်။ ကချင်ပြည်နယ်က ထွက်တဲ့ သစ်၊ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ အောက်မြေသာ ကျေးရွာရဲ့ အိမ်တွေဟာ စတင်တည်ဆောက်စဉ်က သစ်ဝါးတွေ ဟာ အစိုတွေဖြစ်တာကြောင့် လက်ရှိအချိန်မှာတော့ သစ်တွေ၊ဝါး တွေဟာ တစ်ခုနဲ့တစ်ခု အစေးမကပ်တော့ဘဲ လေဟာနယ်တွေလို ဖြစ်နေတယ်လို့ တန်ဖဲကျေးရွာမှ ဒေါ်လုရာကပြောပါတယ်။

''အပေါ်မှာ ဘာလုပ်လဲဆိုတာ အကုန်လုံးမြင်ရတယ်။ မိုးရွာရင် ထီးဆောင်းရင်ဆောင်း ဒါမှမဟုတ် မိုးကာခြုံပြီးတော့ အိပ်နေရပါတယ်'' ဟု ဒေါ်လုရာက စိက်ပျက်လက်ပျက်နဲ့ ညည်းတွားနေပါတယ်။ ဒါ့အပြင် အောင်မြေသာကျေးရွာမှာ လယ်ယာမြေမရှိတဲ့ အတွက် ဒီနေ့ဘာစားမလဲဆိုတာနဲ့ မနက်ဖြန်စားဖို့ ဘာလုပ်မလဲ ဆိုတာကိုပဲ စဉ်းစားနေရတဲ့အတွက် ကလေးတွေရဲ့ ပညာရေးကိုလည်း ထည့်မတွက်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မြစ်ဆုံစီမံကိန်းကြီးကို ဖျက်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တရုတ်ကို အမေရိကန်ဒေါ်လာသန်း ၈ဝဝ လျော်ကြေးပေးရမှာဖြစ်သလို အကယ်၍ ရပ်ဆိုင်းထားမယ်ဆိုရင် လည်း တစ်နှစ်ကိုအတိုးက အမေရိကန်ဒေါ်လာ သန်း ၅ဝ ဆိုတာ ကတွေကလည်း မြန်မာအစိုးရကို အကျပ်ရိုက်စေတာတော့ အမှန် ပါပဲ။

ဒါပေမဲ့ မလိရန်ကျေးရွာက ဦးမုန်ရာကတော့ ''CPI ကုမ္ပဏီ ကိုပြောချင်တာက အရင်ကတည်းက မြစ်ဆုံဒေသခံတွေနဲ့ တိုင်ပင် ပြီးမှ လုပ်တာမဟုတ်ဘဲ ဒါကြောင့် ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့နစ် နာကြေးတွေပေးပြီးမှပြန်''လို့ ကျေးရွာဓလေ့အတိုင်း ပွင့်ပွင့်လင်း လင်းပြောပါတယ်။

ဒါကြောင့် ဧရာဝတီမြစ် စတင်ဖြစ်တည်ရာ မေခ၊ မလိခမြစ် အပါအဝင် ရေဝေရေလဲဒေသကို စောင့်ရှောက်ခဲ့တဲ့ ကချင်ဒေသ ခံတွေရဲ့ သဘောထားကတော့ မြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ် သက်လို့ ဖြစ်စေလိုတဲ့စိတ်ဆန္ဒကတော့ တစ်ခုတည်းပါပဲ။

အဲဒါကတော့ (ဒေသခံလူငယ်တွေရဲ့ သီချင်းစာသားလေးထဲ ကအတိုင်း)
''ဘုရားသခင် ဖန်ဆင်းထားတဲ့အတိုင်း
တည်စေသော်၊ ကမ္ဘာမြေအား အလှဆင်ရတဲ့
မြစ်ဆုံရယ် ကျန်းမာပါစေ...
ချမ်းသာပါစေ...''
                ဆိုတာပါပဲ . . . ။ 

မိုးမြင့်ဝေယံ

 

Rate this item
(1 Vote)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191