Main menu
HOT NEWS
adv
ဒေါ်နယ်ထရန့် အောင်ပွဲနှင့် စကိုင်းနက်မီဒီယာ

ဒေါ်နယ်ထရန့် အောင်ပွဲနှင့် စကိုင်းနက်မီဒီယာ

တက္ကသိုလ် စိန်တင်


၉.၁၁.၂ဝ၁၆ နေ့ကဖြစ်သည်။ အမေရိကန်ပြည် ထောင်စုသမ္မတရွေးကောက်ပွဲကျင်းပပြီး နောက်တစ်နေ့ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသမ္မတမစ္စတာဘား ရက်အိုဘားမားကို ရာထူးဆက်ခံမည့် အမေရိကန် သမ္မတသစ် ဘယ်သူဖြစ်လာမည်လဲ သိချင်နေသည်။ ထို့ ကြောင့် ဤစာရေးသူတက္ကသိုလ်စိန်တင်တီဗွီဖန်သား ပြင်ရှေ့တွင် ရေနွေးကြမ်းဓာတ်ဘူးတစ်လုံးချပြီး ကျကျနနထိုင်ကြည့်နေသည်။ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့ သော အမေရိကန်ပြည်ထောင်စုသမ္မတသစ်အဖြစ် ဘယ်သူဖြစ်မည်လဲ။ ဟီလာရီကလင်တန်လား၊ ဒေါ်နယ်ထရန့်လား။

ဟီလာရီကလင်တန်က အများသိကြသည့်အတိုင်း မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်နှင့်ရင်းနှီးသူ။ ထို့ပြင်မြန်မာ့ဒီမိုကရေစီရေးအတွက် ကိုယ်ရောစိတ်ပါ အားပေးထောက်ခံခဲ့သူ။ ထို့ကြောင့် မြန်မာပြည်သူတို့သည် ဟီလာရီကလင်တန်ဆိုသော အ မေရိကန်အမျိုးသမီးသမ္မတလောင်းကို ကောင်းကောင်းကြီးနိုင်စေချင်ကြသည်။ ''ပုဂ္ဂိုလ်ခင်မှတရားမင်သည်' 'ဆို သော မြန်မာစကားပုံလည်း ရှိ သည် မဟုတ်လား။ မစ္စစ်ဟီလာရီကလင်တန်ကလည်း အာဂမိန်းမပေပဲ။ ခင်ပွန်းဖြစ်သူ အမေရိကန်သမ္မတဖြစ်ခဲ့သူမစ္စတာ ဘီလ်ကလင်တန်က သူ့အတွင်းရေးမှူးမိန်းကလေးနှင့် အရှုပ်ဇာတ်လမ်းဖွင့်ခဲ့သည်ကိုပင် နည်းနည်းမှမဖြုံ။ လွန်ခဲ့သောရှစ်နှစ်ကျော်က အမေရိကန်သမ္မတဖြစ်လာမည့် လူမည်းသမ္မတပထမဆုံးအောင်ပွဲခံသူ၊ မစ္စတာဘားရက်အိုဘားမားနှင့် သမ္မတလောင်းရွေးပွဲမှာ ရဲရဲကြီးအရွေးခံပါသေးရောလား။ သို့သော် ရှုံးခဲ့ရှာ၏။


အမေရိကန်သမ္မတအိုဘားမားက သူနှင့်ပြိုင်၍ သမ္မတလောင်းအဖြစ် အရွေးမခံရဘဲ ရှုံးသွားသူ မစ္စစ်ဟီလာရီကလင်တန်ကို မိမိအစိုးရအဖွဲ့၏ ပထမသက်တမ်း၌ နိုင်ငံခြားရေးဝန်ကြီးခန့်ပေးလိုက်သေး၏။ တော် လိုက်သည့် နိုင်ငံရေးသမားအိုဘားမား၊ သမ္မတလောင်း ရွေးပွဲတွင် မိမိအားထိပါးပုတ်ခတ်ဝေဖန်ခဲ့သူ ယှဉ်ပြိုင်ဘက်ပုဂ္ဂိုလ်ဟီလာရီကလင်တန်အား မိမိအစိုးရအဖွဲ့၌ အရေးပါဆုံးရာထူးကြီးဖြစ်သော နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ယုံမှတ်ကာပုံအပ်လိုက်ပါရောလား။ ကွယ်လွန်သူဆရာကြီး ဒဂုန်တာရာ၏ သမိုင်းဝင် စကားတစ်ခွန်းကို သတိရသေး၏။ ''နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်ခြင်းပါပဲ''တဲ့။ အမေရိကန်သမ္မတ အိုဘားမားသည် သမ္မတလောင်း ရွေးပွဲတွင် မိမိကို နင်ပဲငဆထိပါးပြောဆိုခဲ့သော မစ္စစ် ဟီလာရီကလင်တန်ကို မိမိ၏အစိုးရအဖွဲ့ပထမသက်တမ်း၌ မိတ်ဆွေလုပ်၍ နိုင်ငံခြားရေးဝန်ကြီးခန့်ပေးခဲ့ သည်ကော။


အမေရိကန်ပြည်ထောင်စုသမ္မတသစ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှမစ္စစ်ဟီလာရီကလင်တန် နှင့်အပြိုင်အရွေးခံမည့်သူက ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်းမစ္စတာဒေါ်နယ်ထရန့်။ အမှန်ပြောရလျှင် အမေရိကန်နိုင်ငံရေးလောကတွင် မစ္စတာဒေါ်နယ်ထရန့်ဆိုသော နာမည်ကိုယခင် ကလုံးဝ(လုံးဝ)မကြားဖူးခဲ့။ ယခု ၂ဝ၁၆ အမေရိကန် သမ္မတရွေးပွဲကျမှသာ သည်ပုဂ္ဂိုလ်ကြီး၏ နာမည်ကို ကြားဖူးသည်။ သန်းပေါင်း မျာ စွာချမ်းသားကြွယ်ဝသော  သူဌေးကြီးဟု သာမန်ကြားသိရသည်။ ဖန်သားပြင်၌ အမေရိကန်သမ္မတလောင်းမစ္စတာဒေါ်နယ်ထရန့်ကို မြင်ရသည့်အခါ၌ သည်လူကြီးအမြဲပဲလက်ခုပ်တီးနေသည် ကိုတွေ့နေသဖြင့် တက္ကသိုလ်စိန်တင်ကသူ့ကို ''လက်ခုပ် တီးမင်းသားကြီး''ဟု အမည်ပေးထားသည်။ ယနေ့ ၉.၁၁.၂ဝ၁၆ နေ့တွင် ယမန်နေ့ နိုဝင်ဘာ ၈ ရက်က ကျင်းပသော အမေရိကန်သမ္မတသစ်ရွေး ကောက်ပွဲ၏ ရလဒ်ကို သိရတော့မည်။ အမေရိကန်သမ္မတ သစ်သည် ဘယ်သူဖြစ်လာမည်လဲ။ ဘယ်သူအောင်ပွဲ ရမည်လဲ။


ပြောချင်သေး၏။ ဤဆောင်းပါးအစ၌ ဖော်ပြခဲ့သလို မြန်မာပြည်သူတို့က အမေရိကန်သမ္မတသစ်အဖြစ် ဟီလာရီကလင်တန်ဖြစ်စေချင်သလိုပင် ဗေဒင်ဆရာ တစ်ဦးကလည်း ဂျာနယ်တစ်စောင်၌ အမေရိကန် သမ္မ တ ရွေးပွဲ၌ မစ္စစ်ဟီလာရီကလင်တန်၏ မွေးဇာတာခွင်ကို ဖော်ပြကာ ဟီလာရီကလင်တန်မုချအောင်ပွဲခံရမည်ဟု အတတ်ဟောခဲ့ပြန်သေး၏။ သို့သော်- ၉.၁၁.၂ဝ၁၆ နေ့တွင် အမေရိကန်သမ္မတသစ် ရွေးချယ်ပွဲ မဲစာရင်းများကို Sky Net  ရုပ်သံမီဒီယာ ဖန်သားပြင်၌ ကြည့်ရသောအခါတွင် မြန်မာဗေဒင်ဆရာ ပညာကျော်ကြီး ဂျာနယ်တစ်စောင်၌ ဟောပြောချက် ပြောင်းပြန်ဖြစ်သွားလေပြီ။


အမေရိကန်ပြည်ထောင်စုမှ တိုက်ရိုက်ထုတ်လွှင့် သော CNN ရုပ်သံလွှင့်နှင့်ယူနိုက်တက်ကင်းဒန်းနိုင်ငံ UK မှထုတ်လွှင့်သော BBC ရုပ်သံလွှင့်သတင်းကို ယနေ့ Sky Net မီဒီယာမှ သေချာစွာထုတ်လွှင့်ပေးခဲ့၍ အထူးကျေးဇူးတင်ပါ၏။ စာရေးဆရာကိုစိန်တင်လည်း မြန်မာပီပီ မြန်မာ့ခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၏ မိတ်ဆွေလည်းဖြစ် မြန်မာ့ဒီမိုကရေစီရေး အား ပေးသူလည်းဖြစ်သော ဒေါ်ကလင်တန်ကို နိုင်စေ ချင်၍ ရင်တထိတ်ထိတ်နှင့် Sky Net ရုပ်သံမီဒီယာကို စောင့်ကြည့်၏။ သို့သော်ဒေါ်ကလင်တန်ရှုံး၏။ မစ္စတာ ဒေါ်နယ်ထရန့်အနိုင်ကြီးနိုင်အောင်ပွဲကြီးပိုင်ပိုင်ခံ၏။ သြော် ဒါ.....နိုင်ငံရေးပေကိုး။ နိုင်ငံရေးဆိုသည်မှာ ''ကြက်ဥအရောင် တိမ်တောင်သဖွယ်မင်းရေးကျယ်''ဟူ ၍ မြန်မာစကားပုံဆိုထုံးရှိပေသား မဟုတ်လား။ ထားပါ။


ထိုနေ့က Sky Net မီဒီယာဖန်သားပြင်မှ မြင်ရ သော အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံလိုက်ရ သည့် မစ္စတာဒေါ်နယ်ထရန့်က အရေးကြီးသောစကား တစ်ခွန်းကိုပြောသွားသည်။ I love American  တဲ့။ ပြီးတော့လည်း ထပ်ပြောပြန်ပါသေး၏။ I will be president for all Americans တဲ့။ အမေရိကန်နိုင်ငံကို ကျုပ်ချစ်တယ်။ ''အမေရိကန် နိုင်ငံသားတွေအားလုံးအတွက် ကျုပ်သမ္မတလုပ်မှာပါဗျာ'' သြော် အောင် ပွဲခံသမ္မတလောင်း၊ ပူပူနွေးနွေး မစ္စတာဒေါ်နယ်ထရန့်၏ နှုတ်ကထွက်ပေါ်လာသည့် ပထမဆုံး ညီညွတ်ရေြးေ<ွကးကြော်သံပေတကား။

 

တက္ကသိုလ် စိန်တင်

#democracytoday

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616