Main menu
HOT NEWS
adv
မြန်မာ့ရွှေနဲ့ ရွှေခွန်

မြန်မာ့ရွှေနဲ့ ရွှေခွန်

ဖေဖော်ဝါရီလဆန်းမှာ နိုင်ငံ ပိုင် သတင်းစာတွေကနေပြီး ၂ဝ၁၇ ခုနှစ် ပြည်ထောင်စု ၏ အခွန်အကောက်ဥပဒေကြမ်းကို ဖော် ပြခဲ့တယ်။ သိရှိလေ့လာ အကြံပြုနိုင်ဖို့လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်မှာ အဲဒီ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၆ရက်က လွှတ်တော်ကိုယ်စားလှယ်အချို့ ဆွေးနွေး တဲ့သတင်း ထွက်ပေါ်လာပါတယ်။ ရွှေ ထည် လက်ဝတ်ရတနာ ရောင်းဝယ်ရင် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအစား တစ်ရာခိုင်နှုန်းသာကျခံသင့်ကြောင်း ဆွေး နွေးတာကို ဖတ်ရှုကြရတယ်။ ၁-၃-၂ဝ၁၇ နေ့စွဲနဲ့ ဥပဒေထွက်တော့လည်း တစ် ရာ ခိုင်နှုန်းပဲ ကောက်တယ်။ အများပြည်သူ တွေကတော့ ဒီနှစ်မှာ အခုလို ရွှေထည် လက်ဝတ်ရတနာအပေါ် အခွန်ကောက် ခံမယ်ဆိုတဲ့အချက်ကို မကြိုက်ကြဘူး။ ရွှေ ထည်လက်ဝတ်ရတနာဆိုတာ မြန်မာလူ မျိုးတွေအဖို့ ရိုးရာဓလေ့အရ ဂုဏ်ယူစွာ တန်ဆာဆင်လေ့ရှိတဲ့ ဝတ်စားဆင်ယင် မှုရဲ့ ယဉ်ကျေးမှုထုံးတမ်းဖြစ်တယ်။ အဲဒီ အပေါ် အခွန်ကောက်တာဟာ အခွန် သဘောတရားအရ အများသုံး အခြေခံ ပစ္စည်းကို ကုန်သွယ်လုပ်ငန်းခွန် မကျသင့် စေရဆိုတဲ့ ဥပဒေသနဲ့ မကိုက်ညီဘဲ ဆန့် ကျင်သလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ အမှန်က ရွှေထည်လက်ဝတ်ရတနာကို ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရဆို တဲ့ ပစ္စည်း ၈၇မျိုးထဲမှာ ပါဝင်စေသင့်တယ် လို့ အကြံပေးကြပါတယ်။
 ရွှေထည်ဆိုတာ အလွန်ဈေးကြီးတဲ့ ရွှေသတ္တုနဲ့ပြုလုပ်တာပဲ။ အခြေခံ အများသုံးပစ္စည်းလို့ ပြောလို့ရမလား။ မြန် မာ့လူဦးရေရဲ့ ၃၆ရာခိုင်နှုန်း (၂၆ရာခိုင် နှုန်းအထိ လျှော့ချမယ်ဆိုပေမယ့် လက် တွေ့မချနိုင်သေး)ဟာ ဆင်းရဲနွမ်းပါးတဲ့ လက်လုပ်လက်စားတွေ ဖြစ်တယ်။ ဒီ လောက်ဈေးကြီး တဲ့ ရွှေထည်လက်ဝတ် ရတနာကို ဝယ်ယူဆင်မြန်းနိုင်ပါ့မလားလို့ စောဒကတက်ချင်သလား။ မယုံရင်လိုက် ကြည့်၊ အဲဒီလက်လုပ်လက်စား ဆင်းရဲသား မိသားစုထဲက အမျိုးသမီးတိုင်း ကလေး ငယ်ငယ်ကနေ အဘွားကြီးအထိ ကျူး ကျော်တဲတို့၊ သူများအိမ် အဖီတို့မှာသာ နေထိုင်ချင်နေထိုင်ရမယ်၊ ပွဲလမ်းသဘင် သွားရင် နားကပ်ကလေး၊ လက်စွပ်ကလေး၊ အချို့များဆို ရွှေဆွဲကြိုးကလေး၊ ရွှေလက် ကောက်ကလေးတွေ ဝတ်နိုင်အောင် စု ဆောင်းဆင်မြန်းကြတာ တွေ့ရမယ်တဲ့။

ကြည့်တတ်ရင် လမ်းဘေးမှာ အကြော်ကြော်ရောင်းနေတဲ့ အမျိုးသမီး ကို ကြည့်၊ လက်ကောက်တွေနဲ့ တွေ့ရ မယ်။ ဈေးထဲက ငါးခုတ်ရောင်းနေတဲ့ ဈေး သည်၊ မုန့်ဟင်းခါးရောင်းနေတဲ့ဈေးသည်မ၊ လက်ကောက်ကိုယ်စီ၊ နားကပ်ကိုယ်စီ ဆင်ယင်ထားတာ တွေ့ရမှာဖြစ်တယ်တဲ့။

ဟုတ်ပြီ၊ ၃၆ ရာခိုင်နှုန်းသော ဆင်းရဲသားတွေတောင် ရွှေထည်လက် ဝတ်ရတနာ ဝတ်ဆင်နိုင်ကြတယ်ဆိုရင် လက်ကျန် ၆၄ရာခိုင်နှုန်းဆို ပိုဝတ်ဆင် နိုင်ကြပြီပေါ့။ ဒီထဲက လေးရာခိုင်နှုန်းသော ချမ်းသြာ<ွကယ်ဝတဲ့ သူဌေးကြီးများဆို ရွှေ နဲ့လုပ်ထားတဲ့ စိန်တစ်ဆင်စာ၊ နှစ်ဆင်စာ မက များစွာရှိကြမယ်။ ရွှေကို စုဆောင်း ထားတဲ့ အရင်းအနှီးအဖြစ် အများကြီး ဝယ်ထားကြမယ်။ မြန်မာတို့ရဲ့ရွှေဝယ်နိုင် အားဟာ အတော်မြင့်မားတယ် မဟုတ် ပါလား။

ပြန်ပြောမယ်၊ ကြည့်တတ်ရင် ပထမ ရန်ကုန်မြို့က ရွှေဘုံသာလမ်းက ရွှေဆိုင်တန်းကိုသွား၊ ရွှေဆိုင်တွေထဲ ဝင် ကြည့်။ မဟာဗန္ဓုလလမ်း၊ ဗိုလ်ရွဲလမ်း (မောင်ခိုင်လမ်း)ကနေ လမ်းမတော် အ နောက်ထောင့်အထိ တန်းစီနေတဲ့ ဝဲယာ က ရွှေဆိုင်ကြီးတွေကို သွားကြည့်၊ ဗိုလ် ချုပ်ဈေးက ရွှေဆိုင်တန်း၊ မြို့နယ်ဈေးတွေ က ရွှေဆိုင်တန်းတွေ သွားကြည့်။ မှန်ဗီရို တွေထဲမှာ ရွှေထည်လက်ဝတ်ရတနာတွေ အစီစဉ်တကျနဲ့ထည့်ပြီး ပြသထားပုံများ တကယ့် တောင်ပုံရာပုံကြီးတွေ။ နိုင်ငံခြားက လာတဲ့လူတွေ အံ့သြလွန်းလို့ ''ဟာ ..ဒါကြောင့် မြန်မာနိုင်ငံကို Golden Land ရွှေနိုင်ငံလို့ ပြောတာကိုး''လို့ မှတ် ချက်ချတယ်။

ဒီလိုဆိုတော့ မြန်မာနိုင်ငံမှာ ရွှေဈေးကွက်က အတော်ကြီးမားကျယ် ပြန့်တယ်။ မြန်မာတွေရဲ့ ရွှေထည်လက် ဝတ်ရတနာ ဝယ်လိုအားကလည်း အလွန် ကြီးမားမှာ ဖြစ်တယ်။ အဲဒီရွှေထည်ပစ္စည်း တွေရဲ့ ကုန်သွယ်ဝယ်ရောင်းမှုကနေ ကုန် သွယ်လုပ်ငန်းခွန် ကောက်လို့ရှိရင် မြန်မာ နိုင်ငံ အစိုးရအနေနဲ့ အခွန်ဝင်ငွေ မြက် မြက်ကလေး ပိုရရှိမယ်။ အခုဆို အစိုးရ ရဲ့ နှစ်စဉ်အခွန်ကောက်ခံ ရရှိငွေဟာ အတော်လေးနည်းခဲ့တယ်။ မြန်မာစာရင်း အရဆို ၂ဝ၁၁-၂ဝ၁၂ မှာ ၃ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂ဝ၁၂-၂ဝ၁၃ မှာ ၆ ဒသမ ၅၉၊ ၂ဝ၁၃-၂ဝ၁၄ မှာ ၇ ဒသမ ၅၃၊ ၂ဝ၁၄- ၂ဝ၁၅ မှာ ၉ ဒသမ ၈၅၊ ၂ဝ၁၅-၂ဝ၁၆ မှာ ၈ ဒသမ ၇၁ ရာခိုင်နှုန်း အသီးသီး ဂျီဒီပီအပေါ် အချိုးရာခိုင်နှုန်း ကောက်ခံ ရရှိတယ်လို့ ဆိုတယ်။ ကမ္ဘာ့ဘဏ်ကစာ ရင်းထက် နည်းနည်းတော့ ပိုတယ်ပေါ့။

အာဆီယံအဖွဲ့ဝင် အိမ်နီးချင်း နိုင်ငံတွေထဲမှာ အနည်းဆုံး ၂ဝ၁၅ခုနှစ် ကမ္ဘာ့စာရင်းအရဆို မြန်မာနိုင်ငံရဲ့ ရရှိ တဲ့ အခွန်ဝင်ငွေနဲ့ ဂျီဒီပီအပေါ် အချိုးဟာ ၄ ဒသမ ၉ ရာခိုင်နှုန်းပဲရှိတယ်။ လာအို နိုင်ငံက ၁ဝ ဒသမ ၈ ရာခိုင်နှုန်းဆိုတော့ မြန်မာတို့ထက် နှစ်ဆကျော်ပိုများတယ်။ အနည်းဆုံးရဲ့ရှေ့မှာက ကမ္ဘောဒီးယား နိုင်ငံဖြစ်ပြီး ၈ ရာခိုင်နှုန်းရှိတယ်။ ဗီ ယက်နမ်က ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ထိပ် ဆုံးဖြစ်တဲ့ ထိုင်းက ၁၇ ရာခိုင်နှုန်းတဲ့။

ဒါကြောင့် မြန်မာတို့ အခွန်ဝင်ငွေပိုရအောင် နည်းမျိုးစုံနဲ့ ကြိုးစားရဖို့ လိုသေးတယ်။ အဲဒီကြိုးစားတဲ့နည်းထဲမှာ ရွှေလက်ဝတ်ရတနာကနေ အခွန်ကောက်ရင် အတော်လေးရရှိမယ်လို့ တွက်ဆနိုင်တဲ့အတွက် အခုလိုကောက်ဖို့ ဥပဒေထဲ ထည့်တာဖြစ်မယ်။ မြန်မာနိုင်ငံမှာ အစိုးရသစ် တက်ပြီးကတည်းက ရွှေဈေးဟာ အမြောက်ကြီး မြောက်တက်နေလိုက်ပုံများ ကိုးသိန်းနားကပ်နေတာက ပြန်ကျတယ်ကို မရှိဘူး။ ဒီအပေါ် တစ်ရာခိုင်နှုန်းပဲ အခွန်ကောက်တယ်ထား၊ တစ်ကျပ်သား (ရွှေထည်လက်ဝတ်ဈေး ကျပ် ၈၂ဝဝဝဝ နှုန်းပဲထား)အပေါ် ကျပ် ၈၂ဝဝ အခွန်ရမယ်။ ရန်ကုန်တစ်မြို့လုံး (မဟာရန်ကုန် အတွင်း) တစ်နေ့ ရွှေအရောင်းအဝယ်ဟာ ကျပ်သားသိန်းနဲ့ချီ ရှိနိုင်တယ်။ ရွှေဆိုင်တွေကို လာဝယ်လို့ ရွှေဆိုင်တွေက ရောင်းတာရော၊ ရွှေဆိုင်တွေကိုလာပြီး လက်ဝတ်လက်စားပြန်ရောင်းလို့ ပြန်ဝယ်ရတာပါ။ စုစုပေါင်း အရောင်းအဝယ်ဖြစ် နေတာ တစ်နေ့ကျပ်သား တစ်သိန်းပဲထား တစ်ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်က ကျပ်သိန်း ၈၂ဝဝ ကြီးများတောင် ရမယ်။ တစ်ပြည်လုံးဆို ဘယ်လောက်များလိုက် လေမလဲ။ တစ်နှစ်လုံးဆို ဘယ်လောက် များလိုက်လေမလဲ။

အဲဒီလောက် အရောင်းအဝယ် ရှိလို့လားလို့ မယုံသလိုပြောရင် ဟုတ်တယ်၊ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီလောက် ရှိတယ်ဆိုတာကို ရောင်းတဲ့သူနဲ့ ဝယ်တဲ့ သူတွေကို ဘယ်လိုစောင့်ကြည့်မလဲ။ ပြေ စာတွေ ဖွင့်ခိုင်းတာပေါ့လို့ အလွယ်မပြော နဲ့လေ။ ပြေစာဖွင့်မဖွင့် ဘယ်လိုစစ်မလဲ။ စစ်ရ အလွန်ခက်မယ်။ ဒီလိုနဲ့ မြန်မာတွေ အခွန်ရှောင်ခဲ့လို့ အခွန်ဆောင်တဲ့ ယဉ် ကျေးမှုဆိုတာ ကောင်းကောင်းမရှိတဲ့ ဒီ နိုင်ငံဟာ အခွန်ကောက်လို့ရတဲ့ငွေဆိုတာ ရှက်စရာကောင်းလောက်အောင် နည်းခဲ့ တာပေါ့။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် အခွန်ကောက်ဖို့ လျာထားချက် က ကျပ်ဘီလီယံ ၆၂၂ဝ၊ ဂျီဒီပီက ကျပ် ၈၄၁၂၈ ဘီလီယံဆိုတော့ အခွန်ရရှိမှာနဲ့ ဂျီဒီပီအချိုးက ၇ ဒသမ ၄ ရာခိုင်နှုန်းရှိ မယ်လို့ လျာထားတယ်။ နောက်တစ်လဆို အဲဒီဘဏ္ဍာနှစ်ကုန်ပြီ။ လျာထားချက်ပြည့် မီအောင် ကောက်နိုင်မလား မသိသေးဘူး။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်မှာ အခွန်အကောက်တွေ ကောက်ခံဖို့ လျာ ထားချက်က ကျပ် ၆၄၈၁ ဘီလီယံကျော် ကျော်လေး ဖြစ်တယ်။ တကယ်လို့ ရွှေ ထည် လက်ဝတ်ရတနာက ကောက်ခံ မယ့်အခွန်တွေ သပိတ်ဝင်အိတ်ဝင် ရနိုင် မယ်ဆိုရင် လျာထားချက်ပြည့်မီ ကျော် လွန်အောင် ကောက်နိုင်မှာပါ။

ဒီလို ရွှေနဲ့ပတ်သက်လာရင် အထင်တကြီး ပြောရတာက Golden Land ဆိုတဲ့ မြန်မာရွှေနိုင်ငံကြီးမှာ ရွှေ တွေက လူဦးရေနဲ့ မမျှလောက်အောင် ပြေါ<ွကယ်ဝလို့ဖြစ်တယ်။ မြန်မာနိုင်ငံဟာ အာရှတိုက်မှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံ တွေကလွဲရင် ရွှေအများဆုံးထွက် တဲ့နိုင်ငံ ဖြစ် တယ်။ မြန်မာနိုင်ငံကို Golden Land လို့ခေါ်တာဟာ ရောက်လေရာရာမှာ ရွှေ ရောင်တဝင်းဝင်းနဲ့ လက်လက်ပြောင်နေ တဲ့ စေတီပုထိုးတွေကို အဝေးကပင် လှမ်း မြင်နိုင်လို့ဖြစ်တယ်။ အနီးကပ်ကြည့်မိလို့ ကတော့ ဘုရားစေတီတိုင်းရဲ့ အာရုံခံ တန်ဆောင်းတွေ၊ ပရိဝုဏ်တွေမှာ ရွှေချ ထားတဲ့ ဗုဒ္ဓရုပ်ပွား ဆင်းတုကြီးငယ်တွေ များမှများ၊ ဘုန်းကြီးကျောင်းတွေမှာလဲ များလိုက်တာ။ လူနေအိမ်တွေမှာတောင် အသီးသီး ကိန်းဝပ်စံပယ်နေသေး။ ရွှေ ပိန်းချထားတဲ့ စေတီတော်ကြီးငယ်တွေ ဟာ တစ်ပြည်လုံးမှာ အဆူပေါင်း ၅ဝဝဝဝ ကျော်ရှိမယ်။ ဒါတောင် ကျေးရွာပေါင်း ၆၄ဝဝဝ ကျော် ရှိတာကို တစ်ရွာတစ်ဆူ နှုန်းနဲ့ မတွက်ပြဘူး။ ရွာတိုင်းမှာ စေတီ တစ်ဆူ မရှိဘူးဆိုတဲ့ သဘောပါ။ ဒါပေမဲ့ မြို့ကြီးမြို့ငယ်တွေမှာတော့ စေတီကြီးငယ် တွေက အများကြီးရယ်။

ဒီတော့ ရွှေကိုအကြောင်းပြု ပြီး အခွန်ကောက်တတ်ရင်တော့ အာဆီယံအဖွဲ့ဝင် နိုင်ငံထဲမှာ ဂျီဒီပီရဲ့အချိုး ရာခိုင်နှုန်း အများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို စံချိန်ချိုးပြီး ကမ္ဘာ့အများဆုံးဖြစ်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ ၅ဝ ဒသမ ၈ ရာခိုင်နှုန်းကို တောင် တစ်နေ့ကျရင် မီလာမလားပဲ။ ဂျီ ဒီပီက သိပ်မတက်ဘဲ အခွန်ကောက်လို့ရ တဲ့ငွေက တက်တာများလာရင် မီနိုင်လိမ့် မယ်လို့ ပြောတာပါနော်။      

Flower News Journal

Rate this item
(1 Vote)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616