Main menu
HOT NEWS
adv

ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

-----------------------------

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

-----------------------------


တစ်နေ့မှာ မိမိနေထိုင်ရာ တာမွေ၊ မေတ္တာညွန့်ကနေ မြို့ထဲ ၃၉ လမ်းကို တက္ကစီငှားပြီး သွားပါတယ်။ ကားသမားက လမ်းထဲဝင်ရမလားလို့မေးတော့ ဗိုလ်ချုပ်လမ်းထိပ် ရပ်ပေးရင်ရပါပြီလို့ဆို လိုက်ပါတယ်။ သွားမည့်နေရာက လမ်းအလယ်လောက်ထိဖြစ်ပေမယ့် လမ်းထဲဝင်လိုက်ရင် မြို့ထဲပြန်ဝင်ရတဲ့ လမ်းကြောင်းထဲရောက်သွားကာ ကားသမား အခက်တွေ့သွားမှာ စိုးတာကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ် ပါတယ်။ တက္ကစီမောင်းသူကို ယာဉ်ကြောပိတ်တာနဲ့ ကြုံရမယ့် ဒုက္ခကိုစိုးရိမ်လို့ဖြစ်ပါတယ်။ အငှားတက္ကစီတွေဟာ ဒီဒဏ်ကို အများဆုံးခံရတာကြောင့် ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားစမြည် ပြောမိရာမှာ ကားကျပ်ရတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး ကားဆရာက သူ့အမြင်ကိုပြောပြပါတယ်။

Read more...

သုံးဘီးဆိုက်တွဲပေါ် ဘယ်လ်ဂျီယံနိုင်ငံသား လင်မယား မေ့ကျန်ခဲ့သော ခရီးဆောင်အိတ်ကို သုံးဘီးယာဉ်မောင်း ပြန်ပေး

မုံရွာ၊ နိုဝင်ဘာ ၁၉

မုံရွာမြို့ ရွှေ တောင်တန်းဟိုတယ်တွင် တည်းခို နေထိုင်ခဲ့သော ဘယ်လ်ဂျီယံနိုင်ငံ သားဇနီးမောင်နှံနှစ်ဦး သုံးဘီးဆိုက်တွဲဖြင့် ကားကွင်းသို့သွားစဉ် ခရီး ဆောင်အိတ်မေ့ကျန်သွားမှုကို ဆိုက်တွဲမောင်းသားအဖမှ မုံရွာမြို့မ ရဲစခန်းသို့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံသားနှစ်ဦးသည် နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီက တည်းခိုရာဟိုတယ်မှ ဗိုလ်ချုပ်မြင်းစီးရုပ် အတိုင်း ခြေကျင် လျှောက်လာစဉ်လမ်း၌တွေ့ရသော သုံးဘီးအနီရောင်ဆိုက်တွဲဖြင့် ကား လေးကွင်းသို့လမ်းကြုံလိုက်လာခဲ့ ကြောင်း သိရသည်။

Read more...

အားကိုးပါရစေ

တကယ်တော့ ရန်ကုန်မြို့ရဲ့လိုင်းကားကိစ္စက လူတိုင်းပြော နေကြတဲ့ကိစ္စတစ်ခုပါ။ နေ့စဉ်လှုပ်ရှားသွားလာနေကြတဲ့လူထုကြီးက အဲဒီလိုင်းကားတွေကိုပဲ အားကိုးပြီးသွားလာနေရတာပါ။ လူနဲ့ကား အရေအတွက်က လည်း မမျှပါဘူး။ ကားတွေထပ်တိုးပြန်ရင်လည်း လမ်းက ပိုပြီးပိတ်လာဦးမှာပါ။ ဘာပဲပြောပြော ဒီလိုပဲ အလုအယက်တက်ပြီး စိတ်ညစ်ခံပြီး လိုရာခရီးကို သွားလာနေကြရဦးမှာပါ။ ကောင်းမွန်တဲ့ နိုင်ငံတကာအဆင့်မီ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ချက်ချင်းကြီးကောင်းအောင် လုပ်ဆောင်ဖို့ဆိုတာ မလွယ်မှန်းတော့သိပါတယ်။ လိုအပ်တဲ့အခြေခံအဆောက်အအုံတွေ အရင်ဆုံးလုပ်ရပါဦးမယ်။ လိုအပ်တဲ့ကျွမ်းကျင် ပညာရှင်တွေနဲ့ လိုအပ်တဲ့စီမံခန့်ခွဲမှုတွေ လုပ်ရပါဦးမယ်။ အများကြီးပါပဲ။ ဒါတွေကို တဖြည်းဖြည်းချင်း လုပ် သွားရမှာပါ။

Read more...

စပယ်ယာများ ဝမ်းမြောက်ဖွယ်

စပယ်ယာတွေအတွက် ငရဲအသစ်ပေါ်နေလေပြီ။ တကယ်တော့ ထိုငရဲသည် ပေါ်သင့်တာကြာပြီ။ ဒါပေမဲ့ ယမမင်းကြီးထံက ခွင့်ပြုချက်မရသေးသဖြင့် ကြန့် ကြာနေခြင်းပင်။ အစက ငရဲကြီးရှစ်ထပ်။ ယခုစပယ်ယာ ငရဲ ကို ထပ်ပေါင်းတော့ ငရဲကြီးကိုးထပ်ပေါ့။ တကယ်တော့ စပယ်ယာတွေသည် ငရဲအထပ်သီးသန့်ရခြင်းတော့ မဟုတ်။ အဝီစိ၏အပေါ်တွင် ထပ်ခိုးလေးသာရခြင်းဖြစ်သည်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်က စပယ်ယာတွေမပေါ်သေးသဖြင့် စပယ်ယာငရဲကို မသတ်မှတ် နိုင်ခဲ့။ အဲဒီလို စပယ်ယာငရဲ မသတ်မှတ်နိုင်ခဲ့သဖြင့် စပယ်ယာတွေခမျာ မျက်နှာငယ်ရသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616