HOT NEWS
Main menu

ကားသမားတွေရဲ့ စိတ်ဓာတ်တွေကို ဘယ်လို ပြုပြင်ကြမလဲ

-----------------------------

ဦးကျော်စိန်(ပညာရေး-ငြိမ်း)

-----------------------------


တစ်နေ့မှာ မိမိနေထိုင်ရာ တာမွေ၊ မေတ္တာညွန့်ကနေ မြို့ထဲ ၃၉ လမ်းကို တက္ကစီငှားပြီး သွားပါတယ်။ ကားသမားက လမ်းထဲဝင်ရမလားလို့မေးတော့ ဗိုလ်ချုပ်လမ်းထိပ် ရပ်ပေးရင်ရပါပြီလို့ဆို လိုက်ပါတယ်။ သွားမည့်နေရာက လမ်းအလယ်လောက်ထိဖြစ်ပေမယ့် လမ်းထဲဝင်လိုက်ရင် မြို့ထဲပြန်ဝင်ရတဲ့ လမ်းကြောင်းထဲရောက်သွားကာ ကားသမား အခက်တွေ့သွားမှာ စိုးတာကြောင့် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်ရတာဖြစ် ပါတယ်။ တက္ကစီမောင်းသူကို ယာဉ်ကြောပိတ်တာနဲ့ ကြုံရမယ့် ဒုက္ခကိုစိုးရိမ်လို့ဖြစ်ပါတယ်။ အငှားတက္ကစီတွေဟာ ဒီဒဏ်ကို အများဆုံးခံရတာကြောင့် ယာဉ်ကြောပိတ်တဲ့ကိစ္စ စကားစမြည် ပြောမိရာမှာ ကားကျပ်ရတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး ကားဆရာက သူ့အမြင်ကိုပြောပြပါတယ်။

Read more...

စတီးပိုက်ကိုင် ရမ်းကားသည့် ယာဉ်နောက်လိုက်ကို အရေးယူ

ရန်ကုန်၊ ဇွန် ၁၂

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၀၇ မော်တော်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦး စတီးပိုက်ကိုင်ရမ်းကားမှုကို သင်္ဃန်းကျွန်းရဲစခန်းမှ စုံစမ်းအရေးယူလိုက် ပြီဖြစ်ကြောင်း သိရသည်။ facebook လူမှုကွန် ရက် စာမျက်နှာများတွင် ဇွန် ၉ ရက်က သင်္ဃန်းမြို့နယ် ရတနာလမ်းမကြီးနှင့် သံသုမာလမ်းမီးပွိုင့်ထောင့်၌ အ နောက်ပိုင်းခရိုင် ၁၀၇ မော်တော်ယာဉ် လိုင်းမှယာဉ်နောက်လိုက်တစ်ဦးသည် စတီးပိုက်လုံးကိုင်၍ ဆဲဆိုကာ လူမိုက်ဆန်ဆန် ရန်လိုနေသည့် ဓာတ်ပုံမှတ်တမ်းများနှင့် သက်ဆိုင်ရာမှအရေးယူဆောင်ရွက်နိုင်ရန် သင်္ဃန်းကျွန်းရဲစခန်းသို့ ပေးပို့ တိုင်ကြားလာသောကြောင့် စုံစမ်းစစ်ဆေးခဲ့ရာ ယင်းအမျိုးသားမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်မှ အသက် ၁၉ နှစ် ရှိအငယ်ကောင်(ခ) ဟိန်းထက်အောင် ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပြီးနောက် ဇွန် ၁၁ ရက်က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS