HOT NEWS
Main menu
adv
ရက် ၁ဝဝ စီမံကိန်းတွင် ပါဝင်သော ပုဂံဘုရားလေးဆူ ပြုပြင်ခြင်း လုပ်ငန်း ပြီးစီးပြီဟု ဆို

ရက် ၁ဝဝ စီမံကိန်းတွင် ပါဝင်သော ပုဂံဘုရားလေးဆူ ပြုပြင်ခြင်း လုပ်ငန်း ပြီးစီးပြီဟု ဆို

ရန်ကုန်၊ ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ရက် ၁ဝဝ စီမံကိန်းတွင်ပါဝင်သော ရှေးဟောင်းအမွေအနှစ်များပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ထဲမှပုဂံဘုရားလေးဆူပြု ပြင်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။ ယင်းဘုရားလေးဆူမှာဘုရားအ မှတ် (၁၇၂၅)၊ ဘုရားအမှတ် (၇၆၁)၊ ဘုရားအမှတ် (၈၄၄) နှင့် ဘုရားအမှတ် (၁ဝ၅၆) တို့ဖြစ်ကာ လိုဏ်ဂူဘု ရားများဖြစ်သည့်အတွက် အမိုးခုံး များမိုးယိုခြင်းများအတွက် ရေပိတ်လွှာလောင်းခြင်း၊ အုတ်တစ်ခုနှင့်တစ်ခုကြားတွင် လွတ်နေသည့်နေရာများအား အနားပိတ်ခြင်းလုပ်ငန်းများ စသဖြင့်ပြုပြင်မွမ်းမံရေးလုပ်ငန်းများဖြစ်ပြီး ယခုလတွင်လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေး မှူး ဦးအောင်အောင်ကျော်က ဇွန် ၇ ရက်တွင်ပြောသည်။


''ရက် ၁ဝဝ အတွင်းမှာ အလျင်စလိုပြုပြင်လို့မရတဲ့ဘုရားတွေကိုပဲ ထည့်သွင်းခဲ့တယ်။ ပြုပြင်တဲ့လုပ်ငန်းကိုလည်းလူအင်အားတွေအများကြီး သုံးပြီးမြန်မြန်ပြီးစီးဖို့အတွက်ပဲလုပ်လို့မရဘူး။ ဒီဘုရားတွေရဲ့ကြံ့ခိုင်မှုနဲ့ လက်ရာတန်ဖိုးတွေရှိသေးတယ်။ လူတွေအများကြီးနဲ့လုပ်မယ်ဆိုရင် ခံနိုင်ရည်မရှိဘူး။ အဲဒါကြောင့် တ ဖြည်ဖြည်းချင်းအနုစိတ်ပြီးပြုပြင်ရ မယ့်ဘုရားတွေရှိတဲ့အတွက် ဒီဘုရား လေးဆူကိုပဲရက် ၁ဝဝ အတွင်းမှာ ထည့်ပြီးလုပ်ခဲ့တာပါ'' ဟု ၎င်းက ဆက်လက်ပြောသည်။ ပုဂံဘုရားများမှာ ငလျင်ဒဏ် အကြိမ်ကြိမ်ခံစားခဲ့ရပြီး ပြုပြင်မွမ်းမံမှုပြီးစီးပြီဖြစ်သော ၎င်းဘုရားလေးဆူတွင်လည်း မိုးရေဒဏ်များကြောင့် ဘုရားကိုယ်ထည်ပိုင်းများ အက် ကြောင်းရာများပေါ်လာကာခိုင်ခံ့မှုရှိစေရန် ယခုကဲ့သို့ ဦးစားပေးလုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိ ရသည်။


ထို့ပြင်ယခုဘဏ္ဍာနှစ်အတွင်းတွင်လည်း ဘုရားစေတီပေါင်း ၆ဝ ကျော်ခန့်ပြုပြင်မွမ်းမံသွားရန်ရှိပြီး ရှေးလက်ရာမပျက်ပြုပြင်နိုင်ရန်အတွက် ဘိလပ်မြေလုံးဝသုံးစွဲခြင်းမရှိဘဲ ယခင်အသုံးပြုတည်ဆောက်ခဲ့သည့်နည်းပညာအတိုင်းသာပြုပြင် မွမ်းမံသွား မည်ဖြစ်ကြောင်းသိရသည်။ ပုဂံဒေသတွင် စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်နှင့် သာသနိကအ ဆောက်အအုံသုံးထောင်ကျော်ခန့် ကျန်ရှိနေသေးကာ လက်ရှိတွင် ယူနက်စကိုသို့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရန်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။             

MTZ

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS