HOT NEWS
Main menu

ငလျင်ဒဏ်သင့် ပုဂံဘုရားများအတွက် လှူဒါန်းငွေ ကျပ်သိန်းပေါင်း ငါးသောင်းခန့် ရရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၎

ငလျင်ဒဏ်သင့် ပုဂံဘုရားများအတွက် လှူဒါန်းသော မြန်မာငွေကျပ် သိန်းပေါင်းငါးသောင်းခန့် ရရှိနေပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။ ပုဂံဘုရားများပြန်လည်ပြုပြင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ လှူဒါန်းသော ငွေကြေးများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့်ပုဂံဒေသတို့တွင် အလှူငွေများလက်ခံပေးလျက်ရှိပြီး ဇန်နဝါရီ ၃ ရက်တွင် ဌာနမှထုတ် ပြန်လိုက်သော စာ ရင်းအရ အလှူ ငွေကျပ်သိန်း ၄၉၉၄၂၈ဝ၆၅၃ ရှိနေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင်အမေရိကန်ဒေါ်လာကိုးသောင်းကျော်နှင့် အခြားသော ငွေကြေးအမျိုးအစားများစွာဖြင့် အလှူငွေများလက်ခံရရှိထားကြောင်းသိရသည်။

Read more...

ရက် ၁ဝဝ စီမံကိန်းတွင် ပါဝင်သော ပုဂံဘုရားလေးဆူ ပြုပြင်ခြင်း လုပ်ငန်း ပြီးစီးပြီဟု ဆို

ရန်ကုန်၊ ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ရက် ၁ဝဝ စီမံကိန်းတွင်ပါဝင်သော ရှေးဟောင်းအမွေအနှစ်များပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်ထဲမှပုဂံဘုရားလေးဆူပြု ပြင်ခြင်းလုပ်ငန်းပြီးစီးပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှသိရသည်။ ယင်းဘုရားလေးဆူမှာဘုရားအ မှတ် (၁၇၂၅)၊ ဘုရားအမှတ် (၇၆၁)၊ ဘုရားအမှတ် (၈၄၄) နှင့် ဘုရားအမှတ် (၁ဝ၅၆) တို့ဖြစ်ကာ လိုဏ်ဂူဘု ရားများဖြစ်သည့်အတွက် အမိုးခုံး များမိုးယိုခြင်းများအတွက် ရေပိတ်လွှာလောင်းခြင်း၊ အုတ်တစ်ခုနှင့်တစ်ခုကြားတွင် လွတ်နေသည့်နေရာများအား အနားပိတ်ခြင်းလုပ်ငန်းများ စသဖြင့်ပြုပြင်မွမ်းမံရေးလုပ်ငန်းများဖြစ်ပြီး ယခုလတွင်လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာန(ပုဂံဌာနခွဲ)မှ ညွှန်ကြားရေး မှူး ဦးအောင်အောင်ကျော်က ဇွန် ၇ ရက်တွင်ပြောသည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS