Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

ကိုလံဘီယာအနောက်မြောက်ပိုင်းတွင် သင်္ဘောမှောက်၊ အနည်းဆုံးကိုးဦးသေ၊ ၂၈ ဦးပျောက်ဆုံး

ဘိုဂိုတာ၊ ဇွန် ၂၆

ကိုလံဘီယာနိုင်ငံ အနောက် မြောက်ပိုင်းရှိ ခရီးသွားမြို့  Guatape  မြို့အနီးရှိ EL-Penol  ရေလှောင်တမံတွင် ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက Almirante သင်္ဘောတိမ်းမှောက်ခဲ့သဖြင့် အနည်းဆုံးကိုးဦးသေဆုံးပြီး ၂၈ ဦးပျောက်ဆုံးကြောင်း ဇွန် ၂၆ ရက် သတင်းများအရသိရသည်။ ကိုလံဘီယာနိုင်ငံသားများနှင့်နိုင်ငံ ခြားသားခရီးသွားများသွားရောက် အပန်းဖြေလေ့ရှိသော EL-Penol ရေလှောင်တမံရှိ အပျော်စီးလေးထပ် သင်္ဘော Almirante သင်္ဘောပေါ်တွင် ခရီးသည် ၁၇ဝ လိုက်ပါစီးနင်းလာခဲ့ကြောင်း၊ သေဆုံးသူအားလုံးမှာ ကိုလံဘီယာနိုင်ငံသားများဖြစ်ပြီး ကလေးငယ်များပါဝင်ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲ ရေးယူနစ်မှအရာရှိ Carlos Ivan Marquez ကပြောသည်။

Read more...

စပိန် သဘာဝဘေးမဲ့တော မီးလောင်၊ ဒေသခံ ၁၈ဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

မက်ဒရစ်၊ ဇွန် ၂၆

စပိန်နိုင်ငံတောင်ပိုင်းအန်ဒါ လူစီယာဒေသ၊ မိုဂူရာမြို့အနီးရှိ Donana သဘာဝဘေးမဲ့တော မီးလောင်သဖြင့် ဇွန် ၂၅ ရက်တွင် ဒေသခံ ၁၈ဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေပြောင်းပေးခဲ့ရသည်ဟု ဒေသဆိုင် ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒုဥက္ကဋ္ဌ Joae Fiscal က ဇွန် ၂၆ ရက်တွင် စပိန်ရုပ်သံသတင်းဌာနကိုပြောသည်။

Read more...

ဖိလစ်ပိုင် အစ္စလာမ္မစ် စစ်သွေးကြွများ ဖမ်းဆီးသွားသော ဘုန်းတော်ကြီးကို အသက်ရှင်လျက် ပြန်တွေ့

မာရာဝီ၊ ဇွန် ၂၆

အစ္စလာမ္မစ်စစ်သွေးကြွများ ဖမ်းခေါ်သွားသော ရိုမန်ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးကို အသက်ရှင်လျက်ပြန်တွေ့ရသည်ဟု ဖိလစ်ပိုင်စစ်တပ်က ဇွန် ၂၆ ရက်တွင် ပြောသည်။ မာရာဝီမြို့တွင်ခန့်အပ်တာဝန် ပေးခြင်းခံရသော ဖာသာရှုဂါနော့ကို အစ္စလာမ္မစ်စစ်သွေးကြွများက အခြားအကျဉ်းသားများနှင့်အတူ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း၊ အသက်ရှင်လျက်ပြန်တွေ့ရသော်လည်း ၎င်းသည် စစ်သွေးကြွများ၏လက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း၊ ၎င်း၏ ကျန်းမာရေးအခြေအနေအသေးစိတ်ကို မသိရသေးကြောင်း စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ မာရာဝီမြို့ ထဲရှိ စစ်သွေးကြွများသည် ဘုန်း တော်ကြီးအပါအဝင် အရပ်သား ၁ဝဝ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား ကြောင်း ၎င်းကပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616