HOT NEWS
Main menu
adv

'ငါသူခိုးပါ' ဟု စာတန်း ချိတ်ဆွဲခံရသည့် ကလေးပုံ ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် မွေးစားမည့်သူ ပေါ်ပေါက်လာ

ရန်ကုန်

လူမှုကွန်ရက်စာမျက်နှာတွင် 'ငါသူခိုး ပါ'ဟူသည့် စာဆွဲခံထားရသည့်ကလေးငယ်ကို မွေးစားမည့်သူ ပေါ်ပေါက်လာပြီဖြစ်ကြောင်း သိရသည်။ ကလေးငယ်တစ်ဦးကို လက်ပြန်ကြိုးတုပ်ပြီး 'ငါသူခိုးပါ'ဟူသည့် စာဆွဲခံ ထားရသည့် စိတ်မချမ်းမြေ့ဖွယ်ကောင်းသောပုံများမှာ လူမှုကွန်ရက်တွင် သြဂုတ် ၁ ရက်မှစပြီး ပျံ့နှံ့ခဲ့ရာ ဝေဖန်ပြစ်တင်မှုများနှင့် တစ်ဖက်နှင့်တစ်ဖက် စောကြောပြောဆိုမှုများရှိခဲ့သည်။ ထိုကလေး၏အရွယ်မှာ အသက် ၁၃ နှစ်ခန့်သာရှိပြီး ၎င်း၏ဝတ်စားမှုကိုကြည့်ခြင်းအားဖြင့် ကျောင်းသားအရွယ်ဆိုသော်လည်း ကျောင်းတက်နိုင်မည့်အခြေအနေမရှိသည်ကိုမှန်းဆနိုင်ပြီး လတ်တလော ရန်ကုန်တိုင်းမ်ဂျာနယ်မှ စုံစမ်းမေးမြန်းမှုများ အရ ကလေးငယ်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညို စံပြကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ် ကြောင်း သိရသည်။

Read more...

ဖေ့စ်ဘွတ်ခ် စာမျက်နှာများကြောင့် ထင်ရှားလာသည့် စွန်ရဲအင်းသို့ တစ်လအတွင်း လာရောက်သူ အဆမတန် မြင့်တက်လာ

ကျောက်ဆည်၊ ဇူလိုင် ၅

ယခင်က အသင်းအ ဖွဲ့များ၊ ဓာတ်ပုံဝါသနာရှင်များ၊ ငှက်ကြည့်သူများ လောက်သာလာရောက်မှုရှိသည့် ကျောက်ဆည် မြို့နယ်ရှိ စွန်ရဲအင်းသည်  ဖေ့စ်ဘွတ်ခ်စာမျက်နှာများကြောင့် ထင်ရှားလာပြီး လာရောက်သူများ တစ်စထက်တစ်စမြင့်တက်လာရာ ယခုအခါ နံနက်မိုးလင်းချိန်မှ ညနေမိုးချုပ်သည်အထိ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ ကြောင်းသိရသည်။  စွန်ရဲအင်းမှာ ကျောက်ဆည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမ ကြီးပေါ်ရှိ ဘဲလင်းကျေးရွာတောင်ဘက်လမ်းခွဲမှ အတွင်းသို့သုံးမိုင်ခန့်ဝင်ရောက်ရသည်။ ရှမ်းရိုးမတောင်ခြေနှင့် ကျောက်ဆည်မြို့နယ်အတွင်း တောင်များအကြား စွန်ရဲရွာအနီးတွင်တည်ရှိရာ တစ်နှစ်ပတ်လုံး ရေရှိသည့် အပြင်ပတ်လည်ရေပြင်အင်း၌ ကြာ တောကြီးများရှိပြီး ရေပျော်ငှက်များ၊ ဆောင်းခို ငှက်များလာရောက်ခိုနားသည့် အင်းဖြစ်သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS