Main menu
HOT NEWS
adv

မိုးရာသီလက်ဆောင်

နေ့စဉ် ရုန်းကန်လှုပ်ရှား ဖြတ်သန်းသွားလာနေရတဲ့ ကာလတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေက လော ကကြီးနဲ့ တိုက်ဆိုင်နေတတ်သည်။ တိုက်ဆိုင်မှုတွေထဲက တစ်ခုဟုပင်ဆိုရမည်။ ပြီးခဲ့သည့်မိုးရာသီက ဖြစ်ရပ်လေး တစ်ခုကို ပြောပြချင်သည်။ မိုးရာသီကာလမို့ မိုးက ရွာချင်တဲ့အချိန် ရွာချနိုင်သည်ကိုတော့ အားလုံးအသိပင်။ လူ့အလို နတ်မလိုက်သကဲ့သို့ အစိုးမရ၊ အလို သို့မလိုက် သူ့သဘောသူဆောင်တတ်၏။ ဒီလိုရာသီမျိုးမှာ မိုးကာ အင်္ကျီကောင်းကောင်း၊ ထီးကောင်းကောင်းရှိမှ အဆင် ပြေမည်ဟု တွေးခဲ့သည်။ ဒါကြောင့် သွားရေး၊ လာရေး အဆင်ပြေဖို့ ရာသီဥတုဒဏ်ခံနိုင်အောင် မိုးကာအင်္ကျီဝယ်ဖို့ ကျွန်တော်တို့မြို့ရဲ့ ဆိုင်တွေထဲက အကောင်းဆုံးဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့သည်။ တန်ဖိုးမြင့်အထည် ဆိုင် လေးဖြစ်တော့ ရွေးချယ်စရာ မိုးကာတွေက များမှများ၊ အရွယ်အစားမျိုးစုံ ဈေးမျိုးစုံရှိသည်။ အားလုံးထဲက ဈေးအကြီးဆုံးနဲ့ အနှစ်သက်ဆုံး မိုးကာတစ်ထည်ကို ဝယ်ခဲ့၏။ ဒီနှစ်မိုးရာသီတော့ အဆင်ပြေပြီဆိုတဲ့ အတွေးတွေ နဲ့ ပျော်ခဲ့ရတာပေါ့။

Read more...

ဆေးကောင်းတစ်လက် လိုနေပါပြီ

အစိုးရအဖွဲ့အသစ်အနေဖြင့် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများစွာရှိသည့်အနက် လောလောဆယ်ဆယ် ဆောင်ရွက်ပေးသင့်သည့်ကိစ္စမှာ ''စီးပွားရေးပြဿနာ''ဖြစ်သည်ဟု စာရေးသူအကြံပြု ချင်ပါသည်။ လတ်တလောတွင် နိုင်ငံတော်ချွတ်ခြုံကျပြီး ပြည်သူတို့နွမ်းပါးကြ၏။ တစ်နေ့တခြားမြင့်မားလာသော ကုန်ဈေးနှုန်းဒဏ်ကို ပြည်သူတို့ ခါးစည်း ခံနေကြရ၏။ ချမ်းသာကြွယ်ဝသူတို့ က မတရားချမ်းသာနေကြသဖြင့် ဆင်းရဲချမ်းသာကွာဟမှုက ပို၍ကြီးမားလာသည်။ ဤသည်၏အကျိုးဆက်ကြောင့်ပင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်း ရဲဆုံးနိုင်ငံ(L.D.C) စာရင်းဝင်ဖြစ် လာခဲ့ရ၏။

Read more...

ကိုက်တစ်ရာဝန်းကျင် အာဏာရှင်

တစ်ခါတလေ စာမရေးဘဲ အာဏာရှင်လေးဖြစ်ချင်တယ်။ တကယ်ပြောတာပါ။ ဒါပေမဲ့ အထင်မလွဲပါနဲ့။ သမိုင်းမှာ နာမည်ဆိုးတွေ တွင်ကျန်ရစ်မယ့် အာဏာရှင်ကြီးဖြစ်ချင်တာမဟုတ်။ ဒုသမ္မတနေရာ လောက်လား စိတ်ကူးထဲတောင်မရှိ။ ဒါဆို ပြည်နယ်/ တိုင်းဝန်ကြီးချုပ်ဖြစ်ချင်တာလား၊ ဒါလည်းမှားတယ်။ တကယ်လို့ ရများရနိုင်မယ်ဆို မောင်မြတ်နေအိမ် လေးရဲ့ ကိုက် ၁ဝဝ ပတ်လည်စက်ဝန်းလောက်ကို အကြွင်းမဲ့ပိုင်စိုးတဲ့ အာဏာရှင်လေးတော့ ဖြစ်ချင်ပါတယ်။ နေရာလေးအတိအကျပြောပါဆို တောင်ဥက္ကလာ ဆင်ခြေဖုံးက ကေတုမာလာမီးပွိုင့်ကို ဗဟိုပြု တဲ့ ဧရိယာလေးပါ။ ကဲ အဲဒီကိုက် ၁ဝဝ ပတ်လည် အာဏာလေးရပြီဆိုရင် အသင်မောင်မြတ် ဘာလုပ်မလဲ။ ဖြေချင်အားကြီးလို့ ဖြေပါ့မယ်။

Read more...

စောင့်ကြည့်ရမည့် ဝန်ကြီးချုပ်များ

မတ်လ ၂၈ ရက်ကျမှ ပြည်နယ်တိုင်းလွှတ်တော် အသီးသီးမှာကြေညာမယ့် အင်န်အယ်လ်ဒီဝန်ကြီးချုပ် အမည်စာရင်းတွေဟာ ထုံးစံအတိုင်း မတ်လ ၂၇ ရက် ညနေဘက်ကတည်းက အွန် လိုင်းပေါ်ရောက်လာတယ်။ မတ်လ ၂၈ ရက် နံနက်ဘက် ပြည်နယ်တိုင်းအသီးသီးမှာ ဝန်ကြီးချုပ်အမည်စာရင်းတွေတင်ကြတော့လည်း ၂၇ ရက် ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် ၁၄ ဦးအမည် စာရင်းအတိုင်းပဲ ဖြစ်ခဲ့တယ်။ ပြည်နယ်တိုင်းလွှတ်တော်အသီးသီးမှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနာမည်တွေကြိုထွက်ခဲ့သလိုပဲ အခုလည်းဝန်ကြီးချုပ်စာရင်းတွေထပ်တူကျ ကြိုထွက်ခဲ့ တာဖြစ်တယ်။

Read more...

ပြန်လည်ထူထောင်ရေး-ကြောက်စရာ လေးစားစရာ

(၁)
ဆွန်ဇူးကစလို့ ယနေ့ခေတ်ပေါ်စစ်ပညာ ဆရာကြီးတွေအထိ ရေးသားခဲ့ကြတဲ့ စစ်ပညာကျမ်း တွေမှာ''ခွာစစ်''ကိုလည်း အရေးကြီးတဲ့ပညာရပ် တစ်ခုအဖြစ် ရေးခဲ့ကြပါတယ်။ ကုန်းဘောင် မင်းဆက် စတင်သူ အလောင်းမင်းတရားဟာ ယိုးဒယားကို စစ်သွားတိုက်ရင်း ကျန်းမာရေးမကောင်းလို့ ဆုတ်ခွာ ရတဲ့အခါမှာ ဗိုလ်တွန်(မဟာမင်းလှမင်းခေါင်)ရဲ့ တပ်ကို နောက်ချန် တပ်အဖြစ်ထားခဲ့ပြီး ခွာပါတယ်။ အိမ်ရှေ့မင်းသားဖြစ်သူ အမြင့်မင်းသား(နောင်ကျ တော့ နောင်တော်ကြီးမင်းလို့ဖြစ်လာ) သူက နောက် ချန်တပ်လုပ်ရမယ့်အလုပ်တွေကို ရှေ့က ကြိုလုပ် သွားပါတယ်။ စားနပ်ရိက္ခာ ဖျက်ဆီးခြင်း၊ ရွာတွေမီးတိုက်ခြင်းဆိုတာမျိုးတွေပါ။ ဒီတော့ ထိုးစစ်ဆင်လိုက်လာတဲ့ ယိုးဒယားတွေကိုခုခံရင်း ခွာစစ်ဆင်ရတဲ့ ဗိုလ်တွန်ရဲ့တပ်တွေ ဒုက္ခရောက် ပါလေရော။ ဘာတွေဆက်ဖြစ်ကြတယ်ဆိုတာ ရာဇဝင်စာ အုပ်တွေမှာ ဖတ်ကြည့်ကြပါတော့။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616