Main menu
HOT NEWS
adv

သတင်းစာသမားတို့ 'အတင်း'စာမမှားဖို့ မယွင်းစာ စကားဗျို့

သတင်းနှင့် ရှုမြင်သုံးသပ်ချက် 

( ၁ )
ခုနှစ် ဇွန် ၁၃ ရက်ထုတ် ပြည်သူပိုင် ကြေးမုံသတင်းစာ စာမျက်နှာ(၄)တွင် ဖေ့စ်ဘွတ်ခ်မှနေ၍ အစ္စ ရေးနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဘင်ဂျမင်နေ တန်ယာဟုအား မဟုတ်မတရား စော်ကား အပုပ်ချ သတင်းရေးသားမှုဖြင့် အစ္စရေးသတင်း ထောက်တစ်ဦးကို တရားရုံးမှ ပြစ်ဒဏ်ချမှတ် လိုက်သည့်သတင်းကို ဖတ်ရှုလိုက်ရသည်။ ထိုသတင်းကို ဖတ်ရှုရသောကြောင့် ''သြော် သူတို့ဆီမှာလဲ တို့များဆီမှာကဲ့သို့ပင် နိုင်ငံတော် ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တို့အား မဟုတ်မတရား အပုပ်ချ ရေးသားသော အမှုအခင်းရှိပါသ လား''ဟု တရားရမိ၏။ အဆိုပါသတင်းမှာ ဤသို့ ဖြစ်သည်။

Read more...

ပြောမကုန် ရေးမကုန်တဲ့ လာဘ်ပေးလာဘ်ယူ အဖုံဖုံ

နေ့စဉ် MRTV ကနေ ၂ နာရီ ည ၉ နာရီ ၁၅ မိနစ်မှာ တရားရှင်နဲ့ ဓားဘုရင်ဆိုတဲ့ တရုတ်ဇာတ်လမ်းကို ပြသနေပါတယ်။  သိပ်ကြိုက်တယ်။ သိပ်သဘောကျတယ်။ သိပ်နှစ်သက်တယ်။ သူမတူ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ တရား ဥပဒေကို အသက်နဲ့ရင်းပြီး စွမ်းဆောင်တဲ့ ပေါင်ချိန်ဆိုတဲ့ တရားသူကြီးကို ကြည့်ရသလို အကြံကောင်း ဉာဏ်ကောင်းတွေကို ဘက် မလိုက် မျက်နှာမထောက် မှန်မှန်ကန်ကန် အကြံဉာဏ်ပေးတဲ့ ဆရာကုံးစွန်း။ တိကျမှန်ကန် ပေါင်ချိန်ကို အဘက်ဘက် က ကိုယ်စီÓဏ်စွမ်းရှိရှိနဲ့ ကူညီတဲ့ ကျန် ကိုယ်ရံတော်ခေါ် ကျန်ကျောင်း။ ဥပဒေဘက်တော်သားပီပီ ပေါင်ချိန်ကို စောင့်ရှောက် ပေါင်ချိန်ကို အနားကပ်ကူနေ တဲ့ ဝမ်ချောင်နဲ့ မာဟန့်။ အလွန်ကျက်သရေရှိပြီး ကျောသားရင်း သား မခွဲခြားတဲ့ ခိုင်ဖုန်းတရားရုံးတော်။

Read more...

ကမ္ဘာပေါ်က နိုင်ငံမဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ကမ္ဘာပေါ်မှာ ၁ဝ မိနစ်တိုင်း ကလေးတစ်ဦးဟာ နိုင်ငံမဲ့အနေနဲ့ မွေးဖွားလာတယ်လို့ ကုလသမဂ္ဂက တွက်ချက်ခန့်မှန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အနေအထား အရ နိုင်ငံသားရပိုင်ခွင့်နဲ့ ကင်းဝေးနေသူတွေ၊ အကာအကွယ်မဲ့နေသူတွေဟာ မယုံနိုင်လောက် အောင် သန်းနဲ့ချီပြီး ရှိနေတယ်လို့ မဲလ်ဘုန်း တက္ကသိုလ်က ဥပဒေပါမောက္ခ မစ်ချယ်လီဖို့ စတာက ဆိုပါတယ်။ မစ်ချယ်လီဖို့စတာဟာ မဲလ်ဘုန်း ဥပဒေတက္ကသိုလ်မှာ နိုင်ငံမဲ့တိုက် ဖျက်ရေး သုတေသနစင်တာတစ်ခုကို ဖွင့်လှစ် ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

Read more...

အစိုးရအဆက်ဆက် ပျောက်ကွယ်မသွားတဲ့ ကျူးကျော်ပြဿနာ

"မြေယာမဲ့ပြည်သူများအား လူသား ဆန်ဆန် အသိအမှတ်ပြုပါ'ဟူ သောဆိုင်းဘုတ်ကို လည်ပင်းတွင် ချိတ်ဆွဲလျက် အချက်လေးချက် တောင်းဆို ရန် ဇွန် ၁၅ရက်က နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော်သို့ လမ်းလျှောက်ဆန္ဒပြသူများ မှာ ကံ့ကော်ကျွန်း ကျေးရွာမှ လယ်သမား ၂၅ ဦးပင်ဖြစ်သည်။

Read more...

ကာတွန်းဆရာ သရောစာ

၂၀၁၇ ခုနှစ် ဇွန်လ ၁၁ရက် တနင်္ဂ နွေနေ့ မနက်ကား ထူးခြားလှပါပေ၏။ မြို့တော်ရန်ကုန် ပန်းဆိုးတန်းလမ်း အောက်ဘလောက်ရှိ ပြန်/ဆက်ခန်းမမှာ ကန်တော့ပွဲကြီးတစ်ခု ကျင်းပခဲ့တာပါ။ '၄၁ ကြိမ်မြောက် ကာတွန်းဆရာ ကြီးများအား ဂါရဝပြုကန်တော့ပွဲ' ဖြစ်ပါ လေ၏။ 'ထူးခြားလှ'ဆိုသည်ကား 'မြန်မာ နိုင်ငံ ကာတွန်းဆရာအသင်း'ပေါ်ပေါက် ပြီး ပထမဆုံး ကန်တော့တဲ့ပွဲ ဖြစ်လို့ပါ ခင်ဗျ။ ဆရာအားလုံး '၁၄'ဦးပါ။

ယခုနှစ် အကန်တော့ခံဆရာကြီးများကို 'ကလောင်နာမည်'အတိုင်း ဖော်ပြရလျှင် ဆရာရွှေမင်းသား၊ ငွေကြည်၊ မောင်မောင်၊ မောင်မောင်လေး၊ မြင့်သိန်း၊ တင်အောင်နီ၊ ချစ်ဆွေ၊ လှဖေ၊ မြေဇာ၊ အောင်အောင်၊ တွတ်တွတ်၊ ဖေစန်း၊ အ ကိန်း၊ သစ်ထွဏ်းတို့ပဲ ဖြစ်ကြပါတယ်။ ပျမ်းမျှအားဖြင့် ဆရာတို့ကား 'ခုနစ်ဆယ်' တန်းတွေပါ။ ယခု ဆရာကန်တော့ပွဲကြီး ကို ကျင်းပသည့်အခါ ယခင်တုန်းကလို မဟုတ်မူဘဲ ယခုနှစ် မတ်လထဲကမှ 'ပေါ် ပေါက်'လာသည့် 'မြန်မာနိုင်ငံ ကာတွန်း ဆရာများအသင်း'က ဦးစီးခဲ့တာဖြစ်ပါ၏။

ဟိုးယခင်အခါ ဆာသော်ဒိုးတို့ မီလိုက်တာကတော့ ခြောက်မိုင်ခွဲဓမ္မာ ရုံလမ်းက ဆရာကြီးဦးဖေသိန်းအိမ်မှာ ကျင်းပတဲ့ပွဲတွေပါ။ ကိုယ်တိုင်လည်းအား စိုက်ခွန်စိုက် ရှေ့တန်းမှပါဝင်ကာ အစစ အရာရာ အလှူငွေကောက်ခံတာကအစ ပရိသတ်ကို ကျွေးမွေးဧည့်ခံတာအဆုံး ပီတိတွေဖုံးကာ နှစ်စဉ် ဆောင်ရွက်ခဲ့ဖူး ပါလေ၏။ အဲသည်နှစ်ကာလများကား တအားကိုပဲ လွမ်းဆွတ်စရာကောင်းလှပါ ပေ၏။ ကောလိပ် နှစ်လည်မဂ္ဂဇင်းများ ပေါ်မှာ ပုံနှိပ်စာမူအဖြစ် ၁၉၈၁ ခုနှစ် ကတည်းက ရောက်ရှိခဲ့သော်ငြား ပြင်ပ မဂ္ဂဇင်းများကိုကား ၁၉၈၄ ခုနှစ်မတ်လ မှ စတင်ရောက်ရှိခဲ့တာ ဖြစ်ပါ၏။ ၁၉၈၄ ခုနှစ် မတ်လထုတ် 'သပြေ'တေးမဂ္ဂဇင်းပါ။

ဆိုလိုချင်တာကား 'ဆာသော် ဒိုး'၏ 'ကလောင်သက်'နှင့် ကာတွန်းလော ကအတွင်း ပါဝင်ပတ်သက်မှုကိုပါ။ အဲ သည်အရင်နှစ်ကာလများတွင်ကား 'စိုး သော်တာ'သည် မြို့တော်ရန်ကုန်၏ ကာ တွန်းဆရာကြီးများ ဂါရဝပြုပွဲတွေကိုမ ရောက်ဘူးခဲ့ပါ။ မနီးစပ်ခဲ့ပါ။ မြန်မာ့ ကာတွန်းလောကမှာ ကာတွန်းဆရာကြီး ဦးဘကလေး(ခေါ်) ရွှေတလေးကို ပထ မဆုံးသော မြန်မာကာတွန်းဆရာဟု သတ် မှတ်ခဲ့ကြပါ၏။ ၁၉၁၅ ခုနှစ်ထုတ် စာ စောင်မဂ္ဂဇင်းတွေပေါ်မှာ ဆရာဦးဘက လေး စတင်လက်စွမ်းပြခဲ့ရာ လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ်မှာ မြန်မာ့ကာတွန်း 'နှစ် ၁ဝဝ'ပြည့်ခဲ့ပါလေ၏။

ဆရာဦးဘကလေးပြီးတော့ ဆရာဦးဘဂျမ်း၊ ဆရာဦးအိန်စွမ်း၊ ဆရာ ဦးဖေသိန်း၊ ဆရာဦးအောင်ရှိန်၊ ဆရာ မောင်လွင်၊ ဆရာကဆ၊ ဆရာဦးစိန်၊ ဆ ရာသန်ြး<ွကယ် အစရှိသည်ဖြင့် ဆက်တိုက် ဆိုသလို တိုင်းပြည်အတွက် 'အဖိုးတန် ပုဂ္ဂိုလ်တွေ' ဆက်တိုက်ဆက်တိုက် ပေါ် ထွန်းလာခဲ့ပါပေ၏။ 'မျိုးဆက်ကား ပြတ် တောက်သွားခြင်းမရှိဘဲ ဆထက်တိုးကာ တိုးကာ ခေတ်အဆက်ဆက် ဆက်လက် ပေါ်ထွန်းလာခဲ့တာ ယခုအထိပါခင်ဗျာ။

အဲသည်ဆရာကြီးတွေ နောက် ပိုင်းမှာ ထပ်မံပေါ်ထွန်းလာတဲ့ ဆရာတွေကို ပရိသတ်အခေါ် 'ကလောင်အမည်' အတိုင်းဖော်ပြရရင် ဆရာဦးသော်က၊ မောင်မောင်၊ ငွေကြည်၊ မြေဇာ၊ အကိန်း၊ တင်အောင်နီ၊ ဇင်ဘွေ၊ ချစ်ဆွေ၊ မြင့်သိန်း၊ သုတ၊ မောင်မောင်လေး၊ ကံချွန်၊ အောင် အောင်၊ မောင်ဝဏ္ဏ၊ သစ်ထွဏ်း၊ ဇော်ဝိတ် စသည်ဖြင့် တွေ့ရပါလေ၏။ ဤဆရာ တွေ မျိုးဆက်အင်အားကောင်းကောင်း နှင့် စာပေလောကမှာ 'လုံးချင်းကာတွန်း' တွေ အပြိုင်အဆိုင် အောင်မြင်နေချိန်မှာ 'စိုးသော်တာ'တို့ လူလားမြောက်တဲ့အချိန် ဖြစ်ပါ၏ခင်ဗျာ။ လူပျိုဖော်ဝင်စ။

 ပြည်မြို့က ခြေရင်းအိမ်မှာစာ အုပ်အငှားဆိုင်ရှိတယ်။ အဲသည် 'အနောက် ဘက်စောင်းတန်းလမ်း'ထဲမှာတင်ပဲ အဲ သလို စာအုပ်အငှားဆိုင် ငါးဆိုင်လောက် ရှိတယ်။ တစ်မြို့လုံးဆိုရင် 'အငှားဆိုင်' ဘယ်လောက်များမလဲ စဉ်းစားကြည့်ပါ။ အဲဒါက မြို့တိုင်းမှာ။ စာအုပ်ဆိုင်တွေမှာ ငှားဖို့ တစ်ခါတစ်ခါ 'တန်းစီ'ထားရတယ်။ အဲသည်ကာလ ၁၉၈ဝ ဝန်းကျင်ခန့်က အပြိုင်အဆိုင် အောင်မြင်လှပြီး လစဉ် ထုတ်ခဲ့ကြတဲ့ ဆရာတွေရဲ့ ကာတွန်းစာ အုပ်တွေကို အခုအချိန်မှာ တကယ့်ကို တမ်းတလွမ်းဆွတ်မိပါသဗျာ။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191