Main menu
HOT NEWS
adv

ပေးချင်တဲ့ အပြစ်ပေး အမှုကိုတော့ အချိန်ဆွဲ မစစ်နဲ့လို့ ရဲရဲတောက် စကားပြောခဲ့တဲ့ သခင်မကြီး ဒေါ်စောရင်

နန်းညွန့်တေဇ


၁၉၄၂ ခုနှစ်သည် ဗြိတိသျှ ကိုလိုနီခေတ်တစ်လျှောက်တွင် ဝံသာနုများ၏ အတက်ကြွဆုံး၊ အညီညွတ်ဆုံး၊ အုံကြွမှုပြဿနာများလည်း အပေါ်ပေါက်ဆုံးသောနှစ်ပင် ဖြစ်သည်။ ဤနှစ်တွင် အင်္ဂလိပ်အစိုးရသည် တိုင်း သူပြည်သားများ အပေါ်တွင် အခွန်ငွေများ အတင်းအဓမ္မ အနိုင်အထက်ပြု၍ မတရား ကောက်ခံနေခြင်းများကို အမြန်ရုပ်သိမ်းပေးပါရန်၊ အကယ်၍ အတင်းအဓမ္မ ကောက်ခံလာလျှင်လည်း တညီတညွတ်တည်း မပေး ကြရန်ဟူသော အခွန်မပေးရေး တိုက်ပွဲများကို အပြင်းအထန် ဆင်နွှဲနေကြသည့် အချိန်ဖြစ်သည်။ အစိုးရနှင့် မဆက်ဆံဘူး၊ အစိုးရအမိန့်ကို မနာခံဘူး၊ အစိုးရကို အခွန်မပေးဘူးဟူသော ''ဘူး'' အသင်းများကို တစ်ပြည်လုံးအနှံ့ ဖွဲ့စည်းလာကြသည်။

Read more...

သားအိမ်အဝ ကင်ဆာ (Cervical Cancer)

+++++++++++++++++++

ဒေါက်တာတင့်ဆွေ

+++++++++++++++++++

"သားအိမ်ခေါင်း ကင်ဆာဆိုတာ ဘယ်ကနေ စဖြစ်တယ်ဆိုတာ သိချင်လို့ပါ ရှင်။ ကျေးဇူးပြု၍ ဖြေပေးစေလိုပါတယ် ရှင့်"

-----------------------------------------------------------------------------------------------------------

အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ်ရာကနေ အခု သားအိမ်အဝ(ခေါင်း)ကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ကင်ဆာမှာတော့ နံပါတ်(၅) လိုက်တယ်။ အမျိုးသမီး တစ်သိန်းမှာ ၁၆ ယောက်ဖြစ်ပြီး ၉ ယောက် သေဆုံးရတယ်။ တစ်နှစ်သန်းတစ်ဝက် ဖြစ်နေပြီး နှစ်သိန်းခွဲကျော် သေနေရပါသတဲ့။ သားအိမ်အဝကင်ဆာက အသက်ကြီးမှ ဖြစ်တာများတယ်။ အသက် ၂ဝ အောက်မှာ အနည်းဆုံးဖြစ်ပြီး ၄၅ နှစ်ကနေ ၅၅ နှစ်အထိအရွယ်မှာ အများဆုံးဖြစ်တယ်။

Read more...

ကျမျက်ရည် တစ်ပေါက်ပေါက် သို့သော် ဘန်ကောက်မှာ

- တစ် -


တကယ့်တကယ် ပြောရမည်ဆိုလျှင်ဖြင့် ဘကြီးဦးတက်စိန် အသက်ကြီးပြီ။ ကြီးဆို ရှစ်ဆယ်နားနီးနီး။ သည်အသက် သည်အရွယ်မျိုးဆိုသည်က ဘဇာသို့သော ရောဂါဝေဒနာမျိုးမှမရှိသည့်တိုင် အရပ်တစ်ပါးသို့ ဝေး လံခေါင်ဖျားသွားသင့်သည်မဟုတ်။ ယခုမူ ကျန်းမာရေးမကောင်းသည့်အပြင် အိပ်ရာထဲ၌ လှဲနေရသည့်အချိန်တွေက များပြားလှသည်သာမက လူတွဲမပါလျှင် ဟိုနေရာ သည်နေရာကလေး ရွှေ့ဖို့ကိုပင်လျှင် မနည်း အားယူနေရသည့်ဘဝ။ အနို့နှယ် သို့နှယ်သောအနေအထားကြီးမှာမှ ဘကြီးဦးတက် စိန်တစ်ယောက် ခရီးထွက်တော့မည်ဟုဆိုခြင်းမှာ သပွတ်အူတွင် ပွက်ပွက်ညံစရာ သတင်းစကားကြီးတစ်ရပ် ဖြစ်၍နေတော့ပေချေ ၏။ အနို့အပြင် အဲသည် ဂီလာန ဘကြီးဦးတက်စိန်သွားမည်ဆိုသော ခရီးက နီးနီးနားနားမဟုတ်။ ခပ်လှမ်းလှမ်း။ ထိုင်းနိုင်ငံ ဘန်ကောက်ဆိုလား ဘာဆိုလား။

Read more...

အထူးဥပဒေနှင့် လုပ်ခွင့်ပေးသော အထူးစီးပွားရေးဇုန်

အောင်ချိန်ဘွား

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်ထုတ် ကြေးမုံသတင်းစာ၏ မျက်နှာဖုံးတွင် ''စီးပွားရေးဇုန်များ တည်ဆောက် ရာတွင် ပြည်တွင်း တည်ငြိမ်းအေးချမ်းမှု ပံ့ပိုးနိုင် ရေး ထည့်သွင်းစဉ်းစားရမည်''ဟူသော စာလုံးမည်းကြီး များဖြင့် အစည်းအဝေး ကျင်းပနေပုံအောက်တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။ ပုံစာအဖြစ် 'နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားစဉ်'ဟု ဖော်ပြထားသည်။

Read more...

ကိုဖီအာနန် ကော်မရှင် ရခိုင် လူမှုအဖွဲ့အစည်းနှင့် မောင်တော အရေး

----------------------------------

ဒေါက်တာထူးပြည့်စုံသျှင်

----------------------------------

ရခိုင်ပြည်နယ် အရေးကော်မရှင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ပြည်တွင်း တတ်သိပညာရှင် ခြောက်ဦး၊ နိုင်ငံခြားသားသုံးဦး၊ အဖွဲ့ဝင်ကိုးဦးနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်က ဖွဲ့စည်းခဲ့တယ်။ ထောက်ခံသူတွေက ဘင်္ဂါလီအရေးကို ကမ္ဘာက အထင်မြင်လွဲမှားနေမှုတွေ သက်သေပြနိုင်တော့မယ်။ နိုင်ငံတကာအထိ ပေါက်ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီ ANP စတဲ့ မထောက်ခံသူများက ဘင်္ဂါလီအရေးဟာ ပြည်တွင်းအရေးဖြစ်တယ်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616