HOT NEWS
Main menu

လူငယ်တွေ အကြိုက်တွေ့စေမယ့် အမိုးဖွင့်ကားငယ် Mazda MX5RF 2017 Model

ယခုတစ်ပတ် ရန်ကုန်တိုင်းမ် ပရိသတ်ကြီးအတွက် Mazda က ထုတ်တဲ့ 2017 model Mazda MX-5 RF တံခါးနှစ်ပေါက် ကားငယ်လေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ Brand New Mazda ကားတွေ ဈေး ကွက်ရနေပြီး Show room နဲ့ Service center  ပါရှိနေတာကြောင့် ပြုပြင်ထိန်းသိမ်းမှုနဲ့ အပိုပစ္စည်းမှာတော့ စိတ်ပူစရာမရှိပါဘူး။ ဒီတစ် ပတ်ဖော်ပြပေးမယ့် MX-5 RF Coupe  ကတော့ လူငယ်တွေ ပိုပြီးနှစ် သက်မယ်ထင်ပါတယ်။

Read more...

ကမ္ဘာကျော် လျှပ်စစ်ကား Tesla ရဲ့ 2017 Model 75D

ယခုတစ်ပတ် ရန်ကုန်တိုင်းမ်ဂျာနယ် ပရိသတ်ကြီးနဲ့ မိတ်ဆက် ပေးချင်တဲ့ ကားအမျိုးအစားကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမှု အနည်းဆုံးဖြစ်တဲ့ လျှပ်စစ်ကားတစ်စီး အကြောင်းပဲ ဖြစ်ပါတယ်။ 'Tesla' ဆိုတဲ့ အမှတ်တံဆိပ်ကို မြင်ရတာနဲ့ အတော်များများက တော့ Green Car  ဆိုတဲ့ လျှပ်စစ်ကားတွေကိုပဲ မြင်မိကြမှာ အသေအချာပါပဲ။ လာမယ့် ၂ဝ၃ဝ ပြည့်နှစ်မှာ ဥရောပနိုင်ငံတွေမှာ လျှပ်စစ်ကားတွေကိုသာ အသုံးပြု သွားကြဖို့ ယခုကတည်းက စီမံချက်တွေ ရေးဆွဲနေကြသလို ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကားထုတ်လုပ်သူတွေဟာ လျှပ်စစ်ကားကို ပိုမိုထုတ်လုပ်နေကြသလို သုတေသနလုပ်ငန်းများ ပိုမို ဆောင်ရွက်နေကြပြီး ဘက် ထရီနဲ့ အင်ဂျင်ဆိုင်ရာ နည်းပညာတွေ တိုးတက်ဖို့ ပြန်လည်အားသွင်းနိုင်တဲ့ Electric Power Pump  တွေ ပိုမိုစိုက် ထူနိုင်ကြဖို့ ပြင်ဆင်နေကြတာ မြင်တွေ့ရပါတယ်။

Read more...

UnTonomy ၏ မောင်းသူမဲ့ မော်တော်ကား စင်ကာပူနိုင်ငံတွင် အောင်မြင်စွာ စမ်းသပ်မောင်းနှိင်ခဲ့

စင်ကာပူ ၊ သြဂုတ် ၂၆

unTonomy ကုမ္မဏီ၏ မောင်းသူမဲ့ကားအား စင်ကာပူနိုင်ငံတွင် ပထဦးဆုံးစမ်းသပ်မောင်းနှင်ရာ၌ အောင်မြင်ပြီးလူကြိုက်များခဲ့ကြောင်း Cnet သတင်းဌာနတွင်ဖော်ပြထားသည်။ unTonomy သည် အမေရိကန် အခြေစိုက် မောင်း သူမဲ့ အဌားယာဉ်တီထွင်ထုတ်လုပ်သော ကုမ္မဏီတစ်ခုဖြစ်ပြီး စမတ်ဖုန်း Application ဖြင့်ထိန်းချုပ်ကာလမ်း ကြောင်းဆွဲမောင်းနှင်ရမည်ဖြစ်ကြောင်းသိရသည်။စင်ကာပူနိုင်ငံတွင် စမ်းသပ်အောင်မြင်ခဲ့သည့်အတွက် မကြာမီ အချိန်တွင် စတင် ပြေးဆွဲ မောင်းနှင်မည် ဟု ယင်းကုမ္မဏီ မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Read more...

ကမ္ဘာကျော် Rolls-Royce ဇိမ်ခံမော်တော်ကားများကို ပြည်တွင်းမှာပင် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပြီ

ကမ္ဘာကျော် ဇိမ်ခံနာမည်ကြီး Rolls-Royce ကားများနှင့် ပတ်သက်ပြီး ပုံမှန်စစ် ဆေး ဆောင်ရွက်ခြင်း၊ Spare Parts  များ လဲလှယ်တပ်ဆင်ခြင်းအပါအဝင် အရည်အသွေး မြင့် ဝန်ဆောင်မှုများကို ပြည်တွင်း၌ပင် ရရှိ နိုင်ပြီဖြစ်ကြောင်း သိရသည်။

Read more...

တစ်လလျှင် ဒေါ်လာ တစ်ရာကျသင့်မည့် ကားပါကင် တစ်ခု ရန်ကုန်မြို့တွင်း ၃၃ လမ်းတွင် ဖွင့်လှစ်

ရန်ကုန်

တစ်လလျှင် ဒေါ်လာ၁ဝဝ ကုန်ကျမည့် Mechanical Car Parking တစ်ခုကို ကျောက်တံတားမြို့နယ် ၃၃လမ်းတွင် ဇူလိုင် ၂၇ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကားပါကင်ကို ဂျပန်နိုင်ငံ အခြေ စိုက် Shin Maywa  ကုမ္ပဏီမှလွန်ခဲ့သည့် နှစ် ၂ဝ ခန့်က ပင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS