Main menu
HOT NEWS
adv
ကားတင်သွင်းခွင့် မူဝါဒအသစ်ကြောင့် ကားဈေး အမြင့်ပိုင်းတွင်ရှိပြီး အရောင်းအဝယ် ရပ်တန့်လုဖြစ်နေ

ကားတင်သွင်းခွင့် မူဝါဒအသစ်ကြောင့် ကားဈေး အမြင့်ပိုင်းတွင်ရှိပြီး အရောင်းအဝယ် ရပ်တန့်လုဖြစ်နေ

ရန်ကုန်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ကားတင်သွင်းခွင့် မူဝါဒအသစ်ကြောင့် မော်ဒယ်မြင့် ကားများ တင်သွင်းရခြင်းနှင့် အခွန်အကောက် များ တိုးလာသဖြင့် မော်တော်ယာဉ်ဈေးနှုန်း များ အမြင့်ပိုင်းတွင်ရှိနေကာ အရောင်းအဝယ် လည်း ဖြစ်ထွန်းမှုမရှိတော့ကြောင်း မော်တော် ကားဝယ်ရောင်း အသိုင်းအဝိုင်းမှ သိရသည်။

''မကြာသေးခင်က စီးပွားကူးသန်းက လုပ်တဲ့ အစည်းအဝေးမှာ မူဝါဒတစ်ခုချမှတ် ခဲ့တယ်လို့ သိရတယ်။ အဲဒီဟာကှ့သတ-မသသာ ကကားတွေကို ၃ဝ သွင်း၊ ၆ဝ သွင်း စလစ်မလိုဘူးဆိုပြီး လုပ်ထားလို့ အဲဒီလိုပုံစံ ဆိုရင် ဈေးကျမလားဆိုပြီးတော့ လူတွေက စောင့်နေတဲ့ သဘောရှိတယ်။ ရန်ကုန်ကား ဈေးကွက်မှာ အရောင်းအဝယ်တွေ အေးနေ တယ်ပေါ့။ ပြောရရင် ကားဈေးက မကျနိုင် ပါဘူး။ ခုလဲ ဈေးမြင့်လို့ အရောင်းအဝယ်မ ဖြစ်သလောက်ပဲ''ဟု မော်တော်ယာဉ်ဝယ် ရောင်း ဦးထွန်းမြင့်ကပြောသည်။

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှစ၍ မော်တော်ကားတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန် ကောက်ခံရာတွင် ကညန အခွန်ကိုပါ ထည့်သွင်းကောက်ခံခြင်းကြောင့် ထမ်းဆောင်ရမည့် အခွန်များလာပြီး ကား ဈေးနှုန်းများ ထပ်မံမြင့်တက်လာခြင်းဖြစ် ကြောင်း သိရသည်။

မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေး နှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအ သင်း (ရန်ကုန်တိုင်း)ဒုဥက္ကဋ္ဌ ဦးရန်မျိုးအောင် က ''အခုလောလောဆယ် ကားအသစ်တစ် စီးသွင်းမယ်ဆိုရင် အနည်းဆုံးက ဖရီးပါမစ် တောင် ၃ဝဝ လောက်ဖြစ်မယ်။ ဒီကားတွေ က ၂ဝဝ ဝန်းကျင်လောက်ပဲ ရှိခဲ့တယ်ဆိုတော့ သိန်း ၁ဝဝ လောက် ဈေးတက်တဲ့သဘော ဖြစ်သွားတယ်။ စလစ်ကားတွေဆိုလဲ ကျပ် သိန်း ၃ဝဝ စွန်းစွန်းလောက်ရမယ့် ကားတွေ က အခုဆိုရင် ဈေးက ၄ဝဝ ကျော်သွားတယ်။ ကားတင်သွင်းခွင့် မူဝါဒအသစ်အရ ကားဈေး ကတက်မှာပါပဲ ဘယ်လိုမှ ထိန်းထားလို့မရ ဘူး။ ဒီအခြေအနေကိုထိန်းနိုင်မှ ကားဈေး ကွက် ပြန်လည်ကောင်းမွန်နိုင်ပါမယ်''ဟု ပြော ဆိုသည်။

စလစ်အပ်ကားများကို ဝင်ငွေခွန်ကောက် ခံရာတွင် အရည်ကျိုအပ်နှံခဲ့သည့် ကားတန် ဖိုးကို ခုနှိမ်ခွင့်ပေးမည်မဟုတ်သကဲ့သို့ အ မည်ပြောင်းပြုလုပ်စဉ်က ပေးဆောင်ခဲ့ရသည့် တန်ဖိုးဖြတ် အခွန်ငွေပမာဏကိုလည်း သက် သာခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

အခွန်သုံးမျိုးကို ပူးတွဲကောက်ခံသည့် သဘောဆောင်နေသောကြောင့် ကားတစ် စီးအတွက် ပေးဆောင်ရသည့် အခွန်နှုန်းထား မှာ အဆမတန် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်ကားဈေးကွက်တွင် လည်း အင်ဂျင်ပါဝါ ၁ ဒသမ ၃ မှ ၁ ဒသမ ၅ ရှိသော ဈေးနှုန်းကျပ်သိန်း ၁၅ဝ မှ ကျပ် သိန်း ၂ဝဝ ဝန်းကျင်ရှိ ပရိုဘောက် ဖီဒါအ မျိုးအစား ယာဉ်များသာ အရောင်းအဝယ် ဖြစ်နေပြီး ဈေးနှုန်းအမြင့်ပိုင်းရှိ ကားများအ ရောင်းအဝယ် အေးနေခြင်းဖြစ်ကြောင်း သိ ရသည်။

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191