Main menu
HOT NEWS
adv
Honda Civic Hatch 2017 Model ကားသစ် မိတ်ဆက်

Honda Civic Hatch 2017 Model ကားသစ် မိတ်ဆက်

Honda Civic ဆိုတာ မြန်မာပြည်နဲ့တော့ မစိမ်းလှပါဘူး။ ၁၉၇၂ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ Honda Civic ဟာ အခုဆိုရင် မျိုးဆက် ၁ဝ ခုတိုင် ရှိခဲ့ပါပြီ။ ပထမမျိုးဆက် Honda Civic ကိုတော့ ၁၉၇၂-၁၉၇၉ အထိထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို ၁၉၇၉-၁၉၈၃၊ တတိယမျိုးဆက်ကို ၁၉၈၃-၁၉၈၇၊ စတုတ္ထမျိုးဆက်ကို ၁၉၈၇-၁၉၉၁၊ ပဉ္စမမျိုးဆက်ကို ၁၉၉၁-၁၉၉၅၊ ဆဋ္ဌမမျိုးဆက်ကို ၁၉၉၅ -၂ဝဝဝ အထိ၊ သတ္တမမျိုးဆက်ကိုတော့ ၂ဝဝဝ-၂ဝဝ၅အထိ၊ အဋ္ဌမမျိုးဆက် ကို ၂ဝဝ၅-၂ဝ၁၁ အထိ၊ နဝမမျိုးဆက်ကို ၂ဝ၁၁-၂ဝ၁၅ နဲ့ ဒဿမမျိုးဆက်ကတော့ ၂ဝ၁၅ ကနေ ယနေ့အထိ ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ အတွေ့များတဲ့ 1.3 L Honda Civic Hybrid ဟာ နဝမမျိုးဆက်ဖြစ်ပါတယ်။ အမျိုးကွဲတွေအနေနဲ့ FB4, FG3, FB2, FG4, FB6 နဲ့ FN2 ဆိုပြီး ရှိပါတယ်။ ဒဿမမျိုးဆက် Honda Civic မှာတော့ FC1, FC2, FC3, FC4 နဲ့ FK7 ဆိုပြီး မျိုးကွဲတွေ ရှိနေပြန်ပါတယ်။ လက်ရှိ ဒဿမမျိုးဆက်ကို ၂ဝ၁၅ ခုနှစ် အောက်တိုဘာမှာ စတင်မိတ်ဆက်ပေး ခဲ့တဲ့ Hatchback နဲ့ Coupe အမျိုးအစားကွဲ နှစ်ခုအဖြစ် ထုတ်လုပ်ထားပါ တယ်။

2017 honda civic hatch review 01 civic vti 06

ဒဿမမျိုးဆက်က Civic ကို စတင်မိတ်ဆက်ပေးခဲ့တာကတော့ ၂ဝ၁၅ ခုနှစ် Newyork Auto Show မှာဖြစ်ပါတယ်။ ဒီ Civic ဒသမမျိုး ဆက်မှာ ဆီဒင်၊ Coupe, Hatchback, Sitrion နဲ့ Type R ဆိုပြီး မျိုးကွဲ တွေ များစွာရှိပါသေးတယ်။ Body Style ကတော့ 2 Door Coupe (FC3/ FC4) နဲ့ 4Door Sedan FC1/FC2 5 Door Hatchback FK7 တို့ပဲဖြစ် ပါတယ်။ Relate ဖြစ်တဲ့ Model ကတော့ Honda CRV(5th Generation)ဖြစ်ပါတယ်။ ဒသမမျိုးဆက် Civic မှာတော့ 1.8 L R18Z1 I4, 2.0L K20C2 I4, 1.5L L15B7 I4(Turbo) အင်ဂျင်များပဲ ဖြစ်ပါတယ်။ Tranmission ကတော့  CVT Automatic, 6 Speed Manual စနစ်များပဲ ဖြစ်ပါတယ်။

အခုဖော်ပြမယ့် Honda Civic VTi LX, MY 17 Series 2017 Model ကားဟာ တံခါးငါးပေါက် 5D Hatchback အမျိုးအစားပဲ ဖြစ်ပါတယ်။ ခရီးသည်ထိုင်ခုံ (Driver အပါ) ငါးခုံပါဝင်ပြီး 1.5L(ဓာတ်ဆီအင် ဂျင်) Turbo Direct Injection F/INJ စနစ်ဖြစ်ပါတယ်။ ဆလင်ဒါလေး လုံးဖြစ်ပြီး Turbo 4 အမျိုးအစားဖြစ်ကာ အမြင့်ဆုံးအင်ဂျင်စွမ်းအား 127 kw @ 5500 rpm နဲ့ အမြင့်ဆုံးလည်အား 220Nm, @ 1700rpm ရှိပါတယ်။

2017 honda civic hatch review 01 civic vti 15

Value Gear ကတော့ Dual Overhead Cam အမျိုးအစား ဖြစ်ပါတယ်။ Transmission Type ကတော့ Continous Variable စနစ်ဖြစ်ပြီး Drive Type ကတော့ ရှေ့ဘီးယက် Front Wheel Drive စနစ်ဖြစ်ပါတယ်။ ဆီတိုင်ကီ ဆီဝင်ဆံ့မှုကတော့ 63 Litre ဖြစ်ပြီး အကြမ်းဖျင်း Fuel Consunption ကတော့ 6.1L/100km နှုန်းဖြစ်ပါတယ်။ ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့Kerb Weight 1250 kg, အမြင့် 1415 mm, အလျား 4515 mm, အကျယ် 1799 mm နဲ့ မြေပြင်ကင်းလွတ် အကွာအဝေး Ground Clearance 134 mm အသီးသီးဖြစ်ပါတယ်။

ကားရဲ့ Steering Type ကတော့ Rack & And Pinion Power Assisted ဖြစ်ပြီး Type Size တွေကတော့ ရှေ့/နောက် 215/50 R17 ဖြစ်ကာ Wheel Base 2700 mm ဖြစ်ပါတယ်။ ရှေ့ဝင်ရိုး (Front Track u 1547 mm)ရှိပြီး နောက်ဘီးဝင်ရိုးအကျယ် (ွRear Track)ကတော့ 1563 mm အသီးသီးရှိကာ ရှေ့မှာ Disc Ventilated Brake စနစ်၊ နောက်မှာ Disc Brake စနစ် အသီးသီး တပ်ဆင်ထားပါတယ်။

2017 honda civic hatch review 01 civic vti 16

ရှေ့ဆိုင်းထိန်း Front Suspension မှာတော့  Mac Pherson Strat နဲ့ နောက်ဆိုင်းထိန်း  Rear Suspension မှာ Independent, Multi Link System စနစ် တပ်ဆင်ပေးထားပါတယ်။ ကားမှာပါဝင်တဲ့ Standard Feature တွေကတော့ Auto Climate Control with Dual Temp Zone စနစ်၊ စနစ်၊ Cruise Control, Intellisent/Active Parking Distance Control Rear, Reversing Camera, Satellite Navigation စနစ် Trip Computer စနစ်နဲ့ Voice Recognition System စတဲ့ နောက်ဆုံးပေါ် ခေတ်မီနည်းပညာတွေ တပ်ဆင်ပေးထားပါတယ်။

ဖျော်ဖြေရေးအတွက် Radio/TV, CD,  စပီကာ ၁ဝ လုံးတပ် အသံစနစ် ပါဝင်တဲ့ Premium Sound System, Rear Spoiler, Tonneau Cover တွေ ပါဝင်တဲ့အပြင် လုံခြုံရေးအတွက် Dual Front Airbag Package, Anti Lock Braking စနစ် Sealbelt Pre Tensioners Front Seats စနစ်တွေ ပါဝင်ပါတယ်။ လုံခြုံရေးအတွက် Alarm စနစ် Remole Anti Theft စနစ်၊ Central Locking Remote Control, Engineimmobiliser စနစ်များ ပါဝင်ပါတယ်။ Caradvice.com မှာတော့ ပေးမှတ် ၁ဝ မှတ်မှာ ရှစ်မှတ်အထိ ရရှိထားတဲ့ ကားကောင်းတစ်စီးဖြစ်ကာ ဈေးနှုန်းက တော့ အမေရိကန်ဒေါ်လာ ၃ဝဝဝဝ ဝန်းကျင် ဖြစ်ပါကြောင်း။      

2017 honda civic hatch review 03 civic vti lx 08

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616