Main menu
HOT NEWS
adv
အကြမ်းခံပြီး Mid Size SUV အမျိုးအစား Toyota  FJ Cruiser  2016 အကြောင်း သိကောင်းစရာများ

အကြမ်းခံပြီး Mid Size SUV အမျိုးအစား Toyota FJ Cruiser 2016 အကြောင်း သိကောင်းစရာများ

ဖလားဝါးနယူးစ် ပရိသတ်ကြီး မင်္ဂလာ ပါ။ ယခုတစ်ပတ်တင်ပြပေးလိုတဲ့ ကားအမျိုးအစားကတော့     တိုယိုတာကထုတ်တဲ့ အကြမ်းခံ Toyota FJ Cruiser ကားရဲ့ Mid Size SUV ကားတွေထဲမှာ နာမည်ရတဲ့ ကားတစ်စီး ဖြစ်ပါတယ်။ Off Road လို့ခေါ်တဲ့ လမ်း ကြမ်းတွေအတွက် အဓိကရည်ရွယ်ထုတ် လုပ်ထား တာဖြစ်ပြီး Toyota Land-cruiser FJ 40 ကို အခြေခံ ထုတ်လုပ်ခဲ့ တာဖြစ်ပါတယ်။

၂ဝဝ၆မှာ စတင်ထုတ်လုပ်ခဲ့ ပြီး ၂ဝဝ၆-၂ဝ၁၄ Model Year ကာလမှာ ဘယ်မောင်း (LHD) စနစ်နဲ့ ထုတ်လုပ် ခဲ့သလို ၂ဝ၁ဝ August ကနေ ၂ဝ၁၆ အထိ ညာမောင်း(RHD)စနစ်နဲ့ ထုတ် လုပ်ခဲ့ကာ ကားရဲ့ Designer ကတော့ Jin Won Kim(2002) ဖြစ်ပါတယ်။ ကားရဲ့ အတန်းအစားကတော့ 4 Door SUV, Mid Size SUV (J) Series ဖြစ်ပြီး Layout ကိုတော့ ရှေ့အင်ဂျင်၊ နောက် ဘီးယက် (သို့မဟုတ်)လေးဘီးယက် (FWD)စနစ် ဖြစ်ပါတယ်။

2016 toyota fj cruiser 35

FJ Cruiser နဲ့ ဆက်စပ်နေတဲ့ Model တွေကတော့ Toyota 4 Runner Toyota Tacoma, Toyota Hilux နဲ Toyota Landcruiser Prado Lexus GX ကားအမျိုးအစားများပဲ ဖြစ်ပါတယ်။ FJ Cruiser ရဲ့ အင်ဂျင်ကတော့ အင်ဂျင် ပါဝါ 4.0L V6 အင်ဂျင် 15R-FE V6, Transmission 6-Speed Manual, (4D Only) 5 Speed Automatic  အ မျိုးအစားများပဲ ဖြစ်ပါတယ်။

ကားနဲ့ပတ်သက်တဲ့ အတိုင်း အတာတွေကတော့ Wheelbase 2690 mm, အလျား 4671 mm,  အကျယ် 1895mm (2006-2010), 1905mm (2010-2016), အမြင့် 1811mm (2WD) 1829mm (4WD) မြေပြင်ကင်းလွတ် အကွာ 9.6inch နဲ့ Curb Weight 1837kg (2WD), 1946kg (4WD Manual) 1948kg (4WD Automatic) တို့ပဲဖြစ်ကြပါတယ်။ 2003 Detroid Auto show မှာ စတင်မိတ်ဆက်ခဲ့တဲ့ FJ Cruiser ဟာ ဈေးကွက်မှာ စံချိန်တို အတွင်း အောင်မြင်မှု ရရှိလာခဲ့ပါတယ်။

2016 toyota fj cruiser 53

Toyotau RAV 4 နဲ့ High- lander တို့ကြားမှာ FJ Cruiser Body Size ကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး NHTSA Car Crash Test Rating (2008) မှာ ကြယ်ငါးပွင့်အပြည့်ရတဲ့ ကားကောင်း တစ်စီးဖြစ်ခဲ့ပါတယ်။ 2017 Model Toyota FJ Cruiser နောက်ဆုံးထုတ်မှာ တော့ GSJ 15R MY 14 Series (Year 2016) ကို တံခါးလေးပေါက် Body Type 4D Wagon ထိုင်ခုံငါးလုံးနဲ့ ထုတ် လုပ်ထားပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး စွမ်းအားMaximum Power ကတော့  200kw @ 5600rpm နဲ့ အမြင့်ဆုံးရုန်း အား 380Nm @ 4400rpm ဖြစ်ကာ Multi Point Flinj Engine Type ဖြစ် ပါတယ်။

ကားရဲ့ ဆီတိုင်ကီဝင်ဆံ့မှု Fuel Tank Capacity ကတော့က ၁၅၉ Litre ဖြစ်ပြီး အကြမ်းဖျင်းဆီစားနှုန်း Fuel Consunption (Combined) က တော့ 11.4Litre/100km ဖြစ်ကာ အ သုံးပြုရမယ့်ဆီကတော့ Premium Unleaded Petrol အမျိုးအစားပဲ ဖြစ်ပါ တယ်။ ကားရဲ့ Steering နဲ့ Suspension ပိုင်းမှာ Steering Type ကတော့ RACK & Pinion Power Assisted ဖြစ်ပြီး Turning Cycle 12.4 ရှိပါတယ်။ ရှေ့နောက် Rim Size တွေကတော့ 7.5 x17 အသီးသီးရှိပြီး ရှေ့နောက်တာယာ တွေကတော့ 265/70 R17 နဲ့ 265/70 R17 အသီးသီးရှိပါတယ်။

2016 toyota fj cruiser 97

ကားမှာ အသုံးပြုထားတဲ့ ဘ ရိတ်စနစ်တွေကတော့ Dixc Ventilated စနစ်ဖြစ်ပြီး Suspension ပိုင်း၊ (ဆိုင်းထိန်းစနစ်)မှာတော့ ရှေ့ပိုင်းမှာ Double Wishbone နောက်ပိုင်းမှာ Multi Link System ဖြစ်ကာ ရှေ့ နောက်မှာ Coil Spring, Gas Damper, Anti Roll bar စနစ်များ တပ် ဆင်ပေးထားပါတယ်။ ကားမှာတပ်ဆင် ထားတဲ့ Alloy ကတော့ 17inch Alloy Wheel ဖြစ်ပါတယ်။

Control & Handling ပိုင်း မှာတော့Electronic Brake Force Distribution စနစ်၊ Traction Con- trol System, Vehicle Stability Control Multi Function Steering Wheel, Parking Distance Control Rear, Power Stearing, Reversing Camera များပါဝင်ပြီးEngine &Tran- smission ပိုင်းမှာ Electronic Differential Lock ပါရှိကာ ဖျော်ဖြေရေးအနေ နဲ့ Radio CD Touch Screen infotainment TV နဲ့ အသံပတ်လည် စနစ် အဆင့်မြင့်စပီကာရှစ်လုံးတပ် ပါရှိကာ အတွင်းခန်းမှာတော့ အဆင့်မြင့်အဝတ်Cloth Trim နဲ့ အလှဆင်ထားပါတယ်။

2016 toyota fj cruiser 103

ခရီးသည် လုံခြုံရေးအတွက် Dual Front Airbag Package, Anti Lock Braking Head Airbags, Side Airbag ပါဝင်သလို ကားလုံခြုံရေးအတွက် Alarm System, Remote Anti Theft Central Locking Remote Control, Engine Immobiliser စနစ် များ ပါဝင်ပါတယ်။ Green Vehicle မှာ ကြယ် သုံးပွင့်ရပြီး CO2 Gas ထုတ်လွှတ်မှုက တော့267gm/km ဖြစ်ပါတယ်။ ဈေး နှုန်းကတော့ ကားတန်ဖိုး အမေရိကန် ဒေါ်လာ လေးသောင်းဝန်းကျင် ဖြစ်ပါ ကြောင်း ဖော်ပြလိုက်ရပါတယ်။   

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191