Main menu
HOT NEWS
adv
2017 Model MITSUBISHI MIRAGE (သို့) MITSUBISHI COLT ကား မိတ်ဆက်

2017 Model MITSUBISHI MIRAGE (သို့) MITSUBISHI COLT ကား မိတ်ဆက်

ရန်ကုန်တိုင်းမ်ဂျာနယ် ပရိသတ်ကြီး မင်္ဂလာ ပါလို့ နှုတ်ခွန်းဆက်သ ဂါရဝ ပြုလိုက်ရပါတယ်။ ဒီတစ်ပတ်မှာ ဖော်ပြပေးချင်တဲ့ ကားအမျိုးအစားကတော့ ပြည်တွင်းဈေးကွက်မှာတင် ဝယ် ယူရရှိနိုင်ပြီဖြစ်တဲ့  Mini Car အမျိုးအစား Mitsubishi Mirage ပဲဖြစ်ပါတယ်။ Mitsubishi Mirage Mini Car အမျိုးအစားကို ၁၉၇၈ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၃ ခုနှစ် မှာတော့ ထုတ်လုပ်ခြင်း ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။ စတင်ထုတ်လုပ်တဲ့ ၁၉၇၈-၁၉၉၅ ခုနှစ်မှ ၂ဝဝ၂ ခုနှစ် အထိ Hatch back Model Sub Compact Car အဖြစ် ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၁၉၉၅ ခုနှစ်ကနေ ၂ဝဝ၃ ခုနှစ်အထိ Compact ကားငယ်အဖြစ် ထုတ်လုပ်ခဲ့ပါ တယ်။ ၂ဝ၁၂ ခုနှစ်မှာတော့  Mitsubishi Colt လို့ ယနေ့ လူသိများတဲ့ Mirage ကို ထပ်မံထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပထမမျိုးဆက် First Generation ကို လေ့လာ ကြည့်တဲ့အခါ တံခါးသုံးပေါက် (3 Door Hatchback), လေးပေါက် (4 Door Sedan) နဲ့ တံခါးငါးပေါက် (5 Door Hatchback) အဖြစ် ရှေ့အင်ဂျင်၊ ရှေ့ဘီးယက် စနစ် (Front Engine, Front Wheel Drive) အဖြစ် ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်စပ်တဲ့ မော်ဒယ် တွေကတော့ Dodge, Plymouth Colt, Plymouth Champ တို့ ဖြစ်ကြပါတယ်။ အင်ဂျင်ကတော့ 1.2 L, 1.4 L, 1.6 L ဓာတ်ဆီ အင်ဂျင်များကို 4/5 Speed Manual, 3 Speed Auto စနစ်များနဲ့ ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

 

ဒုတိယမျိုးဆက်Mitsubishi Mirage ကိုတော့ ၁၉၈၃ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ ထုတ်လုပ်ခဲ့ကာ ထိုင်း နိုင်ငံမှာတော့ Mitsubishi Champ အဖြစ် လူသိများ ပါတယ်။ အခြား အခေါ်အဝေါ်များကတော့ Mitsu- bishi Colt, Mitsubishi Express (Van), Mitsubishi Lancer, Mitsubishi Lancer Force (Sedan) အမျိုး အစားများပဲ ဖြစ်ကြပါတယ်။

ဒုတိယမျိုးဆက် ဘော်ဒီစတိုင်တွေကတော့ တံခါး သုံးပေါက် (3 Door Hatch Back), 4 Door Sedan, 5 Door Hatch Back, Station Wagon နဲ့ Panel Van အမျိုးအစားများပဲ ဖြစ်ပါတယ်။ Layout ကတော့ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်  (Front Engine, Front Wheel Drive) နဲ့ လေးဘီးယက် Four Wheel Drive အမျိုးအစားများပဲ ဖြစ်ပါတယ်။ ဆက်စပ်တဲ့ မော်ဒယ် တွေကတော့ Dodge, Plymouth Cloth, Eagle Vista, Proton Saga တို့ပဲ ဖြစ်ကြပါတယ်။

တတိယမျိုးဆက် Mirage ကိုတော့ ၁၉၈၇ ခုနှစ် မှ ၁၉၉၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး Mitsubishi Colt နဲ့ Lancer ကားများအဖြစ် လူသိများပါတယ်။ Body Type တွေကတော့3 Door Hatch Back, 4 Door Sedon နဲ့ 5 Door Lift Back အမျိုးအစားများ ဖြစ် ကာ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်၊ လေးဘီးယက် စနစ် တို့နဲ့ ထုတ်လုပ်ထားပါတယ်။ အင်ဂျင်များကတော့ 1.2 L, 1.5 L, 1.8 L ဓာတ်ဆီအင်ဂျင်များနဲ့  1.8 L ဒီဇယ်အင်ဂျင်ပါ ရနိုင်ပြီး 4/5 Speed Manual နဲ့ 3 Speed Auto  စနစ်များနဲ့ ထုတ်လုပ်ထားပါတယ်။

စတုတ္ထမျိုးဆက် (Fourth Generation) ကိုတော့ ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး 2 Door Coupe, 3 Door Hatch Back, 4 Door Sedan, 4 Door Sedan(Six Window), 5 Door Station Wagon Type ကို ရှေ့အင်ဂျင်၊

ရှေ့ဘီးယက်၊ လေးဘီးယက်စနစ်များနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ အင်ဂျင် တွေကတော့ 1.3 L, 1.5 L, 1.6 L, 1.8 L, 2.0 L Turbo ဓာတ်ဆီအင်ဂျင်များနဲ့ ၁.၈ူယ ၂.ဝူ ဒီဇယ် အင်ဂျင်များပဲ ဖြစ်ပါတယ်။

ပဉ္စမမျိုးဆက်အပြင် Mitsubishi Mirage, Signo (Sedan), Virage စသည်ဖြင့် တံခါးနှစ်ပေါက်၊ သုံးပေါက်၊ လေးပေါက် (Sedan) Body Style များကို အင်ဂျင်ပါဝါ 1.3 L, 1.5 L, 1.6 L, 1.8 L နဲ့ 2.0 L (ဒီဇယ်)အင်ဂျင်များကို 5 Speed Manual / 4 Speed Auto စနစ်များနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

Mitsubishi ရဲ့ ဆဋ္ဌမမျိုးဆက်  (Sixth Gene-ration) ကိုတော့ Mitsubishi Space Car (Europe), Mitsubishi Attrage (Sedan), Mitsubishi Mirage G4 (Sedan) များအဖြစ် ခေါ်ဆိုကြပါတယ်။

ယခုဖော်ပြမယ့် Mirage ကတော့ ဆဋ္ဌမမျိုးဆက် ထုတ် ကားအမျိုးအစားထဲက တစ်မျိုးပဲဖြစ်ပါတယ်။ ထုတ် လုပ်မှုကိုတော့ 2012 April ကနေ ယနေ့အထိ Hatch Back, June 2013 မှ ယနေ့အထိ (Sedan), 2017 ဖေ ဖော်ဝါရီမှာ ဖိလစ်ပိုင်နဲ့ ထိုင်းမှာ တပ်ဆင်ထုတ်လုပ်ခဲ့ ပါတယ်။

ဒီဇိုင်နာကတော့ Hideyasu Nakagami (2010) ဖြစ်ပြီး Body Type နဲ့ Chassis မှာတော့ City Car 4 Door Sedan, 5 Doors Hatch Back, Layout မှာတော့ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက် (Front Engine, Front Wheel Drive) စနစ်ဖြစ်ပါတယ်။ အင်ဂျင်ဆိုဒ် တွေကတော့ 1.0 L 3A 90 I3(Gasoline), 1.2 L 3A 92 I3(Gasoline) အင်ဂျင်များဖြစ်ပြီး ဂီယာစနစ် (Transmission) ကတော့ 5 Speed Manual နဲ့ Jatco JFO 15E CVT Auto ဂီယာစနစ်ဖြစ်ပါတယ်။ Wheel base ကတော့ 2450 mm(Hatchback), 2550 mm(Sedan) ဖြစ်ပြီး အတိုင်းအတာတွေကတော့ အလျားအရှည် Hatch Back မှာ 3710 mm, Sedan မှာ 4250 mm ဖြစ်ပါတယ်။ အကျယ်မှာတော့ 1665 mm (Hatchback), 1670mm (Sedan)ဖြစ်ပါတယ်။ အမြင့်မှာတော့ 1490 mm (Hatch Back), 1515 mm(Sedan) ဖြစ်ပါတယ်။

ယခုဖော်ပြမယ့်  New Mitsubishi Mirage က တော့ Drive System 2WD  ဖြစ်ပြီး Grade နှစ်မျိုး အဖြစ် GLS နဲ့ GLX ဆိုပြီး ပြည်တွင်းမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစားကတော့ 1.2 Litre 12 Value 3 Cylinder DOHC MIVEC အမျိုးအ စားဖြစ်ပြီး 57/78 kw @ 6000 rpm ဖြစ်ပါတယ်။ အမြင့်ဆုံးရုန်းအား Maximum Torque ကတော့ 100 Nm/4000 rpm ဖြစ်ပါတယ်။

Fule Type က ဓာတ်ဆီဖြစ်ပြီး Fuel System ကတော့Electronic Controlled Injection Type ဖြစ်ပါတယ်။ ဆီတိုင်ကီ ဆီဝင်ဆံ့မှုကတော့ 35 Litre ဖြစ်ပြီး ဆီစားနှုန်းကတော့ တစ်လီတာကို  21 km ဖြစ်ပါတယ်။ Transmission Type ကတော့ INVECS III CVT ဖြစ်ပြီး ဆိုင်းထိန်းစနစ် Suspension မှာ ရှေ့ ပိုင်းမှာMac Pharson Strut, နောက်ပိုင်းမှာ Torsion Beem Suspension စနစ်ဖြစ်ပါတယ်။ Brake စနစ် ကတော့ ရှေ့မှာ Ventilated Disc ဖြစ်ပြီး နောက်ပိုင်း မှာ Leading and Trailing Drum စနစ် ဖြစ်ပါတယ်။

အမြင့်ဆုံး မောင်းနိုင်တဲ့ Miximum Speed က တော့ 167 km/hr ဖြစ်ပြီး အတိုင်းအတာတွေကတော့ အလျား 3795 mm, အနံ 1665 mm, အမြင့် 1510 mm, Wheelbase 2450 mm နဲ့ မြေပြင်ကင်းလွတ် အကွာ (Ground Clearance) 160 mm အသီးသီး ဖြစ်ပါတယ်။ တာယာဆိုဒ်ကတော့ 175/55 R 15 ဖြစ် ပြီး ၁၄ လက်မဆိုဒ်ကိုတော့ GLX Grade မှာ တပ်ဆင် ပေးထားပါတယ်။

မော်ဒယ်ပိုမြင့်တဲ့ GLX Grade မှာတော့ Front Fog Lamps, Tonneau Cover များ ပါရှိပါမယ်။ ကား မှာ Automatic Aircondition စနစ်၊ Electric Adjustable Door, Audio & Hand Free, Phone Connectivity စနစ်Engine Switch Start / Stop  စနစ်များ ကို GLS Grade မှာ ရနိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေးအနေနဲ့ Driver & Passenger Airbag, Keyless Operation System(GLS)ဖြစ်ပါတယ်။ Minimum Turning Radius (အကျဉ်းဆုံး ချိုးကွေ့ နိုင်ရန် လိုအပ်တဲ့ အကျယ်အဝန်း) ကတော့ 4.6 meters (၁၂ ပေ) ဝန်းကျင်ဖြစ်တာကြောင့် မြို့တွင်းနဲ့ အထူး သင့်တော်တဲ့ City Car ဖြစ်ပါတယ်။

အရောင်ခြောက်မျိုး ရရှိနိုင်ပြီး ဈေးနှုန်းကတော့ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၉၉ဝ (ဝင်ငွေ ခွန်မပါ)နဲ့ ပြည်တွင်းက Mitsubishi Mortor မှာ ရနိုင် မှာဖြစ်ပါကြောင်း...

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191