Main menu
HOT NEWS
adv
ပြည်တွင်းမှာ  ဝယ်ယူရနိုင်မယ့် Hyundai Tucson 2017 ကား မိတ်ဆက်

ပြည်တွင်းမှာ ဝယ်ယူရနိုင်မယ့် Hyundai Tucson 2017 ကား မိတ်ဆက်

ဖလားဝါးနယူးစ် ပရိသတ်ကြီး မင်္ဂလာ ပါ။ ယခုတစ်ပတ် မိတ်ဆက်ပေးမှာကတော့ ပြည်တွင်းမှာပဲ ဝယ်ယူရရှိနိုင်တဲ့ Hyundai ရဲ့ နာမည် ကျော် SUV ဖြစ်တဲ့ Tucson 2017 Model ပဲ ဖြစ်ပါတယ်။ 

Hyundai Tucson ဟာ ကိုရီးယားနိုင်ငံထုတ် Compact Cross-over SUV ကားအမျိုးအစားဖြစ်ပြီး ၂ဝဝ၄ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တဲ့ ကား အမျိုးအစားဖြစ်ရုံမက Hyundai ရဲ့ ရောင်းအားအကောင်းဆုံး SUV တစ်စီးလည်း ဖြစ်ပါတယ်။ Tucson ဆိုတဲ့ အဓိပ္ပာယ်က လည်း အမေရိကန်နိုင်ငံ  Arizona ပြည်နယ်က Tucson မြို့လေးကို ဂုဏ်ပြုမှည့် ခေါ်ထားတာ ဖြစ်ပါတယ်။ 

ပထမ မျိုးဆက်ကိုတော့ ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး  Model Year ကတော့ ၂ဝဝ၅ဖြစ်ကာ ၂ဝဝ၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါတယ်။ ပထမမျိုးဆက်မှာ တံခါးငါးပေါက် 5 Door SUV အနေနဲ့ ထုတ်လုပ်ခဲ့ပြီး အင်ဂျင်တွေကတော့ 2.0L Belta II I4, 2.7L Delta V6 ဓာတ်ဆီအင်ဂျင် တွေနဲ့ 2.0L CRDI I4 ဒီဇယ်အင်ဂျင် များကို 5/6 Speed Manual, 4 Speed Auto ဂီယာစနစ်များနဲ့ တွဲစပ်ထုတ်လုပ် ခဲ့ပါတယ်။ 

2017 Hyundai Tucson 3

Tucson ရဲ့ ဒုတိယမျိုးဆက် (Second Generation) ကိုတော့ ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၅ခုနှစ်အထိ ထုတ် လုပ်ခဲ့တာဖြစ်ပြီး Hyundai ix 35 လို့ အများက သိကြပါတယ်။ Designer ကတော့ Cha II Hoei (Exterior 2007) နဲ့ Thomas Buckle Chief Designer 720 တို့ပဲ ဖြစ်ကြပါတယ်။ ဒုတိယမျိုးဆက် ရဲ့ Body Style ကလည်း တံခါးငါးပေါက် 5 Door SUV ဖြစ်ပြီး ဆက်စပ်မော်ဒယ် တွေကတောံ့ Hyundai Elantra, Hyundai i30, Kia Sportage, Kia ceed Kia Forte, Kia Forle Koop တို့ပဲ ဖြစ်ပါတယ်။

ဒုတိယမျိုးဆက်ရဲ့ အင်ဂျင်တွေကတော့ 1.6L Gamma GDI I4, 2.0L Treta II I4 2.0L Nu I4, 2.4L Treta II I4, ဓာတ်ဆီအင်ဂျင်များနဲ့ 1.7 L U Line CRDi I4, 2.0L R-Line CRDi I4 Diesel အင်ဂျင်များပဲ ဖြစ်ပါတယ်။ Transmission Type ကတော့ လက်ထိုးဂီယာ ၅/၆ချက် 5 Speed Manual, 6 Speed Manual နဲ့ Six Speed Automatic ဂီယာစနစ်များပဲ ဖြစ်ပါတယ်။

ဒုတိယမျိုးဆက်ရဲ့ အတိုင်း အတာတွေကတော့ Wheelbase 2640 mm, tvsm; 4410mm, အကျယ် 1820 mm, အမြင့်1655-1658mm နဲ့ Curb Weight 1425-1580kg အသီးသီးရှိပြီး ဒုတိယမျိုးဆက်ကို မြန်မာပြည်မှာ အများ ဆုံး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

2017 hyundai tucson interior 03

အခုဖော်ပြပေးမယ့် တတိယမျိုးဆက် Hyundai Tucson ကတော့ Hyundai SUV ရဲ့ Fusion of Inn ovation and Premium Comfort လို့ ညွှန်းဆိုထားပြီး ဆုတံဆိပ်များအနေနဲ့ 2016 APEAL Study Top Ranking in Small SUV Segment, JD Power US qk? 2015 Good Design Award (The Chicago Athenaeum) US ဆု၊  2015 Top Safety Pick +, Insurane Institute for Highway Safety US ဆု များကို ထိုက်တန်စွာ ရရှိထားပါတယ်။ ယခု တတိယမျိုးဆက်ကိုတော့ ၂ဝ၁၅ ခုနှစ်ကနေ ယနေ့အချိန်အထိ ထုတ်လုပ် လျက်ရှိပြီး Model Yearuawmh 2016 ဖြစ်ပါတယ်။

တတိယမျိုးဆက် Hyundai Tucson ရဲ့ မူရင်းဒီဇိုင်နာကတော့ Peter Schreyer ဖြစ်ပြီး Body Style ကလည်း Tucson ရဲ့ပင်ကိုယ်ဟန်အတိုင်း တံခါး ငါးပေါက် 5 Door SUV ဖြစ်ပါတယ်။ ဆက်စပ်တဲ့ Related Model တွေက တော့ Hyundai Elantra, Hyundai i30 နဲ့ Kia Sportage တို့ပဲ ဖြစ်ပါတယ်။

အင်ဂျင် အမျိုးအစားတွေက တော့ 1.6L Gamma GDI I4, 2.0L Theta II I4, 2.0L Nu I4 ဓာတ်ဆီ အင်ဂျင်များနဲ့ 1.7L U-Line CRDi I4, 2.0L R Line CRDi I4 ဒီဇယ်အင် ဂျင်များပဲဖြစ်ပါတယ်။ ကားရဲ့အတိုင်းအ တာ Dimension နဲ့ ပတ်သက်ပြီး တင် ပြရရင် Wheelbase 2670mm, အလျား 4475mm, အကျယ် 1849mm, အမြင့် 1646-1651mm နဲ့ Curb Weight 330- 3686lb အသီးသီးရှိပါတယ်။

Grade တွေကတော့ SE, SE Plus, Eco, Sport နဲ့ limited ဆိုပြီး ငါးမျိုးခွဲခြားထားပါတယ်။ မြန်မာနိုင်ငံ မှာတော့ 2.0 CRDi Diesel Eingne, Transmission 6 Speed Automatic ကို ရရှိမှာဖြစ်ပြီး SE နဲ့ SE Plus grade ရမှာဖြစ်ကာ အင်ဂျင်ရဲ့မြင်းကောင်ရေ ကတော့ 168 horse power ရရှိမှာ ဖြစ်ပါတယ်။

2017 honda cr v 1051487975750694

ကားရဲ့ အလွိုင်းဘီးခွေဟာ ၁၇ လက်မရှိမှာဖြစ်ပြီး တာယာဆိုဒ် တွေကတော့ P225/60 HR17 ဖြစ်ပြီးExteror Colored side view mirror, Front Solar Tinted, Rear Privacy 8kg, 8 way Power Driver Seat, Leather Tirmmed, ရှစ်လက်မ Touch Screen Navigation System ကို HD Radio နဲ့ တွဲဖက်ပေးထားပါတယ်။

ဒါ့အပြင် Android Auto နဲ့ Apple Car Play, Infinity Premium Audio with Clari Fi Music Resto- ration Technology စနစ်ပတ်လည် စပီကာရှစ်လုံး၊ Dual Automatic Temprature Control စနစ်၊ Blind Spot Detection BDS စနစ်၊ Rear Cross Traffic Alert RCTA, Lone Charge Assist စတဲ့ Facilities တွေ လုံခြုံရေးအတွက် Airbag ခြောက်လုံး ပါဝင်ပြီး လက်ရှိ မြန်မာနိုင်ငံမှာတော့ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ ၄၅ဝဝဝ ဝန်းကျင်နဲ့ ရနိုင်မှာဖြစ်ပြီး အာမခံသုံးနှစ် သို့မဟုတ် ကီလိုမီတာ တစ် သိန်း ဖြစ်ပါတယ်။ လက်ရှိ မိုးရာသီမှာ ဝယ်မယ်ဆိုရင်တော့ ဇွန် ၁ရက်ကနေ ၃ဝ ရက်အတွင်း အမေရိကန်ဒေါ်လာ ၃ဝဝဝ သက်သာခွင့် သို့မဟုတ် ကားတန် ဖိုးရဲ့ ရာခိုင်နှုန်း၂ဝဖြစ်တဲ့ ဒေါ်လာ ၈၅ဝဝ ပေးသွင်းရုံမျှနဲ Hyundai Car Showroom များဖြစ်တဲ့ ရန်ကုန်၊ မန္တလေး ဟွန်ဒိုင်းရှိုးရွန်းများမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါ ကြောင်း။     

2017 Hyundai Tucson Rear

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191