HOT NEWS
Main menu
adv
တစ်လလျှင် ဒေါ်လာ တစ်ရာကျသင့်မည့်  ကားပါကင် တစ်ခု  ရန်ကုန်မြို့တွင်း ၃၃ လမ်းတွင် ဖွင့်လှစ်

တစ်လလျှင် ဒေါ်လာ တစ်ရာကျသင့်မည့် ကားပါကင် တစ်ခု ရန်ကုန်မြို့တွင်း ၃၃ လမ်းတွင် ဖွင့်လှစ်

ရန်ကုန်

တစ်လလျှင် ဒေါ်လာ၁ဝဝ ကုန်ကျမည့် Mechanical Car Parking တစ်ခုကို ကျောက်တံတားမြို့နယ် ၃၃လမ်းတွင် ဇူလိုင် ၂၇ ရက်တွင်စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါကားပါကင်ကို ဂျပန်နိုင်ငံ အခြေ စိုက် Shin Maywa  ကုမ္ပဏီမှလွန်ခဲ့သည့် နှစ် ၂ဝ ခန့်က ပင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။


Sakura Mechanical Car Parking မှာ ကားသိမ်းဆည်း မှုပါကင်ထိုးမှုအားလုံးကို ထိန်းချုပ်ခန်းမှသာထိန်းချုပ်ပေးသည့်စနစ်ကိုအသုံးပြုထားပြီးကား အစီးရေ  ၃ဝကျော်ဆံ့သည့် ကားပါကင်တစ်ခု ဖြစ်သည်။ ''ဆင်ဆာစနစ်ပါတယ်။ လူတွေကို ထိခိုက်မှုမရှိအောင်လုပ်ထားတယ်။  ဂျပန်နိုင်ငံက နည်းပညာ တွေ မြန်မာနိုင်ငံကို ရောက်လာနိုင်ဖို့အတွက် အများကြီးမျှော်လင့်ပါတယ်''ဟု အဆိုပါကားပါကင်စနစ်အား ပြုလုပ်ထား သည့် Shin Maywa ကုမ္ပဏီမှ Senior Managing Excutive Officer  မစ္စတာပတ် ဆူယူကီအီဆိုကာဝါက ပြောသည်။ အဆိုပါကားပါကင်အား နေ့စဉ်နံနက် ၇ နာရီမှ ည ၇ နာရီအ ထိဖွင့်လှစ်ကာ ယာဉ်ရပ် နားချိန်မှာ ၂၄ နာရီဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့လမ်းများ၏ သုံးပုံတစ်ပုံခန့်တွင် မော်တော်ယာဉ် များရပ်တန့်ထားခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှုများကိုဖြစ်ပေါ်နေ ကြောင်းသိရသည်။ Sakura Mechani cal Car Parking ကဲ့သို့ အဆင့်မြင့်ကား ပါကင်များကို နိုင်ငံတော်ပိုင်းနှင့် ပုဂ္ဂလိကပိုင်းများမှ အလားတူကားပါကင်များဖော်ဆောင်ပေးမည်ဆိုပါက ယာဉ်ကြောကြပ်တည်းမှုကို အထိုက်အလျောက် ဖြေရှင်းပေးနိုင် ကြောင်း မော်တော်ယာဉ် တင်သွင်း ဖြန့် ဖြူး ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကဆိုသည်။ ''လက်ရှိမြန်မာနိုင်ငံမှာက ကားပါကင်အတွက်ပိုက်ဆံပေးရတာကို လက်မခံချင်ကြဘူး။ အလကားနီးပါး လမ်းဘေးမှာရပ်နေကြတာဖြစ်တယ်။ ကားပါ ကင်ဆိုတာ ဈေးနှုန်းတစ်ခုဖြစ်မှပဲ ပုဂ္ဂလိကတွေက ရင်းနှီးကြမယ်။ အစိုးရလဲ လုပ်လို့ကိုက်မယ်''ဟု ၎င်းက ဆက်လက် ပြောသည်။

 

စိုးချစ်ချစ်ပိုင်

#theflowernews

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS