HOT NEWS
Main menu
adv
UnTonomy ၏ မောင်းသူမဲ့ မော်တော်ကား စင်ကာပူနိုင်ငံတွင် အောင်မြင်စွာ စမ်းသပ်မောင်းနှိင်ခဲ့

UnTonomy ၏ မောင်းသူမဲ့ မော်တော်ကား စင်ကာပူနိုင်ငံတွင် အောင်မြင်စွာ စမ်းသပ်မောင်းနှိင်ခဲ့

စင်ကာပူ ၊ သြဂုတ် ၂၆

unTonomy ကုမ္မဏီ၏ မောင်းသူမဲ့ကားအား စင်ကာပူနိုင်ငံတွင် ပထဦးဆုံးစမ်းသပ်မောင်းနှင်ရာ၌ အောင်မြင်ပြီးလူကြိုက်များခဲ့ကြောင်း Cnet သတင်းဌာနတွင်ဖော်ပြထားသည်။ unTonomy သည် အမေရိကန် အခြေစိုက် မောင်း သူမဲ့ အဌားယာဉ်တီထွင်ထုတ်လုပ်သော ကုမ္မဏီတစ်ခုဖြစ်ပြီး စမတ်ဖုန်း Application ဖြင့်ထိန်းချုပ်ကာလမ်း ကြောင်းဆွဲမောင်းနှင်ရမည်ဖြစ်ကြောင်းသိရသည်။စင်ကာပူနိုင်ငံတွင် စမ်းသပ်အောင်မြင်ခဲ့သည့်အတွက် မကြာမီ အချိန်တွင် စတင် ပြေးဆွဲ မောင်းနှင်မည် ဟု ယင်းကုမ္မဏီ မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 

မောင်းသူမဲ့ကားအား ထိန်းချုပ်နိုင်ရန် Renault Zoe နှင့် Mitsubishi i-Miev တို့မှ စမတ်ဖုန်း Application တီထွင်ပေးခဲ့ပြီး ဖြစ် ကြောင်းသိရသည်။ လာမည့် ၂၀၁၈ ခုနှစ် အမှီ ယင်းအဌားယာဉ်အား ပြေးဆွဲနိုင်ရန် ကြိုးစားမည်ဟု unTonomy ကုမ္မဏီ၏ CEO မှ ပြောကြားခဲ့သည်။ အခြား မောင်းသူမဲ့အဌားယာဉ်ကုမ္မဏီများဖြစ်သော Volvo ၊ Uber နှင့် အခြားကုမ္မဏီတို့၏စံချိန်ကို unTonomy မှ ကျော်ဖြတ်နိုင်ခဲ့ကြောင်းသိရသည်။

Ref: Cnet

#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS