Main menu
HOT NEWS
adv
စတိုင်အလန်းနဲ့ တံခါးနှစ်ပေါက် Coupe 2017 Mercedes Benz 2500 Cabriolet

စတိုင်အလန်းနဲ့ တံခါးနှစ်ပေါက် Coupe 2017 Mercedes Benz 2500 Cabriolet

ကိုဇော်
မြင်ရတာနဲ့ ငေးမောသွားစေမယ့် Stunning Design လို့ မူရင်း ဆောင်းပါးရှင်က ချီးကျူးဂုဏ်ပြုထားတဲ့ ဒီတံခါးနှစ်ပေါက် ဃသကစန အမိုးဖွင့် ကားငယ်ဟာ အကောင်သေးသလောက် စွမ်းဆောင်ရည် မြင့်မားလှပါတယ်။Car advice.com ရဲ့ ပေး မှတ် ၁ဝ မှတ်မှာ ကိုးမှတ်အထိ ရထားတဲ့ ရှားရှားပါးပါး ကားကောင်းတစ် စီးဆိုလည်း မမှားပါဘူး။ နောက်တစ်ချက်ကတော့ စတိုင်ဦးစားပေး လူငယ် ကားဝါသနာအိုးတွေအတွက် အမိုးဖွင့်စီးနိုင်တဲ့ Convertible ကားတစ်စီး လည်း ဖြစ်ပါတယ်။

 ကမ္ဘာကျော် ဇိမ်ခံကားကုမ္ပဏီ Mercedes Benz ရဲ့ S500 model, 217 MY 17 Serices နဲ့ ထုတ်လုပ်ထားတဲ့ တံခါးနှစ်ပေါက်ကားရဲ့ Body Type ကတော့ 2D Cabriolet ထိုင်ခုံလေးလုံးတပ် ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်အမျိုးအစား Type ကတော့ DI Turbo Dirflinj အမျိုးအစား ဖြစ်ပြီး အင်ဂျင်အရွယ်အစား (Engine size )ကတော့ 4.7L ဆလင်ဒါ ရှစ် လုံးတပ် Turbo V8 ဓာတ်ဆီအင်ဂျင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ကားအင်ဂျင်ရဲ့ အမြင့်ဆုံးရုန်းအား Maximum Torque ကတော့ 700Nm @ 1800rpm ဖြစ်ပြီး အမြင့်ဆုံးစွမ်းအား ( Maximum Power) ကတော့ [email protected] rpm ဖြစ်ကာ Power/Weight အချိုးကတော့ 159W/kg ဖြစ်ပါတယ်။ S500 ရဲ့ Value Gear ကတော့ Variable Double Overhead Cam ကို အသုံးပြုထားပြီွးှ Transmission Type ကတော့ အော်တိုဂီယာ ကိုးချက် 9 SP Automatic G Tronic စနစ်ကို အသုံးပြုထားကာ Driving Type ကတော့ နောက်ဘီးယက်စနစ် Rear Wheel Drive ဖြစ်ပါတယ်။ ကားရဲ့ Find Drive Ratio ကတော့ 2.47 ရှိပါတယ်။

ကားနဲ့ပတ်သက်တဲ့ အတိုင်းအတာတွေကတော့ ကား အကြမ်းထည် အလေးချိန် Kerb weight 2017 kg, အမြင့် 1428 mm, အလျား 5044 mm, အကျယ် 1912 mm နဲ့ မြေပြင်ကင်းလွတ်အကွာအဝေး 114 mm အသီးသီး ရှိပါတယ်။ ကားရဲ့ Steering Type ကတော့ Rack & Pinion- Power Assisted ဖြစ်ပြီး Turning Circle ကတော့ 9.5 Jxzo အသီးသီး ရှိပါတယ်။ ကားရဲ့ရှေ့တာယာ ဆိုဒ်ကတော့ 245/40R20 နဲ့ နောက်တာယာ ကတော့ 275/35 R 20 အသီးသီး ရှိပါတယ်။ S-500, 2017 Model မှာ သုံးထားတဲ့ ဘရိတ်စနစ်ကတော့ Disc Ventilated စနစ်ဖြစ်ပြီး အသုံးပြုထား တဲ့ ဆိုင်းထိန်းစနစ်(Suspension) ကတော့ Air Springs စနစ်ဖြစ်ပါတယ်။
ကားမှာ ပါဝင်တပ်ဆင်ပေးထားတဲ့ Facilities တွေကတော့ Auto Climate Control with Dual Temp Zone စနစ်၊ Automatic Climate Control Fittered စနစ် Electronic Stability Program, Hill Holder Cruise Control, Intelligent/Active, Leather Multi-function Stearing Wheel စနစ်တွေ ပါဝင်ပါတယ်။ ဖျော်ဖြေရေးအနေနဲ့ အရည်အသွေး မြင့ှ်စနေုနမ ၁၃ လုံး တပ်ဆင်ပေးထားပါတယ်။ ကားရဲ့ အလွိုင်းခွေကတော့ လက်မ ၂ဝ ရှိပါတယ်။
အတွင်းခန်း အပြင်အဆင်တွေမှာတော့ Stylish & Luxury Layout ဖြစ်တာကြောင့် အဆင့်မြင့် လယ်သာတွေနဲ့ သေသပ်လှပစွာ တွဲစပ် ချုပ် လုပ်ထားကာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ အတိပါ။ LED နောက်မီး နဲ့ Multi-Beam Projecter ရှေ့ Head Light မီးကြီးတွေ တပ်ဆင်ထားတဲ့ S500 ဟာ ၂ဝ၁၇ ခုနှစ်အတွက် အကောင်းဆုံး ကား ၁ဝ စီးထဲမှာ တစ်စီး အပါအဝင် ဖြစ်ပါတယ်။
အမိုးကိုင်းဟာ တစ်နာရီ ကီလိုမီတာ ၅ဝ အမြန် နှုန်းအတွင်း ခေါက်လို့ ဖွင့်လို့ရပြီး အမိုးဖွင့်ချိန် ပိတ်ချိန်ဟာ စုစုပေါင်း စက္ကန့် ၂ဝ သာ ကြာမြင့်မှာဖြစ်ပါတယ်။
Navigation နဲ့ Infotainment အတွက် မျက်နှာပြင်အကျယ် 12.3 inches LCD Display TV တပ်ဆင်ပေးထားပါတယ်။ မူလ Customer ထက် ပိုပြီး တပ်ဆင်ချင်သူ ဃကျအသာနမ တွေအတွက်လည်း အမေရိကန် ဒေါ်လာ ၉၉ဝဝ တန် Burmester High End Sound System စပီကာ နှစ်ခုလုံးတပ် စနစ်ကိုလည်း Optional အဖြစ် မှာယူနိုင်ပါတယ်။
အမြန်နှုန်းကတော့ သုညမှ ကီလိုမီတာ ၁ဝဝ ကို ကြာမြင့်ချိန် ငါး စက္ကန့်သာ ကြာမှာဖြစ်ပါတယ်။ ဆီစားနှုန်းအနေနဲ့ ပျမ်းမျှ 9.2L/100km ဖြစ်တာကြောင့် ဆီစားနှုန်း သင့်တင့်တယ်လို့ ဆိုရမှာဖြစ်ကာ ဆီတိုင်ကီ ဆီဝင်ဆံ့မှုကတော့ 80 Litres ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ သြစတြေးလျ ဒေါ်လာ ၃၅ဝဝဝဝ ဝန်းကျင် ဖြစ်ပါကြောင်း...
#YangonMediaGroup #YangonTimesJournal #AutoMobile
Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616