Main menu
HOT NEWS
adv
ပြည်တွင်းမှာ ဝယ်ယူနိုင်တဲ့  2016 Model Toyota Revo Double Cab

ပြည်တွင်းမှာ ဝယ်ယူနိုင်တဲ့ 2016 Model Toyota Revo Double Cab

ဖလားဝါးနယူးစ် ပရိသတ်ကြီးအတွက် ဒီတစ်ပတ်မှာ  ဖော်ပြပေးချင်တဲ့ ကားအမျိုးအစားကတော့ အသစ်စက်စက် Brand New ကားကိုပြည်တွင်းမှာပဲ ဝယ်ယူရရှိနိုင်မယ့် Toyota Hilux Revo Double Cabum; 2016 Modelပဲ ဖြစ်ပါတယ်။  Toyota Hilux ဆိုတာ မြန်မာပြည်မှာတော့ အကြမ်းသုံး အချောသုံး ကြိုက်သလိုသုံးနိုင်တဲ့ ဈေးကွက်အကြိုက် ကားတစ်မျိုး ဖြစ်ပါတယ်။

 

Double Cab  ဖြစ်တာကြောင့် မိသားစု အပျော်ခရီးထွက်တာပဲဖြစ်ဖြစ် လုပ်ငန်းကိစ္စနဲ့ ပစ္စည်းများများတင်ဆောင်ပြီး ခရီးထွက်တာပဲဖြစ်ဖြစ် အသုံးပြုရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါလဲ ကွဲပြားသလို နှစ်ဘီးယက် လေးဘီးယက်စနစ်နဲ့လဲကြိုက် နှစ်သက်သလို ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Model တွဲအနေနဲ့ သုံးမျိုးရှိပြီး အင်ဂျင်ပါဝါ 2.5L, 5 Speed Manual Transmission နှစ်ဘီးယက်စနစ် CM Grade အင်ဂျင်ပါဝါ 3.0L 5 Speed Automatic  ဆိုပြီး နှစ်သက်သလို ဝယ်ယူနိုင်ပါတယ်။ အင်ဂျင်အမျီုးအစားတွေကတော့ 2.5L အတွက် 2KDF TV နဲ့ 3.0L  အတွက် 1KD FTV အင် ဂျင်အမျိုးအစားများပဲ ဖြစ်ပါတယ်။ ကား 2KD FTV 2.5L Turbo Diesel အင်ဂျင်ကတော့ အင်ဂျင်စွမ်းအင် 75KW/ 3600rpm ရှိပြီး 200Nm/1200-3400rpm(4x2), 260Nm/1600-2400rpm(4x4) အသီးသီးရှိပါတယ်။

 

ccc

 

 

1KD-FTV 3.0L VN Turbo Diesel (Cooler) အင်ဂျင်ကတော့ Dirat Fuel Injection စနစ်ဖြစ်ပြီး အင်ဂျင်စွမ်းအား 120kw/ 3400 rpm နဲ့ လိမ်အား (Torque) 360Nm/ 1600-3000rpm အသီးသီးရှိပါတယ်။ ကားနဲ့ပတ်သက်တဲ့ အတိုင်းအတာတွေကတော့ 2.5L အတွက် အလျား 5330 mm အကျယ် 1800mm နဲ့ အမြင့် 1700 mm အသီးသီးရှိပါတယ်။  3.0L (4x4) ကားတွေအတွက် အလျား 5330mm အကျယ် 1855mm နဲ့ အမြင့် 1815mm အသီးသီးရှိပါတယ်။ ကားရဲ့ ဆိုင်းထိန်းစနစ် (Suspension)  တွေကတော့ Double Wishbone/Leaf Spring Rigid Axle စနစ် ဖြစ်ကာ ဘရိတ်စနစ်ကတော့ Ventilated Disc Leading Trailing Drum Brake စနစ်များ တပ်ဆင်ပေးထားပါတယ်။ ကားရဲ့ ရှေ့နောက်မီးကြီးတွေကို တော့ LED နဲ့  2 Bulb Halogen  မီးတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ တာယာဆိုဒ်တွေကတော့  2.5L မှာ 215/65R 16C  နဲ့ 3.0L  မှာတော့ 265/65 R 17 တာယာတွေကို အသုံးပြုထားကာ အလွိုင်းဘီး ခွေကလည်း ဂရိတ်ပေါ်မူတည်ပြီး 16x6J /17 x 71/2J ဆိုပြီး ကွာခြားပါတယ်။

 

 

ccc

 


ကားရဲ့အသံစနစ်မှာတော့ စပီကာလေးလုံးတပ် AM/FM CD Bluetooth/ AUX နဲ့ USB  စနစ်များ တပ်ဆင်ပေးထားပါတယ်။ ကားရဲ့ ဝန်စည်စလွယ်တင်နိုင်တဲ့ အကျယ်ကတော့ အလျား 1525 mm  အကျယ် 1540mm  အမြင့် 48mm အကျယ်ရှိတဲ့ နောက်ခန်းပါရှိသလို အမိုးလည်း တပ်ဆင်လို့ ရပါတယ်။ ထိုင်ခုံတွေကတော့ Leather Seat  တွေ တပ်ဆင်ပေးထားပြီး Combines Powerful Performance energy efficient air Condition  စနစ်တပ်ဆင်ပေးထားပါတယ်။ အင်ဂျင်အဖွင့်အပိတ်လုပ်နိုင်တဲ့ Start/ Stop၊ Stearing Volume Key  တွေ တပ်ဆင်ထားပါတယ်။ ကားရဲ့ ဖရိန်တွေဟာ Integrated Rigidity Mechanism Design  ဖြစ်တာကြောင့် အထူးခိုင်ခံ့ပြီးထိန်းချုပ်မောင်းနှင်ရာမှာ ပိုမိုကောင်းမွန်စေသလို Dynamic Control Suspersion  DCS စနစ်ကြောင့် ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်ပါတယ်။ အခြားလုံခြုံရေး စနစ်များအဖြစ် Hill Start Assist Control HA (စနစ်)၊ Active Traction Control (A TRC စနစ်) Part Time 2WD/ 4WD Transfer Suitch  စနစ် တွေအပြင် Anti Lock Bracking System ABS Vehicle Stability Control VSC, Trailer Suoy Control နဲ့ Emergency Brake Signel   စနစ်တွေပါဝင်ပါတယ်။  လေအိတ်လေးလုံး တပ် ဆင်ပေးထားပြီး နှစ်သက်ရာ အရောင်ရှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ကာ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၅ဝဝဝမှ ၄၄ဝဝဝ အထိ ပြည်တွင်း တိုယိုတာကား Authorized Dealer များထဲမှာ ဝယ်ယူနိုင်မှာဖြစ်ပါကြောင်း။

အောင်အောင်( MBA )

#theflowernews

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616