Main menu
HOT NEWS
adv
ဒီဇိုင်း ခပ်လန်းလန်းနဲ့  Toyota CHR 2017 Model

ဒီဇိုင်း ခပ်လန်းလန်းနဲ့ Toyota CHR 2017 Model

ကိုဇော်
Toyota CHR ဆိုတာကတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှာမှ တိုယိုတာက စတင်ထုတ်လုပ် ခဲ့တဲ့ ပထမမျိုးဆက် Subcompact Crossover SUV အမျိုးအစားဖြစ်ပြီး ဂျပန်မှာတော့ 2016 December 14 မှာမှ စတင်မိတ်ဆက်ခဲ့တဲ့ ပထမမျိုး ဆက် ကားအမျိုးအစားပဲ ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝန်းမှာတော့(Europe) ဥရောပ၊ အာရှ၊ သြစတြေးလျနဲ့ မြောက်အမေရိက ဈေးကွက်တွေကိုတော့ ဒီနှစ်မှာပဲ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

  2017 toyota chr koba 11

ဂျပန်ဈေးကွက်မှာ XA 30, RAV 4, Daihatsu Terios နေရာတွေ ကို အစားထိုးဖို့ တိုယိုတာရဲ့ ထုတ်ကုန်သစ်အနေနဲ့ ပေါ်ထွက်လာတာဖြစ် ပါတယ်။ တိုယိုတာရဲ့ နာမည်ကျော် ist နဲ့ Rush တွေမှာ အခြေခံထား တဲ့ Urban Cruiser ဖြစ်ပါတယ်။ အမည်အပြည့်အစုံကတော့ Compact High Rider Cross Hatch Run နဲ့ Coupe High Rider Cross Hatch Run နဲ့ Coupe High Rider စသည်ဖြင့် အမည်နာမ အမျိုးမျိုးနဲ့ ခေါ်ဆို ကြပါတယ်။
2016 Geneva Motor Show မှာ မိတ်ဆက်ခဲ့တဲ့ CHR ဟာ အများ စုရဲ့ စိတ်ဝင်စားခြင်း အထူးခံခဲ့ရပါတယ်။ အာရှအတွက်ကတော့ 2017 April မှာ ကျင်းပမယ့် Indonesia International Motor Show မှာ မိတ်ဆက်ဖို့ ရှိနေပါတယ်။
CHR ရဲ့ အမျိုးအစားကတော့ Compact SUV အမျိုးအစားဖြစ်ပြီး တံခါးငါးပေါက် 5 door Hatchback အမျိုးအစားဖြစ်ပါတယ်။ ကားရဲ့ Layout ကတော့ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက် Front Engine, Front Wheel Drive စနစ်ဖြစ်ပါတယ်။ လေးဘီးယက် All Wheel Drive နဲ့လည်း ရနိုင် ပါတယ်။ TNGA ပလက်ဖောင်းပေါ်မှာ အခြေခံထားပြီး CVT အမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်ကတော့ 1.2 L 8 NR FTS VVT-i W 14 T ဖြစ်ပြီး အင်ဒိုနီးရှားအတွက် 1.5 L 2 NR-FE 14 အမေရိကန်အတွက် 2.0 L 3 ZR FAE နဲ့ 1.8 L 2 ZRFXE14 Hybrid Version များနဲ့လည်း ရနိုင်ပါ တယ်။ ကားရဲ့ Transmission Type ကတော့ 6 Speed Manuel(1.2 L) နဲ့ CVT Auto ဖြစ်ပါတယ်။ ကားနဲ့ပတ်သက်တဲ့ အတိုင်းအတာတွေကတော့ Wheel Base 2640 mm, အလျား 4360 mm, အကျယ် 1795 mm, အမြင့် 1565 mm အသီးသီး ရှိပါတယ်။
အင်ဂျင်ပါဝါ 1.2 L Turbocharged Four cylinder ရဲ့ စွမ်းအားက မြင်းကောင်ရေ 114 pb ရှိတာကြောင့် စွမ်းဆောင်ရည် မြင့်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ Hybrid Version ကတော့ တိုယိုတာရဲ့ TNGA Plat Form ကို အခြေခံထားပါတယ်။ အမေရိကန်အတွက် ထုတ်လုပ်တဲ့ 2.0 L အင်ဂျင် ကတော့ မြင်းကောင်ရေ 144 pb ရှိပါတယ်။
2017 toyota chr koba 16
 
တီထွင်ဖန်တီးမှုအသစ်တွေနဲ့ ပြင်ပသွင်ပြင် ဒီဇိုင်းကတော့ စက်ရုပ် တစ်ရုပ်နဲ့ ပိုတူနေပါတယ်။ EHR မှာကတော့ Autonomous Emergency Braking နောက်ဆုံးပေါ် နည်းပညာ ထည့်သွင်းပေးထားပြီး ဆီစား နှုန်းကတော့ 6.3 L/100 km ကနေပြီး 8.5 L/100 km အသီးသီးရှိပါတယ်။ အတွင်းခန်း အပြင်အဆင်တွေကလည်း တကယ့်ကို ခေတ်မီ သပ်ရပ်လှပါ တယ်။ အရှိန်မြှင့် မောင်းနှင်နိုင်မှုကတော့ တစ်နာရီ သုညမိုင်ကနေပြီး မိုင် ၁ဝဝ နှုန်းကို ၁ဝ ဒသမ ၇ စက္ကန့် ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေ ရိကန်ဒေါ်လာ ၁၉ဝဝဝ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Caradvice.com မှာတော့ Ride & Handling ပိုင်းမှာတော့ ပေးမှတ် ၁ဝ မှတ်မှာ ၈ ဒသမ ၅ မှတ် ရထားတဲ့ ကားကောင်းတစ်စီး ဖြစ်ပါကြောင်း...
#YangonMediaGroup #YangonTimesJournal #Wheel #Car #Toyota #CHR2017
Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191