Main menu
HOT NEWS
adv
ပြည်တွင်းမှာ ရနိုင်တဲ့  2016 Model  Land Cruiser Prado

ပြည်တွင်းမှာ ရနိုင်တဲ့ 2016 Model Land Cruiser Prado

ဖလားဝါးပရိသတ်ကြီးအတွက် ပြည်တွင်းမှာပဲ ဝယ်ယူရရှိနိုင်တဲ့ အသစ်စက်စက် Brand New ကားတစ်စီးအကြောင်း မိတ်ဆက်ပေးလို ပါတယ်။ Toyota Land Cruiser Prado ဆိုတာနဲ့တင် ကားဝါသနာရှင် အတော် များများ သိပြီးသားဖြစ်ပါတယ်။

ယခင် နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်ဈေးကွက်မှာ နာမည်ရတဲ့ လမ်းကြမ်းလမ်းချော စွယ်စုံသုံး Mid-size SUV တစ်စီးဖြစ်သလို လေးဘီးယက် Four Wheel Drive စနစ်သုံး ကားတစ်စီးဖြစ်ပါတယ်။ ၁၉၈၄ ခု နှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ Landcruiser Prado မျိုးဆက်ဟာ အခုအခါမှာတော့ မျိုးဆက်လေးဆက် တိုင်ခဲ့ပြီဖြစ်ပါတယ်။

Model Year ကိုတော့ ၁၉၈၅ မှာ စတင်သတ်မှတ်ခဲ့ပြီး တံခါးငါးပေါက် ပါတဲ့ 5 Door SUV ဖြစ်ပြီး Layout ကို တော့ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်၊ Front Engine, Front Wheel drive အနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမမျိုး ဆက် J70 ကိုတော့ ၁၉၈၄ကနေ ၁၉၉ဝ အထိ  2.4L 22R ဓာတ်ဆီအင်ဂျင် 2.4L 2L ဒီဇယ်အင်ဂျင်များနဲ့ (လက်ထိုးဂီယာ ငါးချက်) 5speed manual စနစ်နဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။

013675c4f0720c5d5f5162662a07c431

ဒုတိယ Landcruiser Prado မျိုးဆက်ကိုတော့ ၁၉၉၆ ကနေ ၂ဝဝ၂ ခုနှစ်အထိ (တရုတ်ပြည်မှာတော့ ၂ဝဝ၅ မှ ယနေ့အထိ) ထုတ်လုပ်ခဲ့ပါတယ်။ အင်ဂျင်ကတော့ 2.7L ဓာတ်ဆီနဲ့ 3.0L 5L, 3.0L 1KZ, 3.4L 5V2 V6 ဒီဇယ် အင်ဂျင်များကို 4Speed Automatic, 5 Speed Manual ဂီယာစနစ်များတွဲ ဖက်တပ်ဆင် ထုတ်လုပ်ခဲ့ပါတယ်။ လက် ရှိ မြန်မာပြည်ဈေးကွက်မှာ အများဆုံးမြင် တွေ့နေရတာလည်း ဒုတိယမျိုးဆက် Prado များ ဖြစ်ပါတယ်။

တတိယမျိုးဆက် Land Cruiser Prado ကိုတော့ J120 စီးရီးအဖြစ် ၂ဝဝ၂ ခုနှစ်ကနေ ၂ဝဝ၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပါတယ်။ Lexus မှာတော့ Lexus GX Version နဲ့ ထုတ်လုပ်ထား ပြီး တံခါးသုံးပေါက်၊ ငါးပေါက် Wagon Type နဲ့ Toyota 4 Runner ကို အခြေခံ ပြီး ထုတ်လုပ်ထားပါတယ်။

အင်ဂျင်တွေကတော့ 2.7L 3RZ FE V6 ဓာတ်ဆီအင်ဂျင်၊ 3.0L Turbocharged Diesel အင်ဂျင် 4.0L V61GRFE အင်ဂျင် 4.7L V8 24Z FE အင်ဂျင်ကွဲတွေကို အော်တိုဂီယာငါးချက် 6Speed Manual ဂီယာတွေနဲ့ တွဲ ဖက်ထုတ်လုပ်ခဲ့ပါတယ်။ ဆိုင်းထိန်းစ နစ် (Suspension Type)မှာတော့ Hilux Surf/ 4 Rumer, FJ Cruiser တို့နဲ့ အ တူတူပဲ ဖြစ်ပါတယ်။

စတုတ္ထမျိုးဆက် J150 Series ကိုတော့ ၂ဝဝ၉ခုနှစ်က ယနေ့အထိထုတ် လုပ်လျက်ရှိပြီး Lexus မှာတော့ GX 460 အနေနဲ့ ထုတ်လုပ်ထားပါတယ်။ Body Style ကတော့ 3 Door/5door Wagon Type ဖြစ်ပြီး Layout ကတော့ ရှေ့အင်ဂျင်၊ ရှေ့ဘီးယက်စနစ်(Front Engine Front Wheel Drive)ဖြစ်ပါ တယ်။ အင်ဂျင်များအနေနဲ့2.7L 2TR-FE 14(Petrol) 4.0L 1GR-FE V6 (Petrol) 2.8L 1GD FTV 14-T (Diesel) 3.0L 5L E 14(Diesel) နဲ့ 3.0L 1KD, FTV 14-T(Diesel) အင်ဂျင်များကို လိုအပ်သလို ရွေးချယ်ဝယ် ယူနိုင်ပါတယ်။

prado 08 land cruiser prado 1452949224

Transmission Type တွေ ကတော့ 4 Speed Automatic, 5 Speed Auto, 6 Speed Auto နဲ့ 5/6 Speed Manual ဆိုပြီး ခွဲခြားတပ်ဆင် ထုတ်လုပ်ထားပါတယ်။ ကားနဲ့ပတ်သက် တဲ့ အတိုင်းအတာတွေကတော့ Wheel Base 2790mm, အလျား 4760mm/ 4930 mm, အကျယ် 1885mm, အမြင့် 1845 mm အသီးသီးရှိပါတယ်။

ဂျပန်ဈေးကွက်အတွက် ဂရိတ်တွေကိုတော့ TXL Package, TX, TX 5Seat ဆိုပြီး 2.7L 2TR FE 120kw အင်ဂျင်တွေအတွက် ထုတ်လုပ် ထားပြီး 4.0L 1GR FE 202kw အတွက် TZG, TZ နဲ့ TX ဆိုပြီး ခွဲခြားထုတ် လုပ်ထားကာ TXL နဲ့ TZG ကတော့ အမြင့်ဆုံးဂရိတ်တွေ ဖြစ်ကြပါတယ်။

2016 model စတုတ္ထမျိုး ဆက်ရဲ့ ရှေ့ရုပ်ဒီဇိုင်းကတော့ အထူးကွဲ ပြားခြားနားပြီး ဆွဲဆောင်မှုရှိပါတယ်။ ခန့်ညားတဲ့ ရှေ Shell တွေကို ခရိုမီယမ် Grille အဖြစ် ဖန်တီးထားပြီး ရှေ့မီးတွေ ကိုတော့ Halogen Headlamps နဲ့ နောက်ပိုင်း Tail Light ကို LED မီး တွေ အသုံးပြုထားပါတယ်။

အတွင်းခန်း အပြင်အဆင်မှာ တော့ လယ်သာထိုင်ခုံ၊ှ Steering Volume Control, Cup Holder, ခုနစ် လက်မအရွယ် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးသုံး Touch Screen LCD TV, AM, FM, DVD Mobile Comectivity စနစ်တွေ တပ်ဆင်ပေးထားပါတယ်။

ကားရဲ့လုံခြုံရေးပိုင်းမှာဆိုရင်လည်း Off Road တွေမှာ တည်ငြိမ်စွာ မောင်းနှင်နိုင်မယ့် Electronically Controlled Kinetic Dynamic Suspension စနစ်၊ မြေပြင်အနေအထား မျိုးစုံအလိုက် အာရုံခံပြောင်းလဲမောင်း နှင်နိုင်မယ့် Multi Terrain Sensor အ ပြင် ABS, EBD, Vehicle Stability Control, Parking Assistant Clearance Sonor စနစ်ပါဝင်ပါတယ်။

 မြန်မာပြည်ဈေးကွက်အတွက် လက်ရှိရနိုင်တဲ့ အင်ဂျင်အမျိုးအစားကတော့ 3.0L Four Cylinder Diesel Engine ဖြစ်ပြီး Transmission စနစ်ကတော့ အော်တိုဂီယာငါးချက် 5AT ECTC Electronically Controlled Transmission စနစ်(Sequential Shiff) ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၈၈ဝဝဝ ဝန်းကျင်ကျသင့်မှာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်လိုင်စင် ရရှိနိုင်ခြင်း မရှိသေးပါဘူး။ အာမခံဝန်ဆောင်မှုကတော့ သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းဖြစ်ပါတယ်။ Toyota ရဲ့ ပြည်တွင်း Authorized Dealer တွေဖြစ်တဲ့ Aye and Son, Toyota Mingalar စတဲ့ Toyota Showroom ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါ ကြောင်း။      

#YangonMediaGroup #FlowerNewsJournal

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616