HOT NEWS
Main menu
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တစ်နေရာတည်းတွင် စုဖွဲ့လုပ်ကိုင်မည့် Tourism Park ကို ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တစ်နေရာတည်းတွင် စုဖွဲ့လုပ်ကိုင်မည့် Tourism Park ကို ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

ရန်ကုန် ဧပြီ ၂၄

ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာလုပ်ငန်းများကို တစ်နေရာတည်းတွင် လုပ်ကိုင်နိုင်မည့် Tourism Park ကို ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း စတင်အ ကောင်အထည်ဖော်နိုင်ရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှဥက္ကဋ္ဌ ဦးရန်ဝင်း က ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှဥက္ကဋ္ဌဦးရန်ဝင်းက ' Tourism Park ဆိုတာ က  MICT Park လို အဆောက်အအုံ မျိုးဆောက် မှာကိုပြောတာ။ ရန်ကုန်မှာကခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို တစ်နေရာတည်းမှာ စုစည်းဆောင်ရွက်နိုင်တဲ့ နေရာမရှိ သေးဘူး''ဟု ဧပြီ ၂၄ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။


ယင်း Tourism Park တွင် ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များ၏ ရုံးခန်းများပါဝင်မည်ဖြစ်ပြီး မရမ်းကုန်းမြို့နယ်၊ လေဆိပ်လမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပိုင် မြေ နေရာတွင် အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်သည်။ ယခုအခါ အဆိုပါမြေနေရာတွင် ဝင်ရောက်နေထိုင်သူများရှိနေခြင်း ကြောင့် ဖယ်ရှားပေးရန်ညှိနှိုင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဝင်ရောက်နေထိုင်သူများ ရှင်းလင်းရေးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပြီး ပြောင်းရွှေ့စရိတ်များကို ထောက်ပံ့ပေးနိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးရန်ဝင်းက ဧပြီ ၂၄ ရက်တွင် ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။ ဝန်ကြီးဌာနပိုင် မြေနေရာတွင် ဝင်ရောက်နေထိုင်သူများကို ပြောင်း ရွှေ့ပေးရန် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့ အစည်းများက ယခုနှစ်သင်္ကြန် မတိုင်မီကာလက အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။
TTMT

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS