Wednesday, 08 November 2017 11:11

ရပ်/ကျေးအုပ်ချုပ်ရေးမှူး ချီးမြှင့်ငွေလုပ်ငန်း အသုံးစရိတ်ဖယ်ပါက ကွမ်းယာဖိုးသာကျန် ၊ ချီးမြှင့်ငွေပမာဏနည်းပါးခြင်းကြောင့် အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ရာတွင်လည်း အဂတိလိုက်စားမှုများရှိလာနိုင်ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဆို

Written by
Rate this item
(0 votes)

ရန်ကုန်၊ နိုဝင်ဘာ ၇ - ရပ်/ကျေး အုပ်ချုပ်ရေးမှူးများရရှိသည့် ချီးမြှင့် ငွေမှာ လုပ်ငန်းတာဝန်အရ အသုံး စရိတ်များကိုဖယ်လိုက်ပါက ကွမ်းယာ ဖိုးသာရှိကြောင်း သိရသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် လစဉ် ချီးမြှင့်ငွေမှာ ကျပ်ခုနစ်သောင်း ဖြစ်ပြီး ရုံးအသုံးစရိတ်အဖြစ်လစဉ် ကျပ်ငါးသောင်းဟု သတ်မှတ်ထား သည်။ ယင်းပမာဏမှာ နည်းပါး သကဲ့သို့ ရုံးအသုံးစရိတ်ကျပ် ငါး သောင်းဆိုသည်မှာလည်း အပြည့် မရဟုသိရကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ယင်းကဲ့သို့အခြေအနေများ ကြောင့် အုပ်ချုပ်ရေးမှူးများအ တွက် ချီးမြှင့်ငွေပမာဏကို တိုးမြှင့် ပေးသင့်ပြီး ယင်းသို့မဟုတ်ပါက အုပ်ချုပ်ရေးမှူးများ အသစ်ပြန် လည်ရွေးချယ်ရာတွင်လည်း အဂတိ လိုက်စားမှုများ ရှိလာနိုင်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

''ဆိုလိုတာကသူတို့ရဲ့ ရုံးပိုင်း ဆိုင်ရာလုပ်ငန်းတွေ သုံးတဲ့အခါ ကျရင် ရုံးသုံးစရိတ်ဆိုပြီးတော့ အထွေထွေအုပ်ချုပ်ရေးဌာနက သတ်မှတ်ပြီးတော့ ဘဏ္ဍာရေး အရ ခွဲဝေလျာထားပေးတာပါ။ ဒါပေမဲ့ လက်တွေ့မှာကသူတို့ရဲ့ ရုံးသုံးစရိတ်တွေ တော်တော်များ များက ဒီငါးသောင်းထဲကထုတ်ယူ သုံးစွဲလို့ မရတဲ့ပုံစံမျိုးရှိတယ်။ တစ် လစာတစ်လကို ရုံးသုံးစရိတ်ကို တင်ပြတောင်းခံတဲ့အချိန်မှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ နက ကြီးကြပ်ပေးရတဲ့အခါကျတော့ ထင်သလောက်မလွယ်ဘူး။ ရုံး သုံးစာရိတ်အတွက် ကျပ်ငါးသောင်း လျာထားပေမယ့် အပြည့်အဝရ တာမဟုတ်ဘူး''ဟု ဒေါက်တာ အောင်နိုင်ဦးက နိုဝင်ဘာ ၆ ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး များမှာ သက်ဆိုင်ရာမြို့နယ်အ လိုက်ပြုလုပ်သော စီမံခန့်ခွဲရေး ဆိုင်ရာအစည်းအဝေးများတက် ရပြီး မိမိရပ်ရွာမှ မြို့ပေါ်သို့သွား လာရခက်ခဲလျှင် ခက်ခဲသလို ခရီး စရိတ်ပိုမိုကုန်ကျကြောင်း ထို့ပြင် ရပ် ရွာဖွံ့ဖြိုးရေး၊ သာရေးနာရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသုံးစရိတ် များလည်းရှိခြင်းကြောင့် မိသားစု အားထောက်ပံ့ဖို့ရာ မည်သို့မျှမဖြစ် နိုင်ကြောင်း ¤င်းက ပြောသည်။

''သာမန်အုပ်ချုပ်ရေးမှူး တစ်ယောက်က သူ့မှာငွေကြေး ပြည့်စုံတယ်။ နောက်ခံစီးပွားရေး တောင့်တင်းတယ်ဆိုရင် အဂတိလိုက်စားမှုဆိုတဲ့ အချက်ကိုသူ ဘာမှပူစရာမလို ဘူးပေါ့နော်။ သို့ သော်လည်းရပ်ရွာမှာ အေးအေး ဆေးဆေးနေထိုင်တဲ့ သူတစ် ယောက်၊ စီးပွားရေးနောက်ခံမရှိ တဲ့လူ တစ်ယောက်အတွက် သူ အုပ်ချုပ်ရေးမှူးဖြစ်လာရင် သူဘယ် လိုရပ်တည်မလဲဆိုတာ ပြောစရာ ရှိလာတယ်။ နောက်တစ်ခုက လူ ကြီးတွေလာမယ်။ လူကြီးဆိုတာက ဌာနဆိုင်ရာပဲဖြစ်ဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ပြည်နယ် အဆင့်အကြီးအကဲပဲဖြစ်ဖြစ် အ စိုးရအဖွဲ့ဝင်တွေလာပြီဆိုရင် ဧည့် ခံကျွေးမွေး လုပ်ပေးရတာတွေ အ များကြီးရှိပါတယ်''ဟု ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇော်မျိုးက ချီးမြှင့် ငွေနည်းပါးလှသဖြင့် ရပ်ရွာအကျိုး သယ်ပိုးလိုသော ဘွဲ့ရများအနေ နှင့် စီးပွားရေးနောက်ခံမရှိပါက အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင် ရန်မဖြစ်နိုင်ကြောင်း ပြောသည်။

သုံးခွမြို့နယ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် နိုင်က ယခင်က အုပ်ချုပ်ရေးမှူးအပြင် အဖွဲ့ဝင်နှစ်ယောက်ဖြင့် ဆောင်ရွက်ရသော်လည်း လက်ရှိ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေးမှူးတစ် ယောက်တည်းသာ ဆောင်ရွက်ရ ကြောင်း ရပ်ကွက်ကောင်းရန် ဆောင်ရွက်လိုစိတ်မရှိပါက ရရှိ နေသည့်ချီးမြှင့်ငွေဖြင့် အဆင်မပြေ နိုင်ကြောင်း ပြောသည်။

''ပွင့်ပွင့်လင်းလင်းပြောရရင် ချီးမြင့်ငွေက လမ်းစရိတ်နဲ့ ကွမ်းယာဖိုးပဲရှိပါတယ်။ နောက်ခံအင်အား မရှိရင်တော့ ဒီငွေကြေးနဲ့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ ဆို တောပိုင်းဆိုတော့ ပိုဆိုးတယ်။မြို့ထဲကို တစ်ခါတစ်ခါတက်ဖို့ကို စရိတ်ကမနည်းဘူး။ ဌာနဆိုင်ရာ တွေကခေါ်ပြီဟေ့ဆို ကိုယ်ပိုင် ဆိုင်ကယ်မရှိဘူးဆိုရင် ကယ်ရီငှား ရတယ်ဆိုရင် အသွားအပြန် သုံး ထောင်လောက်ကုန်တယ်'' ဟု တွံ တေးမြို့နယ်၊ အုန်းပင်ချောင်ကျေး ရွာမှ အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာက ပြောသည်။

ကျောက်တံတားမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အဂတိလိုက်စားမှု မှာ လစာအနည်းအများထက် လူအပေါ်မူတည်ကြောင်းပြောသည်။

ချီးမြှင့်ငွေပမာဏနည်းပါးခြင်း ကြောင့် လက်ရှိချီးမြှင့်ငွေထက် ပို မိုတိုးပေးစေလိုသည့် ဆန္ဒရှိကြောင်း သို့သော် အဂတိလိုက်စားချင်သည့် အုပ်ချုပ်ရေးမှူးများမှာလည်း ချီး မြှင့်ငွေများစွာရရှိလည်း လိုက်စား မည်သာဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)တိုင်းလွှတ်တော်ကိုယ် စားလှယ်ဦးညီညီက ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၏ ညွှန်ကြားမှုဖြင့် ရပ်/ကျေးအုပ် ချုပ်ရေးမှူးများကို နိုဝင်ဘာလမှ စတင်ကာ ငါးလအတွင်းရွေးကောက် ပွဲများကျင်းပကာ ရွေးချယ်သွား မည်ဖြစ်ကြောင်းသိရသည်။

AL, DemocracyToday

Read 710 times
Login to post comments