HOT NEWS
Main menu
adv
လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ခန်းစာများကို အခန်းကုန်သင်ကြားမှသာ ၂ဝ၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်မည်ဟုဆို

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ခန်းစာများကို အခန်းကုန်သင်ကြားမှသာ ၂ဝ၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၄

လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့်၌ သင်ခန်းစာများကို အခန်းကုန် သင်ကြားမှသာ ၂ဝ၁၇တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အောင် မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။ပညာရေးဝန်ကြီးဌာနမှ လာမည့်ပညာသင်နှစ်ဖြစ်သော၂ဝ၁၆-၁၇ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့် စာမေးပွဲမေးခွန်းပုံစံကို ပြောင်းလဲရန်အတွက် အကြမ်းဖျင်း ညွှန်ကြားချက် ထားရှိရာ အဆိုပါညွှန်ကြားချက်အရ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ အားသင်ကြားရာတွင် သင်ခန်းစာများကို အစအဆုံးသင်ကြားနိုင်မှသာ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ကို အောင်မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်း ပုံစံသည် တွေးခေါ်စဉ်းစားသည့်အ ပိုင်းကိုမူတည်ပြီး မေးမြန်းသည့်မေး ခွန်းပုံစံအဖြစ် ပြောင်းလဲမည်ဖြစ် ကြောင်း တိုင်းဒေသကြီးပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။


''ကလေးတွေကို သင်ခန်းစာအစ အဆုံးသင်နိုင်မှ စာမေးပွဲဖြေနိုင်မယ့် မေးခွန်းပုံစံကို ပြောင်းလဲမယ်လို့တော့ ကြားထားတယ်။ ပြီးတော့ စဉ်းစားဥာဏ်ကို ပိုပြီးဦးစားပေးထားမယ်လို့လည်းသိရတယ်။ သေချာညွှန် ကြား ထားတာမျိုးတော့မရှိသေးဘူး။ အတန်းတင်စာမေးပွဲမတိုင်ခင် ကလေး တွေကို လေ့ကျင့်ပေးမယ့်စာမေးပွဲ တွေလည်း လုပ်မယ်လို့သိရတယ်''ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လာမည့်ပညာသင်နှစ်ဖြစ်သော ၂ဝ၁၆-၁၇ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း မေးခွန်းများအားလုံးကို ပုံစံပြောင်းမည်ဟုညွှန်ကြားထားပြီး မေးခွန်းတစ်စုံတည်းသာ ဆက်လက်ထုတ် မထုတ်နှင့် ပြောင်းလဲ မည့်ပုံစံ အစီအစဉ်အသေးစိတ်ကိုမူ ညွှန်ကြားခြင်းမရှိသေးကြောင်း၊ ယင်းအပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးပါကလည်း အထက်တန်းပြ(ကာယ) ဆရာများကို လုံးဝမထည့်သွင်းရန်ညွှန်ကြား ထားကြောင်းလည်း သိရသည်။


''ဆယ်တန်းနဲ့ပတ်သက်ပြီး မေးခွန်းပြောင်းမယ်လို့ပဲ သိရသေးတယ်။ ဆရာတွေကိုလည်း မေးခွန်းပြောင်းမယ် သေချာသင်ကြဖို့ ကျောင်းမဖွင့် ခင်တွေ့ဆုံပွဲမှာ မှာကြားမှာပါ''ဟု တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးမှ ပညာရေးမှူးဦးစိန်ထွန်းလှက ပြောသည်။ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်းတွင် စစ်ဆေးသောမေးခွန်းများကို လွန်ခဲ့သည့်၁ဝနှစ်ခန့်က တိုင်းဒေသကြီး၊ ပြည်နယ်၁၄ ခုကို မေးခွန်း ၁ဝ စုံပြုစု ပြီး မေးမြန်း စစ်ဆေး ခြင်းပြုလုပ်ခဲ့သလို ၂ဝ၁၅ခုနှစ်တွင် တစ်နိုင်ငံလုံးကို မေးခွန်းတစ်စုံတည်း သာမေးမြန်းသည့်ပုံစံကို ပြောင်းလဲ ထားခဲ့ကြောင်းသိရသည်။ တက္ကသိုလ်ဝင်တန်းကို မေးခွန်း ၁ဝစုံဖြင့် နောက်ဆုံးစစ်ဆေး ခဲ့သော ၂ဝ၁၄ ခုနှစ်က ထက် မေးခွန်းတစ်စုံတည်းစစ်ဆေး ခဲ့သော ၂ဝ၁၅ခုနှစ် တွင် တက္ကသိုလ် ဝင်တန်းအောင်ချက်များ မြင့်မားခဲ့ ကြောင်းသိရသည်။    

ATK

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS