HOT NEWS
Main menu
ခွင့်ပြုချက်မရသေးဘဲ လှိုင်သာယာတွင် စက်သုံးဆီဆိုင်တည်ဆောက်နေမှု စည်ပင်နှင့်ဒေသခံများကန့်ကွက်

ခွင့်ပြုချက်မရသေးဘဲ လှိုင်သာယာတွင် စက်သုံးဆီဆိုင်တည်ဆောက်နေမှု စည်ပင်နှင့်ဒေသခံများကန့်ကွက်

ရန်ကုန်၊ ဧပြီ ၂၅

ပုဂ္ဂလိကကုမ္ပဏီမှ ဆောက်လုပ်ခွင့်ပါမစ်မရရှိသေးဘဲ လှိုင်သာယာ လူနေရပ်ကွက်အတွင်း စက်သုံးဆီဆိုင်တည်ဆောက်နေမှုကို စည်ပင်နှင့် ဒေသခံပြည်သူများက ရပ်ဆိုင်းရန်ကန့်ကွက်ခဲ့ကြောင်းသိရသည်။ လှိုင်သာ ယာမြို့နယ်၊ (၈)ရပ်ကွက် မကွေးလမ်း၊ ဦးပုညလမ်း၊ ပဒေသာ(၁)လမ်းနှင့် ပဒေသာပတ်လမ်းတို့၏ လမ်း လေးလမ်းခွဆုံတွင်  ပုဂ္ဂလိကကုမ္ပဏီမှ စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုကို ဧပြီ ၂၅ ရက် နံနက်ပိုင်း က ဒေသခံရပ်မိရပ်ဖများ နှင့် စည်ပင်မှတာဝန်ရှိသူများလာ ရောက်ကန့်ကွက်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


''အခုတူးနေတဲ့ဆီကန်က လူ နေအိမ်တွေနဲ့ ပေ ၄ဝ လောက်ပဲကွာတယ်။ အခြားအဆောက်အအုံဆို ခွင့်ပြုနိုင်တယ်။ ဆီကျတော့ အခုလို အရမ်းပူနေတဲ့အချိန်မှာ မီးလောင် တာပဲဖြစ်ဖြစ်၊ ထဖြစ်ရင် တစ်ရပ်ကွက် လုံး ကုန်မဲ့ကိန်းပဲ။ ဒါကြောင့် ဆီဆိုင်နဲ့ပတ်သက်ပြီး ခွင့်မပြုနိုင်ဘူး။ ကျွန် တော်တို့ကတော့ လုံးဝကန့်ကွက်သွားမယ်''ဟု ပဒေသာ(၁)လမ်းတွင်နေထိုင်သည့် ဦးခင်မောင်အေးက ဧပြီ ၂၅ ရက်က ဒီမိုကရေစီတူဒေး သတင်း စာသို့ ပြောသည်။ လူနေရပ်ကွက်အတွင်း အလုပ် လုပ်မည့်စက်ရုံဆိုပါကလည်း လက်ခံမည်မဟုတ်ကြောင်း အဆိုပါဆီဆိုင် ဆောက်လုပ်မှုကို ၂ဝ၁၃ ခုနှစ်တွင် တစ်ကြိမ်ကန့်ကွက်ခဲ့သဖြင့် ရပ်ဆိုင်း ခဲ့ပြီး ယခုတွင် ထပ်မံအကောင်အ ထည်ဖော်ခြင်းဖြစ်ကြောင်း ဦးခင် မောင်အေးကဆိုသည်။


''အခုလိုဆီဆိုင်ဆောက်မယ့် လုပ်ငန်းရပ်ဆိုင်းပေးဖို့ လှိုင်သာယာ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ဒီနေ့ပဲစာတင်ပါပြီ။ ရပ်ကွက်နေ ပြည်သူတွေရဲ့ ကန့်ကွက်တဲ့လက် မှတ်တွေထိုးပြီးတင်တာပါ။ အဲ့ဒီလိုမှ မရရင် ကျွန်တော်တို့ကတော့ ဆန္ဒပြသွားမယ်''ဟု ဦးပုညလမ်းတွင် နေထိုင်သည့် ဦးကျော်မင်းဦးကဆိုသည်။ အဆိုပါရပ်ကွက်တွင်ယခင် မီးလန့်ခြင်းများရှိခဲ့ပြီး ယခုဆောက်မည့် ဆီဆိုင်၏ဆီသိုလှောင်ကန်များသည် ရပ် ကွက်လူသွားလမ်းနှင့် ၁၅ ပေ ကျော်ခန့်သာကွာဝေးကြောင်း၊ ယခု နှစ်ရာသီတွင် မကြာခဏမီးလောင် မှုများဖြစ်ပွားနေသည့်အတွက် ယခုဆီဆိုင်သည် ရပ်ကွက်နေပြည်သူများအတွက် ကြီးမားသည့် အန္တရာယ်ဖြစ် လာ နိုင်သဖြင့် တားမြစ်ရခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများကဆိုသည်။ အဆိုပါ ဆီဆိုင်တည်ဆောက်မှုအတွက် လှိုင်သာယာမြို့နယ်စည် ပင်သာယာရေးဦးစီးဌာန၏ တရားဝင်ခွင့်ပြုချက်မရရှိသေးဘဲ တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။


''ကျွန်တော်တို့ဆီမှာ ဆောက်လုပ်ခွင့်တင်ထားတုန်းပါ။ ခွင့်ပြုမိန့် ပြန်မချပေးသေးပါဘူး။ ဒါကြောင့် အခုလုပ်ငန်းဆောက်လုပ်နေတာကို ခဏရပ်ဆိုင်းပေးပါ။ တာဝန်ခံကိုလည်း ကျွန်တော်တို့က ခေါ်တွေ့မှာ ပါ''ဟု လှိုင်သာယာမြို့နယ်စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းတစ်ဦးက လာရောက်တားမြစ်ရာတွင် ပြောဆိုခဲ့သည်။ ဧပြီ ၂၁ ရက် ည ၁၁ နာရီမှစ၍ အဆိုပါဆီဆိုင်တည်ဆောက် ရန်မြေညှိခြင်း၊ မြေ တူးခြင်း၊ အုတ်၊ သဲများချခြင်းလုပ်ငန်းများကို အလုပ်သမား ၂ဝ ကျော်ဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဒေသခံများတို့မှသိရသည်။ ဆီဆိုင်တည်ဆောက်မှုနှင့်ပတ်သက်၍ ဦးဆောင်လုပ်ကိုင်နေသူ ဦးနိုင်ဌေးက ''ကျွန်တော်က ကျွန်တော့် သူဌေးကခိုင်းတဲ့အတိုင်း လုပ်တာပါ။ ကျန်တာတော့ ကျွန်တော်လည်းမသိပါဘူး။ အခုလိုတားမြစ်မှုတွေရှိလာ ပြီဖြစ်တဲ့အတွက် ကျွန်တော့်သူဌေးကို ပြန်ပြောပြမှာပါ။ သူဌေးက မန္တလေး မှာ နေတာပါ''ဟု လာရောက်ကန့်ကွက် သူများနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြောသည်။ 

ZCH

#Democracy Today

Rate this item
(3 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS