Main menu
HOT NEWS
adv
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာတောင်တက်သမားသုံးဦး အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိ တက်ရောက်နိုင်ပြီဖြစ်

ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာတောင်တက်သမားသုံးဦး အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိ တက်ရောက်နိုင်ပြီဖြစ်

ရန်ကုန်၊ ဧပြီ-၂၅

ကမ္ဘာ့အမြင့်ဆုံး တောင်ထွတ်သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံမှတောင်တက်သမား သုံးဦးသည် အမြင့်ပေ ၂၁ဝဝဝ မြင့်သည့် Camp 2 အထိတက်ရောက် နိုင်ခဲ့ပြီဖြစ်ပြီး ထပ်မံ၍အမြင့်ပေ ၂၃၆၂၅ ပေမြင့်သော Camp 3 သို့ တက်ရောက်လေ့ကျင့်သွားမည်ဖြစ် ကြောင်းသိရသည်။ ဧဝရက်တောင်သို့ တက်ရောက် နေသည့်မြန်မာနိုင်ငံသား တောင် တက်သမားများဖြစ်သည့် ကိုညီညီ အောင်(ဒိုးလုံး)၊ ကိုပြည့်ဖြိုးအောင် (poepin)နှင့် ကိုဝင်းကိုတို့သုံးဦး သည် ယခုအခါတွင် Camp 2 အထိ တက်ရောက်လေ့ကျင့်ခဲ့ပြီး ဖြစ်ရာ ဧဝရတ်တောင်ခြေစခန်းသို့ ပြန်လည် ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ ၎င်းတို့တက်ရောက်ခဲ့သည့် Camp 2 သည် မြန်မာနိုင်ငံရှိခါကာဘိုရာဇီ တောင်ထက်ပိုမြင့်ကြောင်း ဧဝရက် တောင်တက်သမားများအကြောင်း နှင့် ပတ်သက်ပြီးဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Myanmar Flag on Everest စာမျက်နှာ၏ ဧပြီ၂၅ရက်နေ့ အချက်အလက်များ အရသိရသည်။


ယင်းနှင့်ပတ်သက်ပြီး ဧဝရက် တောင်သို့တက်ရောက်ရန် ကူညီ ထောက်ပံ့သည့် ထူးဖောင်ဒေးရှင်းမှ စီအီးအိုဦးပေါ်မြင့်ဦးက ''အန်ကယ် တို့ကလည်း သူတို့အင်တာနက်ပေါ် တင်တဲ့သတင်းတွေကိုပဲ ကြည့်နေရ ပါတယ်။ သူတို့လက်ရှိရောက်နေ တဲ့အနေအထားနဲ့ပတ်သက်ပြီး သီး သန့် သတင်းရထားတာမျိုးမရှိပါဘူး'' ဟု ဧပြီ ၂၅ရက်နေ့က ဒီမိုကရေစီတူ ဒေးသတင်းစာသို့ ပြောသည်။
လက်ရှိတွင် အဆိုပါတောင် တက်သမားများအနေဖြင့် ကျန်းမာ ရေးကောင်းမွန်လျက်ရှိပြီး၊ ဧဝရက် တောင်ခြေစခန်းတွင်သုံးရက် အ နားယူပြီး အမြင့်ပေ ၂၃၆၂၅ ပေ မြင့်သော Camp 3 သို့ ဆက်လက် တက်ရောက်ကာ လေ့ကျင့်မှုပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ယင်းဧဝရက် တောင်သို့ တက်ရောက်မည့်တောင် တက်သမားသုံးဦးသည် တောင်တက် သည့်အတွေ့အကြုံ ဆယ်နှစ်ကျော် ရှိသူများဖြစ်ကြောင်းသိရသည်။


အဆိုပါ တောင်တက်သမားတို့သည် ဧပြီလ ၁၁ ရက်နေ့တွင် ဧဝရက် တောင်၏ တောင်ခြေစခန်းအမြင့်ပေ ၁၇၅ဝဝ သို့ရောက်ရှိခဲ့ကြောင်း၊ ဧပြီ  ၂၁ ရက်တွင် တောင်တက်စခန်း(၁)သို့ တက်ရောက်ကြောင်း၊ ဧပြီ ၂၂ ရက်တွင်တောင်တက်စခန်း(၂)သို့ တက်ရောက်ခဲ့ကြောင်း၊ ဧပြီ ၂၃ ရက်တွင် တောင်ခြေစခန်းသို့ ပြန်လည်ဆင်းသက်ကြမည်ဖြစ်ပြီး၊  နောက်သုံးရက်အကြာတွင် တောင်တက်စခန်း (၃) ကို တက်ရောက်ခြင်း ဖြင့်လေ့ ကျင့်မှုများကို ပြုလုပ်သွား မည်ဖြစ်ကြောင်း ဧဝရက်တောင်တက်သမားများအကြောင်းနှင့် ပတ်သက်ပြီးဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်စာ မျက်နှာMyanmar Flag on Everest စာမျက်နှာ မှ သိရသည်။


အဆိုပါ ဧဝရက်တောင်ထိပ် ထက်သို့ တက်ရောက်မည့်ခရီးစဉ်ကို မတ်လ ၂၆ရက်တွင် စတင်ခဲ့ပြီး၊ အဆိုပါ ဧဝရက်တောင်ထိပ်သို့တက် ရောက်နိုင်ရန်အတွက် အချိန်အား ဖြင့် ရက်ပေါင်း ၆ဝ ကျော် ကြာမြင့် နိုင် မည်ဟုခန့်မှန်းထားကြောင်း၊ ၎င်းတို့၏ ဧဝရက်တောင်တက်ခရီးစဉ်၏ အဓိကရည်ရွယ်ချက်များမှာ မြန် မာနိုင်ငံအလံအား ကမ္ဘာ့အမြင့်ဆုံး တောင်ထိပ်တွင် လွှင့်ထူနိုင်ရေး၊ နီပေါ နိုင်ငံ၏ Eco-tourism လုပ်ငန်း အားလေ့လာနိုင်ရန်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းဆိုင် ရာများကို လေ့လာရန်ဖြစ်ကြောင်း သိရသည်။              

MMA

#Democracy Today

Rate this item
(4 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616