Thursday, 09 November 2017 11:35

ပျော်ပွဲစားအလို့ငှာ ဝိုင်းဖွဲ့၍ ခေါင်ရည်အတူသောက်သည့် မိန်းကလေးတစ်ဦး အမူးလွန်သွားစဉ် အဓမ္မပြုကျင့်ခံရ

Written by စိုးမြစိုး( မုံရွာ )
Rate this item
(0 votes)

ဟုမ္မလင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်တွင် ပျော်ပွဲစားအလို့ငှာ ဝိုင်း ဖွဲ့၍ ခေါင်ရည်အတူသောက်သည့် မိန်းကလေး တစ်ဦး အမူးလွန်သွားစဉ် အဓမ္မပြုကျင့်ခံခဲ့ရ သဖြင့် နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက ဟုမ္မလင်း မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြား ခဲ့ကြောင်း သိရသည်။


ဟုမ္မလင်းမြို့နယ် ကက်သာကျေးရွာနေ ထိုင်သူ ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် တန်ဆောင်မုန်းလပြည့်ည ၆ နာရီခွဲ ခန့်က ပျော်ပွဲစားရန်အလို့ငှာ တစ်ရွာတည်း နေ ဒေါ်မဲတူ၏နေအိမ်၌ ကျော်စွာဦး(ခ)ငပွား အပါဝင် အခြား အသိမိတ်ဆွေခြောက်ဦးနှင့်အတူ ခေါင်ရည်အတူသောက်ခဲ့သည်။

ထိုသို့ အတူသောက်ခဲ့ရာမှ ည ၁ဝ နာရီ ခွဲခန့်တွင် အဆိုပါအမျိုးသမီးမှာ အမူးလွန်ကာ သတိလွတ်ချင်သလိုဖြစ်လာသဖြင့် နေအိမ်သို့ပြန်လာခဲ့ရာတွင် ၄င်းနှင့် ခေါင်ရည် အတူသောက်ခဲ့သူ ကျော်စွာဦး(ခ)ငပွားမှာ အနောက်မှလိုက်လာပြီး သူ့နောက်သို့ လိုက်ခဲ့ရမည်။ မလိုက်ပါက သတ်ပစ်မည်ဟု အတင်း ဆွဲခေါ်ခဲ့ကာ ချင်းတွင်းမြစ်ဘေးရှိ ညောင်ပင် အောက်အရောက်တွင် အလိုမတူဘဲ သားမ ယားပြုကျင့်ခဲ့သည်ဟု ပြစ်မှုကျူးလွန်ခံရသူ ၏ အစစ်ခံချက်အရ သိရသည်။

''တန်ဆောင်တိုင်လပြည့်ညမှာ အပျော်လွန်ပြီး ခေါင်ရည်သောက်ကြတာက စဖြစ်တာလေ။ ကောင်မလေး အမူးလွန်နေတော့ ပြစ်မှုကျူးလွန်ဖို့ အခွင့်အရေးရသွားတာပေါ့။ အခုခေတ်မိန်းကလေးတွေ သတိထားဆင် ခြင်ရမယ့်အချက်ပဲ အချိန်မတော် သူစိမ်းအမျိုးသားနဲ့ ယမကာ မူးအောင်သောက်မှတော့ အခွင့်အရေးသမား အကြိုက်ဖြစ်သွားတာပေါ့'' ဟု ကက်သာရဲကင်းစခန်းမှူး ရဲအုပ်သောင်း ထက်အောင်က ပြောသည်။

အဆိုပါ ပြစ်မှုဖြစ်စဉ်အား ပြစ်မှုကျူးလွန်ခံရသူ အမျိုးသမီးကိုယ်တိုင် တရားလိုပြုလုပ် တိုင်တန်းချက်အရ ပြစ်မှုကျူးလွန်သူ ကျော်စွာဦး(ခ) ငပွားအား ဟုမ္မလင်းမြို့မရဲစခန်း အမှု ကြီး အမှတ်စဉ် ၆/၁၇(ပ)၅ဝ၈/ ၁၇ ရာဇ သတ်ကြီးပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ကာ ဒုတိယရဲမှူးကြည်စိုးမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Read 425 times
Login to post comments