Main menu
HOT NEWS
adv

ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန် သမ္မတရုံးအကြောင်းကြား

ရန်ကုန်၊ ဧပြီ ၂၆

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ပြန်လည်ရွေးချယ်ရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားထားကြောင်းသိရသည်။ ရပ်ကွက်သို့မဟုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပြန်လည် ရွေးချယ် ရန် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဧပြီ ၂၂ ရက် ရက်စွဲဖြင့် အကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်မြင့်က ''ပြန်လည်ရွေး ချယ်ခန့်အပ်တာဝန် ပေးဖို့ ဧပြီ ၂၂ ရက်က တိုင်းအစိုးရ အဖွဲ့ကို ညွှန်ကြားချက်ရောက်ပါတယ်။ ညွှန်ကြားချက်ရတဲ့အချိန်ကစပြီး ပြန် လည်ရွေးချယ်ဆောင်ရွက်ဖို့ ညွှန်ကြား ထားပါတယ်''ဟု ပြောသည်။


ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးသန်းဆွေဝင်းက ''ညွှန်ကြားချက်ကတော့ ရောက်ပါပြီ။ ရောက်ပေမယ့် အရင်ကရွေးပြီးသားဆိုတော့ ဝန်ကြီးချုပ်ဆီတင်ထားတယ်။ ကျွန်တော်တို့ပြည်နယ် က သေးသေးလေးဆိုတော့ ကျန်တာမရှိပါဘူး။ တစ်ခုတော့ရှိတယ်။ လွိုင်ကော်က အသစ်တိုးချဲ့တဲ့ ငါးရပ်ကွက်လောက် တော့ ကျန်နေတယ်။ ကျန်တာတွေက တော့ အရင်မတိုင်ခင် လွှတ်တော် သက်တမ်းအပြီး အရင်အစိုးရ သက်တမ်းမကုန်ခင်က ပြည်ထဲရေးက ညွှန်ကြားချက်အတိုင်းရွေးတာပါ။ လက်ရှိ ညွှန်ကြားချက်အရတော့ အသစ်ပြန်ရွေးဖို့ကတော့ ဝန်ကြီးချုပ် သဘောထားမေးရဦးမယ်။ အရင်က လုပ်ထုံးလုပ်နည်း အတိုင်း ရွေးထား တာပဲလေ''ဟု ပြောသည်။


မန္တလေးတိုင်းဒေသကြီး အစိုး ရအဖွဲ့အတွင်းရေးမှူး ဦးဝင်းရှိန်က ''ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဧပြီ ၁ ရက်ကတည်းက ခန့်ထားပြီးပါပြီ။ အသစ်ပြန်ရွေးဖို့မရှိပါဘူး'' ဟု ပြောသည်။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ် ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် ပြည်သူ့လွှတ်တော်သက်တမ်းနှင့်အညီဖြစ်သည်ဟု ပြဋ္ဌာန်းခဲ့သည်။ သာကေတမြို့နယ်အမှတ်(၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ''မြို့နယ်ကနေ အန်ကယ်တို့ကို ဘာမှပြောထားတာမရှိသေးဘူး။ မြို့ နယ်ရုံးမှာ မွမ်းမံသင်တန်းနှစ်ရက်ပေး နေတာပါ။ ခန့်အပ်လွှာကိုလည်း ဒီ ဧပြီလဆန်းပိုင်းက ပေးထားတာပါ။ သာကေတမှာတော့ ရပ်ကွက်တွေ အကုန်လုံးရွေးပြီးနေပါပြီ''ဟု ပြောသည်။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်ကြောင်း ''ရပ် ကွက်သို့မဟုတ်ကျေးရွာအုပ်စု အုပ် ချုပ်ရေးဥပဒေ''ကို ၂ဝ၁၆ ခုနှစ် ဇန်န ဝါရီလ ၂၁ ရက်နေ့တွင်  ပြင်ဆင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။


ယင်းဥပဒေ ပြင်ဆင်ပြဋ္ဌာန်းချက်အရ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်း တာဝန်ထမ်းဆောင်ကြရမည် ဖြစ်၍ အများပြည်သူကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့်ပုဂ္ဂိုလ်များကိုသာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ခန့်အပ်ရန် အကြောင်းကြားထားသည်။ ယခင်ပြဋ္ဌာန်းချက်အရ အချို့မြို့နယ်များရှိရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ရပ်ကွက်အုပ် ချုပ်ရေး မှူးများကို ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ ရွေးချယ်မှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။      

HM

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616