Tuesday, 05 December 2017 12:18

အစိုးရ နည်းပညာ အထက်တန်းကျောင်း (မကွေး) တွင် အသက်မွေးဝမ်းကျောင်း သင်တန်းများ အခမဲ့ သင်ကြားပေးမည်

Written by ZZ
Rate this item
(0 votes)

မကွေး၊ ဒီဇင်ဘာ ၎

 

မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)တွင် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ (ကာလတို) အသက်မွေးဝမ်း ကျောင်းသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း အဆိုပါအထက်တန်း ကျောင်းမှသိရသည်။ အဆိုပါ အထက်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများတွင် ပညာအရည်အချင်း လေးတန်းအောင်မြင်သူများအတွက် ဆိုင်ကယ်ပြင်သင်တန်း ပန်းရံသင်တန်း၊ Basic electronics  သင်တန်းနှင့် ဂဟေဆက်သင်တန်းများဖြစ်ပြီး ပညာအရည်အချင်းရှစ်တန်းအောင်မြင်သူများအတွက် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း သင်းတန်းနှင့် Computer basic သင်တန်းများဖြစ်ကာ ပညာအရည်အချင်း ၁ဝ တန်းအောင်မြင်သူများအတွက် English Speaking သင်တန်းများပါဝင်ကြောင်း အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)ကျောင်း အုပ်ကြီးဦးသက်နိုင်မှ ပြောကြားသည်။


''ယခုသင်တန်းများတွင် ကာလတိုသင်တန်းဆင်းလက်မှတ်အပြင် သင်တန်းသား/သူတွေထဲက National Skill Standards Authority (NSSA) အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပါရ ရှိအောင် ဖြေဆိုမယ့်သူတွေကို ဖြေဆိုနိုင်အောင် ကြိုတင်လေ့ကျင်သင် ကြားပေးသွားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်ရင် အလုပ်အကိုင်ရဖို့ လွယ်ကူတဲ့အတွက် English Speaking သင်တန်းကို ဒီနှစ်မှာ သင်တန်းအသစ်အနေနဲ့ ဖွင့်ပေးပါတယ်။ သင်တန်းသားလျှောက်ထားနိုင်ဖို့ အသက်အရွယ်ကန့်သတ်ချက်မရှိပါဘူး''ဟု ၎င်းကပြောသည်။ ယင်းသင်တန်းများကို ၂ဝ၁၅ ခုနှစ်မှစ၍ သင်တန်းများဖွင့်လှစ် သင်ကြားပေးခဲ့ပြီး ဆိုင်ကယ်ပြင်သင်တန်းမှ သင်တန်းသား ၁၂ ဦး၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းမှ သင်တန်းသား ၂၁ ဦး၊ compu ter basic သင်တန်းမှ သင်တန်းသား ၄၈ ဦး၊ ဂဟေဆက်သင်တန်းမှ သင်တန်းသား ၂၄ ဦး၊ မွေးထုတ်ပေးထားခဲ့ကာ ယခုလက်ရှိဆိုင်ကယ် ပြင်သင်တန်းအပတ်စဉ် (၂) တွင် သင်တန်းသား ၁၈ ဦး ပညာသင် ကြားနေဆဲဖြစ်ကြောင်း သိရသည်။


သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ အစိုးရနည်းပညာ အထက်တန်းကျောင်း (မကွေး)၊ ကျောင်းသားရေးရာဌာနသို့ စာရင်း ပေးသွင်းလျှောက်ထားနိုင်ပြီး ရပ်ဝေးမှ သင်တန်းတက်ချင်သူများ သင်တန်းသားဖောင်ထုတ်ယူရန် အခက်အခဲရှိပါက ဖုန်းဖြင့်ကြိုတင်စာရင်း ပေး၍ သင်တန်းတက်သည့်အခါမှ ဖောင်ဖြည့်တက်ရောက်နိုင်ကြောင်း၊ ဆိုင်ကယ်ပြင်သင်တန်းကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် HELVETAS Myanmar NGO အဖွဲ့အစည်း(မင်းလှ)၏ ထောက်ပံ့ကူညီမှု ဖြင့် ဦးမြင့်အောင်၊ ရန်ကုန်ဆိုင်ကယ် ပြင်ဆိုင် (မင်းလှ) တို့ပူးပေါင်းပါဝင်ပြီး သင်တန်းကာလ သုံးလကြာမြင့် မည်ဖြစ်ကာ နေထိုင်ရန်အဆောင် အခမဲ့စီစဉ်ပေးထားကြောင်း၊ အခြားသင်တန်းများမှ သင်တန်းကာလ တစ်လကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

 

 

ZZ

#democracytoday

Read 157 times
Login to post comments