Saturday, 21 October 2017 14:09

The Voice အစီအစဉ်တွင် အကဲဖြတ်ဒိုင်အဖြစ် အလိဆီယာကီးစ် ပြန်လာမည်

Written by
Rate this item
(0 votes)

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၂ဝ

 

အဆိုတော် အလိဆီယာကီးစ်သည် နာမည် ကျော်အဆိုပြိုင်ပွဲတစ်ခုဖြစ်သည့် "The Voice" အစီအစဉ်တွင် ပြန်လည်ပါဝင်လာတော့မည်ဖြစ် ကြောင်းသိရသည်။ အသက် (၃၆)နှစ်အရွယ်၊ ဂရမ်မီဆုရှင် အလိဆီယာသည် အက်ဒမ်လာဗိန်း၊ ဘလိတ်ခ်ရှယ်လ်တန်နှင့် ကယ်လီကလက်ဆန်တို့နှင့်အတူ NBC ရုပ်သံလိုင်းမှ ထုတ် လွှင့်မည့်အဆိုပြိုင်ပွဲ၏ အတွဲ (၁၄)တွင် ပါ ဝင်လာတော့မည်ဖြစ်ကြောင်း Deadline  မီဒီယာက ဖော်ပြသည်။

 

 

 

NBC အင်တာတိန်းမန့်မှ ဥက္ကဌ ပေါလ်တယ်လက်ဒီက ''ကျွန်တော်တို့ဟာ အလိဆီယာရဲ့ စွမ်းအင်တွေ၊ ပြိုင်ဆိုင်လိုတဲ့ စိတ်အင်အားတွေနဲ့ တောက်ပထက်မြက်တဲ့ အစွမ်းအစတွေကို ဝမ်းပန်းတသာနဲ့ ပြန်လည်ကြိုဆိုပါတယ်။ သူဟာ သူမတူတဲ့ စွမ်းဆောင်ရည်နဲ့ အနုပညာရှင်တွေကို ဘယ်လိုအနိုင်ရအောင် ကူညီပေးရမယ်ဆိုတာကို သိအောင် ကြိုးစားပေးတော့ မှာဖြစ်ပါတယ်။ အလိဆီယာ၊ ကယ်လီ၊ အဒမ်နဲ့ ဘလိတ်ခ်တို့ကြားက အချိတ်အဆက်ဟာ အတွဲ(၁၄)မှာ မျှော်မှန်းမထား နိုင်ရလောက်အောင် ထင်ရှားနေမှာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ 

 

အလိဆီယာသည် "The Voice"  အစီအစဉ် အတွဲ(၁၂)တွင် ကြီးကြပ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်း၏အသင်းမှ ခရစ်ဘလူးလ်မှာ ပထမဆုရှင်ဖြစ်ခဲ့သည်။ အသက် (၃၆)နှစ် အရွယ် အလိဆီယာသည် ဂရမ်မီဆု ၁၅ ဆုအပါအဝင် ဆုပေါင်းများစွာရရှိခဲ့ ပြီး ၎င်း၏ အယ်လ်ဘမ် ၃၅ သန်းကိုလည်း ရောင်းချခဲ့ရပြီးဖြစ်သည်။

 

Ref: PTI

 

Read 652 times
Login to post comments