HOT NEWS
Main menu
adv

မြန်မာနိုင်ငံ ဒေသအချို့၌ မိုးသီးများကြွေ၊ လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်

ရန်ကုန်၊ ဧပြီ ၂၂

မြန်မာနိုင်ငံ၏နေရာဒေသ အချို့တွင် ဧပြီ ၂၂ ရက်နေ့က လေပြင်းတိုက် ခတ်ခြင်း၊ မိုးသီးကြွေခင်းနှင့်မိုးရွာသွန်းခြင်းအစရှိသည့် ရာသီဥတုဖောက်ပြန်မှုများ ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ မိုးသီးကြွေခင်း၊ မိုး ရွာခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်ခြင်း အစရှိသည့် ရာသီဥတုဖောက်ပြန်မှုများကို လတ်တလော ကြုံတွေ့နေရသည့်ဒေသများမှာ ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်းဒေသ ကြီးအတွင်းရှိ မုံ ရွာ၊ ဘုတလင်၊ ဒီပဲယင်း၊ စစ် ကိုင်းမြို့နယ်၊ ကလေးမြို့၊ မန္တလေးတိုင်းဒေသ ကြီးအတွင်း၊ မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့၊ မြစ်သားမြို့၊ အမရပူရ၊ သပိတ်ကျင်းမြို့၊ ချင်းပြည်နယ် တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ကချင်ပြည် နယ် မိုးမိတ်မြို့ အစရှိသည်တို့ တွင်ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းဖြစ်စဉ်များကြောင့် သစ်ပင်သစ်ကိုင်းများကျိုးကျခြင်း၊ တယ်လီ ဖုန်းကြိုးများပြတ်တောက်ခြင်း၊ အရွယ်အစား ကြီးမားသည့် မိုးသီးမျာြးေ<ွကကျခြင်း၊ နေ အိမ်၊ ဘုန်းကြီးကျောင်း၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခြင်းနှင့် လူနှင့်တိရစ္ဆာန် သေ ဆုံးမှုများအထိဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

Read more...

ရန်ကုန်လေထုထဲတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအများဆုံးဖြစ်နိုင်သော ဓာတ်များ သတ်မှတ်စံညွှန်းထက် ပိုနေကြောင်းတွေ့ရှိ

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်စည်ပင် နယ်နိမိတ်တွင်း လေထုအရည်အ သွေးစစ်ဆေးတိုင်းတာချက်အရ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင် အောက်ဆိုဒ်၊ အမှုန်အမွှား (PM2.5) နှင့် (PM10) တို့သည် သတ်မှတ်စံချိန် စံညွှန်းထက် များနေသည်ကို တွေ့ရှိရကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။ ရန်ကုန်မြို့အတွင်း လေထုတိုင်း တာစက်များဖြင့်ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ကာဗွန်မိုနော့ဆိုဒ်၊ မီသိန်း၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်၊ ဆာလ ဖာဒိုင်အောက်ဆိုဒ်၊ အမှုန်အမွှား (PM2.5)၊ အမှုန်အမွှား (PM10), Relative Humidity,Wind Speed, နှင့်အပူချိန်တို့ကို ၂ဝ၁၅ ခုနှစ်ဖေ ဖော်ဝါရီလက စတင်ကာစောင့် ကြည့် လေ့ လာမှတ်တမ်းတင်ခဲ့မှုများအရ ယခုကဲ့သို့ လေထုအရည်အသွေး၏ အခြေအနေကို သိရှိရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်သန့်ရှင်းမှုဌာနမှ သိရသည်။

Read more...

ရန်ကုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ မဖြစ်ပွားသော်လည်း ဈေးကွက်အတွင်းရှိ ရောင်းချမည့် ကြက်သား၊ ဥများအား သက်ဆိုင်ရာအဖွဲ့အစည်းများ ပိုမိုစိစစ်ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကြက်ငှက်တုတ် ကွေးရောဂါဖြစ်ပွားခြင်းမရှိသေးဘဲ ဈေးကွက်အတွင်းရှိ ရောင်းချမည့် ကြက်သား၊ ဥများအား သက်ဆိုင်ရာအဖွဲ့အစည်းများက ပိုမိုစိစစ်မှုများ ဆောင်ရွက်လျက် ရှိကြောင်း အသားတိုးကြက်မွေးမြူထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဒေါ်လှလှသိန်းကဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွား နေသည့် ကြက်ငှက်တုပ်ကွေးရောဂါသည် စစ်ဆေးချက်များအရကြက် အချင်းချင်း ကူးစက်သည့်ရောဂါ ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း စားသုံးမှုနှင့် လက်ကား ဈေးနှုန်းများ ကျဆင်းခြင်းမရှိသော် လည်း ခြံဖမ်းဈေးနှုန်းများ အနည်းငယ် ကျဆင်းလာကြောင်း သိရသည်။

Read more...

အပူချိန်မြင့်တက်မှုကြောင့် ယခင်နှစ်ထက် သေဆုံးသူများပြား အခေါက်ရေပိုမိုပို့ဆောင်ပေးနေရဟုဆို

ရန်ကုန်၊ ဧပြီ ၂၂

အပူချိန်မြင့်တက်လာချိန်တွင်သေဆုံးသူများပြားသည့်အတွက် နာရေးပို့ဆောင်သည့်လမ်း ကြောင်း ယခင်နှစ်ထက် အခေါက်ရေ ပိုမိုပို့ဆောင်ပေးနေရကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှသိရသည်။ ယခင်နှစ်နွေ ရာသီတွင် နာရေးပို့ဆောင်ပေးရသည့်လမ်းကြောင်းမှာတစ်နေ့လျှင် အခေါက်ရေ ၂ဝ နှင့်  ၃ဝ ကြားတွင်သာရှိပြီး ယခုနှစ်တွင် တော့တစ်နေ့လျှင် နာရေးပို့ဆောင် ရေးလမ်းကြောင်းမှာ ၃ဝ ကျော် ၄ဝ နီးပါးအထိမြင့် တက်လျက်ရှိကြောင်း  ရန်ကုန်နာရေးကူညီမှုအသင်း (စီမံ/ အုပ်ချုပ်)မှ မဧရာမောင်မောင်က ဧပြီ ၂၂ ရက်က ပြောသည်။

Read more...

ထိုင်းနိုင်ငံ ဂျယ်လီစက်ရုံမှ မြန်မာလုပ်သား ၄ဝဝ ခန့် အခွင့်အရေးဆုံးရှုံးမှုအတွက် ဆန္ဒပြ အလုပ်ရှင်နှင့် အစိုးရတာဝန်ရှိသူများ နေ့ချင်းဖြေရှင်းပေး၊ ပြေလည်မှုရရှိ

ရန်ကုန်၊ ဧပြီ ၂၂

အချိန်ကာလကြာ မြင့်စွာ လုပ်အားခဖြတ်တောက်ခံရမှု နှင့် အလုပ်သမားအခွင့်အရေးဆုံး ရှုံးမှုများကြောင့် ထိုင်းကင်ဟီးဂျယ် လီစက်ရုံမှ မြန်မာလုပ်သားများ ဆန္ဒ ပြတောင်းဆိုခဲ့ရာ အလုပ်ရှင်နှင့် အစိုးရတာဝန်ရှိသူ များ နေ့ချင်း ဖြေရှင်းပေးပြီးနောက် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

Read more...
adv

adv

FacebookG+TwitterRSS