Main menu
HOT NEWS
adv

ရန်ကုန်ယာဉ်ကြောပိတ်ဆို့မှု အခက်အခဲကို တစ်နှစ်ခွဲကျော်အတွင်း ဖြေရှင်းနိုင်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို တစ်နှစ်ခွဲကျော်ကာလအတွင်း ဖြေရှင်းနိုင်မည်ဟု ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှ ဒေါက် တာဒေါ်ဖြူဖြူခိုင်က ပြောသည်။

Read more...

သင်္ကြန်ရုံးပိတ်ရက်များအတွင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်လိုပါက ဧပြီ ၈ရက် နောက်ဆုံးထား အချိန်ပိုလျှောက်ထားရမည်

ရန်ကုန်၊ ဧပြီ ၆

သင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများကို ဆောင်ရွက်လိုပါက ဧပြီ ၈ ရက်နောက်ဆုံးထား၍ အကောက်ခွန်ဦးစီးဌာနသို့ အချိန်ပိုလျှောက်ထားရ မည်ဖြစ်ကြောင်း သတင်းရရှိသည်။ အကောက်ခွန်ဦးစီးဌာနသည် သင်္ကြန်ကာလနှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပို့ကုန်၊သွင်းကုန်လုပ်ငန်းများကို ရုံးချုပ်၊ ဆိပ်ကမ်း၊ လေဆိပ် ကုန်လှောင်ရုံနှင့် စက်လှေ ဆိပ်ကမ်းများတွင် ဧပြီ ၁၁ ရက်နှင့် ၂ဝ ရက် နှစ်ရက်သာ နံနက် ၁ဝ နာရီမှ ညနေ ၃နာရီအထိဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ခြင်းကြောင့် ကျန်နှစ်သစ်ကူးရုံးပိတ်ရက် များအ တွင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်လိုပါက ဧပြီ ၈ ရက် နောက်ဆုံးထား၍ အကောက်ခွန်ဦးစီး ဌာနသို့ အချိန်ပိုလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

Read more...

သင်္ကြန်ကာလ နယ်စပ်ကုန်သွယ်ရေးစခန်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်

ရန်ကုန်၊ ဧပြီ ၆

သင်္ကြန်နှစ်သစ် ကူးခါတော်ရက်များအတွင်းနယ်စပ်   ကုန်သွယ်ရေးစခန်းအားလုံးကို ပုံမှန် အတိုင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။ သင်္ကြန်နှစ်သစ်ကူးခါတော်ရက်များအတွင်း ကုန်သည်များအ နေဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင်  အဆင်ပြေစေရန် နယ်စပ်ကုန်သွယ်မှုအများဆုံးပြုလုပ်လျက်ရှိသည့်မူ ဆယ်၊ မြဝ တီနယ်စပ်ကုန်သွယ်ရေးစခန်းများအပါအဝင် နယ်စပ်ကုန်သွယ်ရေးစခန်းများအားလုံးကိုပုံမှန် အတိုင်းဖွင့်လှစ်ပေးထားမည်ဖြစ်  ကြောင်း စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေးဝန် ကြီးဌာ မှသိရ သည်။

Read more...

ငြိမ်းချမ်းရေးမရဘဲ ဒီမိုကရေစီမရနိုင်ဘူးဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ပြော

မြန်မာနိုင်ငံတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာ ချုပ်(NCA) လက်မှတ်ရေးထိုးရန် လက် နက်ကိုင် အဖွဲ့တချို့ ကျန်ရှိနေသေး သည့် အတွက် ငြိမ်းချမ်းရေးမရဘဲ ဒီမို ကရေစီ မရနိုင်ဘူးဟု မန္တလေးတိုင်း ဒေ သကြီးဝန်ကြီးချုပ် ဒေါက်တာဇော် မြင့်မောင်က ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်း စိန်သည် ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက် တွင် တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် ကြိုး စားခဲ့သည်။
Read more...

ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် ယခင်အစိုးရလက်ထက်မှ ဌာနဆိုင်ရာ ဝန်ထမ်း ခြောက်ဦးပါဝင်

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးဌာနခြောက်ခုနှင့် ဝန်ကြီးအမည် စာရင်း များ အား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ဧပြီ ၄ရက်ကကန့်ကွက် သူမရှိ အတည်ပြုကြေညာခဲ့သည်။

ဧပြီ ၄ရက်ကကျင်းပသည့် ဒုတိယ အကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ် တော်သို့အဆိုပြုလွှာတင်သွင်းခဲ့ပြီး လွှတ် တော်ဥက္ကဋ္ဌမှ လွှတ်တော်ကိုယ်စားလှယ် များအားဖတ်ကြားပြခဲ့ပြီး လွှတ်တော် ၏အတည်ပြုချက် ရယူခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616