HOT NEWS
Main menu
adv

တရားမဝင်သစ်ထုတ်လုပ်ခြင်းကို တားဆီးနိုင်ရန်အတွက် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်သည့်စနစ်တစ်ခုကို တရားဝင်ခွင့်ပြုရန် လိုအပ်ဟုဆို

ရန်ကုန်၊ မတ် ၃၁

တရားမဝင်သစ်ထုတ်လုပ်ခြင်းကို တားဆီးနိုင်ရန်အတွက် ပြည်သူလူထုကိုယ်တိုင် ပူးပေါင်းပါဝင်နိုင်သည့် စနစ်တစ်ခုကို တရားဝင်ခွင့်ပြုဖို့လိုအပ်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးရေး အသင်းမှ ဥက္ကဋ္ဌဦးဝင်းမျိုးသူက အကြံပြုပြောကြားလိုက်သည်။ မြန်မာနိုင်ငံ၏သစ်တောများသည် ဆယ်စုနှစ်ပေါင်းများစွာကတည်းက တရားဝင်သစ်များကိုအလွန်အကျွံ ထုတ်ယူသုံးစွဲမှုများရှိခဲ့ရာ မှ နောက်ပိုင်းတွင် တရားမဝင်သစ်ထုတ်လုပ်မှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိလာရကြောင်း၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းအချို့၏ အကျင့်ပျက် ခြစားမှုများနှင့် တရားမဝင်သစ်ထုတ် လုပ်မှုများမှာ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း မတ် ၃ဝ ရက်က Summit Parkview Hotel တွင် ကျင်းပပြုလုပ်သည့် တရားမဝင်သစ်ကာကွယ်တားဆီးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ မှ ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

Read more...

ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ် မြို့တော်ခန်းမရှေ့တွင်တည်ဆောက်မည် ရန်ကုန်တိုင်းဒေသကြီးမဏ္ဍပ် သီးခြားထပ်မံ မဆောက်လုပ်တော့ဟုဆို

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သင်္ကြန်မဏ္ဍပ်နှင့် မြို့တော်ဝန်သင်္ကြန်မဏ္ဍပ် နှစ်ခုပေါင်း၍ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်အမည်ဖြင့် မြို့တော်ခန်းမရှေ့တွင်တည် ဆောက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမဏ္ဍပ်ကို သီးခြားထပ်မံဆောက် လုပ်မည်မဟုတ်ကြောင်းသိရသည်။

Read more...

အစိုးရသစ်သက်တမ်း ရက် ၁ဝဝအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းကို ဦးစားပေးပြုပြင်မည်ဟု ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး ပြော

ရန်ကုန်၊ မတ် ၃၁

အစိုးရသစ်သက် တမ်းကာလ ရက်ပေါင်း ၁ဝဝ အ တွင်း ရန်ကုန်-မန္တလေးအမြန်လမ်း မကြီးကို ဦးစားပေးအနေဖြင့် ပြု ပြင်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းခိုင်က ဒီမိုကရေစီတူဒေး သတင်းစာသို့ပြောကြားခဲ့သည်။မတ် ၃၁ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးတွင် ဒီမိုကရေစီတူဒေးသတင်းစာနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ် သည်။''ရက်ပေါင်း ၁ဝဝ အတွင်းမှာ ဆိုတာကတော့၊ ဆောက်လုပ်ရေးရဲ့ သဘောသဘာဝကတော့၊ ရက်ပေါင်း ၁ဝဝ ဆိုတာကတော့ လုပ်ငန်းတစ်ခု ကိုလုပ် ဖို့ တော်တော်လေးတော့ စိန် ခေါ်မှုဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော့်အနေနဲ့စဉ်းစားတာပေါ့။ ကျွန်တော်တို့ကလည်း ပြည်သူထဲ ကနေလာတဲ့ ပြည်ထောင်စုဝန်ကြီးပဲ ဖြစ်ပါတယ်။ ပြည် သူတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးမှာ ဘယ်လို ခံစားနေရလဲဆိုတဲ့အပိုင်းလေးတွေ ကို လေ့လာပြီးတော့ကြည့်တဲ့အခါမှာ ကျွန်တော်တို့ အမြန်လမ်းနဲ့ပတ် သက်လို့ကတော့ ပြည်သူ လူထုထဲမှာ စိုးရိမ်စိတ်တွေရှိတာပေါ့'' ဟု ပြည် ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြော သည်။

Read more...

ယခုနှစ်သင်္ကြန်ကာလတွင် တရားစခန်းဝင်မည့်သူများ အလွန်များပြား၍ တရားစခန်းအချို့တွင် လူပြည့်နေဟုဆို

ရန်ကုန်၊ မတ် ၃ဝ

သင်္ကြန်ကာလအတွင်း တရားဘာဝနာပွားများ အားထုတ်ရန်အတွက် တရားရိပ်သာများမှ စာရင်းစတင်လက်ခံနေပြီ ဖြစ်ပြီး အချို့ရိပ်သာများမှာ ယခုအချိန် တွင်ပင်ဝင်ရောက်သူ လူဦးရေပြည့် သွားပြီဖြစ်ကြောင်း တရားစခန်းအချို့မှ သိရသည်။ သင်္ကြန်ကာလအတွင်း ယခုကဲ့ သို့ တရားစခန်းဝင်ရောက်ခြင်း များ ပြားရခြင်းမှာ ရုံးပိတ်ရက်ရှည်ရသူ ဝန်ထမ်းများအတွက် ပိုမိုအဆင်ပြေ ၍လည်းကောင်း၊ တရားစခန်းဝင် ရောက်သူများမှာလည်း ယခင်နှစ် ထက် ပိုမိုများလာခြင်းကြောင့်လည်း ကောင်းဖြစ်သည်ဟု ဓမ္မဇောတိ ဝိပဿနာရိပ်သာ(ရန်ကုန်)စီမံရေးရာ မှတာဝန်ရှိသူ မဝါဝါခိုင်က ပြောသည်။

Read more...

လယ်ယာကဏ္ဍ ကုန်ကျစရိတ်လျှော့ချရေး အစိုးရသစ်ထံ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အကြံပေးမည်

ရန်ကုန်၊ မတ် ၃ဝ

လယ်ယာကဏ္ဍအသီးသီး၏ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချသွားနိုင်ရန် အစိုးရသစ်လက်ထက်တွင် လိုအပ်သည့်အကြံ ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်မှ သိရှိရ သည်။  မြန်မာနိုင်ငံရှိ လယ်ယာကဏ္ဍအသီးသီး၏ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချသွားနိုင်ရန် လက်ရှိအစိုးရထံသို့ စပါးမျိုးကောင်းများ စိုက်ပျိုးရေး၊ ကုန်ထုတ်လမ်းကောင်း မွန်ရေး၊ စိုက် ပျိုးရေးအခြေခံအဆောက် အအုံတည်ဆောက်ရေးစသည့် အချက်များအား တင်ပြခဲ့ဖူးကြောင်း မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းထံမှ သိရသည်။ ''တောင် သူတွေမှာဝန်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ကြေွးမြီတွေနဲ့ အတိုးနှုန်း ကြီးမားမှုတွေကို ဖြေလျှော့ပေးမယ်ဆိုရင် ထုတ်လုပ်မှုစရိတ်တွေလျှော့ချသွားမယ်ဆိုတာ အကြံပြုသွားမယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။   

Read more...
adv

adv

FacebookG+TwitterRSS