HOT NEWS
Main menu

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်ထားရန် မိုးဇလသတိပေးထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၅

မိုးကြိုနှင့် မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်တွင်း လေဖိအားနည်းရပ်ဝန်းသုံးကြိမ် ဖြစ်ပေါ်ပြီး ဆိုင်ကလုန်းမုန်တိုင်း တစ်ကြိမ်ဖြစ်ပေါ်လာနိုင်ကြောင်း  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိ ပေး ပြောကြားလိုက်သည်။ ယင်းကို ဧပြီ ၂၅ ရက်တွင်ထုတ် ပြန်သည့် ၂ဝ၁၆ ခုနှစ် မိုးဦးကာလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များတွင်လည်း ထည့် သွင်း ဖော်ပြထားပြီး အဆိုပါခန့်မှန်းချက်တွင် ဖော်ပြချက်များအရ ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ် ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် တစ်ကြိမ်နှင့် ဆိုင်က လုန်းမုန်တိုင်းတစ်ကြိမ် ဖြစ်ပေါ်နိုင် ကြောင်း၊ ယင်းကာလအတွင်း အ နောက်တောင်မုတ်သုံလေသည် အင် အား အသင့်အတင့်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

Read more...

လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း သင်ခန်းစာများကို အခန်းကုန်သင်ကြားမှသာ ၂ဝ၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အောင်မြင်စွာဖြေဆိုနိုင်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၄

လာမည့်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့်၌ သင်ခန်းစာများကို အခန်းကုန် သင်ကြားမှသာ ၂ဝ၁၇တွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အောင် မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း သိရသည်။ပညာရေးဝန်ကြီးဌာနမှ လာမည့်ပညာသင်နှစ်ဖြစ်သော၂ဝ၁၆-၁၇ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအဆင့် စာမေးပွဲမေးခွန်းပုံစံကို ပြောင်းလဲရန်အတွက် အကြမ်းဖျင်း ညွှန်ကြားချက် ထားရှိရာ အဆိုပါညွှန်ကြားချက်အရ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ အားသင်ကြားရာတွင် သင်ခန်းစာများကို အစအဆုံးသင်ကြားနိုင်မှသာ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ ကို အောင်မြင်စွာဖြေဆိုနိုင် မည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်း ပုံစံသည် တွေးခေါ်စဉ်းစားသည့်အ ပိုင်းကိုမူတည်ပြီး မေးမြန်းသည့်မေး ခွန်းပုံစံအဖြစ် ပြောင်းလဲမည်ဖြစ် ကြောင်း တိုင်းဒေသကြီးပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

Read more...

လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီးပွားကူးသန်းသို့တင်ပြထား

ရန်ကုန်၊ ဧပြီ ၂၄

တောင်သူများစိုက်ပျိုးရေးစရိတ်ချေးငွေ ပိုမိုရရှိစေရန် လယ်ယာစိုက်ပျိုးဖွံ့ဖြိုးရေးဘဏ်အား အများပိုင်ဘဏ်အဖြစ်ပြောင်းလဲရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ တင်ပြထား ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအ သင်းချုပ်မှသိရသည်။ ''စိုက်ဘဏ်ကနေ တောင်သူ တွေကို ချေးငွေပိုထုတ်ပေးဖို့အတွက် လောလောဆယ်မှာ ငွေမလုံလောက်ဘူးလို့ပြောတယ်။ အဲ့ဒါကြောင့် စိုက် ဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်း လဲဖို့အတွက် ကျွန်တော်တို့က အကြံပြုထားတယ်''ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Read more...

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တစ်နေရာတည်းတွင် စုဖွဲ့လုပ်ကိုင်မည့် Tourism Park ကို ရန်ကုန်မြို့တွင် ဖော်ဆောင်မည်

ရန်ကုန် ဧပြီ ၂၄

ဟိုတယ်နှင့်ခရီး သွားလာရေးဆိုင်ရာလုပ်ငန်းများကို တစ်နေရာတည်းတွင် လုပ်ကိုင်နိုင်မည့် Tourism Park ကို ရန်ကုန်မြို့တွင် ယခုနှစ်အတွင်း စတင်အ ကောင်အထည်ဖော်နိုင်ရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှဥက္ကဋ္ဌ ဦးရန်ဝင်း က ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှဥက္ကဋ္ဌဦးရန်ဝင်းက ' Tourism Park ဆိုတာ က  MICT Park လို အဆောက်အအုံ မျိုးဆောက် မှာကိုပြောတာ။ ရန်ကုန်မှာကခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေကို တစ်နေရာတည်းမှာ စုစည်းဆောင်ရွက်နိုင်တဲ့ နေရာမရှိ သေးဘူး''ဟု ဧပြီ ၂၄ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

Read more...

တရုတ်ရဲအလိုရှိနေသော တရုတ်နိုင်ငံသား တရားခံပြေးတစ်ဦးကို ကျောက်တံတားမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၂၄

တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ အလိုရှိနေသော တရားခံ ပြေးတရုတ်နိုင်ငံသားတစ်ဦးကို ကျောက်တံတားမြို့နယ်တွင် ဧပြီ ၂၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ အဆိုပါ တရုတ်နိုင်ငံ သားသည် အသက် ၄ဝ ခန့်ရှိပြီး တရုတ်နိုင်ငံတွင် ပြစ်မှုကျူးလွန်ကာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ချိတ်ဆက်အကူအ ညီတောင်းခံရာမှ ရန်ကုန် တိုင်းဒေသကြီး၊ ကျောက်တံတားမြို့ နယ်ရှိ ဟိုတယ်တစ်ခုတွင် ဧပြီ ၂၃ ရက် က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS